မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ကဗျာ

ရာမည ၉၆ ပြည်

ဥက္ကာမွန် / ဇွန် ၁၃ ၊ ၂၀၀၈

 

၃၂ သုံးလီ ၉၆ ပြည်
ရွှေတိဂုံစေတီ
ရွှေပြည်လိုဝင်းလို့
တို့ဟံသာမြေ
တမ်းတရပါလေ။

ဟံသာဝတီအဆုံး
သထုံအစ
မြို့ပြနိုင်ငံ
နန်းတော်အပြည့်
တွေ့ရပါလေ ရာမညမြေ။

ကမ္မာဆိုး ၁၁၁၉ မှာ
မဟာလူမျိုးကြောင့်
နန်းပျောက်ခဲ့ရသည်
ဤနေ့အဖြစ်အပျက်
တသက်မေ့မရပါလေ ရာမညမြေ။

သထုံရဲ့သာသနာ
ဟံသာဝတီရဲ့နှလုံးအိမ်
ပုသိမ်ရဲ့မှတ်တိုင်
ရာမညသားတိုင်း
ပြန်လည် ပိုင်ဆိုင် (နေထိုင်) နိုင်ပါစေ တို့ရာမညမြေ။

 

ဥက္ကာမွန်
၁၃၊ ၆ ၊ ၂၀၀၈။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.