မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


သူ

မင်းတလပွန်း / ဖေဖော်ဝါရီ ၁၉၊ ၂၀၀၈


သူ့အမည်နာမ ကြားခါစကတဲ
ရင်ထဲလှိုက်ဖို မောရသည်။

သူနဲ့သိစ စကားစဖွေရှာ
ပြောမိကြာသော် ရင်မှာတွယ်ငြိ
စွဲကျန်ရှိသွား။

သူနဲ့စကားစပ် ရောက်တတ်ရာရာ
မိဖမောင်သား ဆွေမျိုးများမကျန်
ပြောကြပြန်လဲ ရင်ထဲခံစား
မျှဝေသွား။

ကျောင်းရေးစာရာ ဆွေးနွေးခါလဲ
လိုတာဖေးမ ကြံဆတူမှန်။

အဖွဲ့စည်းရေး မျိုးသားရေးနဲ့
မိသားစုရေး ဆွေးနွေးကြပြန်။

ဟိုအရေး ဒီတာဝန်
ကျေပွန်အောင်ထမ်းဆောင်ကြ
ဘဝမှာ မွန်တွေ ကောင်းဖို့နော်။

အော် ဘာလိုလိုနဲ့ တို့တွေ
သိခဲ့ကြတာကြာပြီကော။


 

 

မင်းတလပွန်
၃၀၊ ၁၊ ၂၀၀၈။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.