ကဗျာ
ချမ်းသစ္စာအောင်(ဗဟိုစည်းရုံးရေးဌာန) / ဇူလိုင် ၇ ၊ ၂၀၀၈
စွန့်စားမယ်ကြံလိုက်တာနဲ့
ကလေးငိုသံ ညှိုးနွမ်းတဟန် အိမ့်သူမျက်နှာ
မသာယာကွင်းနဲ့ ဆွံ့အခြင်းကရင်ထဲ
မက်စွဲကြတဲ့ခေတ်ရဲ့စံပျော်ရာ
ဖက်ခွာသွားရမယ်ဆိုတော့ အခက်သား။
နောက်ကို ပြန်လှည့်ကြည့်လိုက်တော့
အနီရောင်ဆိုင်းဘုတ်တွေနဲ့ မြေတလင်း
ထင်းထင်းပေါ်နေတာက အသိမ်းခံလိုင်စင်မဲ့ယာဉ်
ထုံးဖြူဖြူအရောင်တင်ထားတဲ့ခြံစည်းရိုး
ဘယ်တော့ကျိုးမှာလဲတာ မမေးတော့ပါ။
အနောက်ကိုထားခဲ့ ရှေ့ကိုအသွားမှာ
“ဒေါ်လာ” မြည်နေတဲ့ဖုန်းခေါ်သံ
ရင်းဂစ်နဲ့ဘတ်လဲသံများ
အသံတွေကနောက်ပြန်ဆွဲ လှမ်းနေဆဲခြေလှမ်းကယိမ်းယိုင်
ဒွိဟမှတ်တိုင်မှာ တဝဲလည်လည်။
|