ကဗျာ
မင်းစန်းထက် (ဒူးယား) / ဇွန် ၂၃၊ ၂၀၀၈
ကလေးတွေ
ငိုကြွေးကြေကွဲ မိကွဲဖကွာ
ဘဝနာကြ။
မိန်ကလေးတွေ
သစ်စိမ်းချိုးချွေ ပန်းဦးကြွေလို့
သတ်သေခဲ့ကြ မနည်းလှ။
တတောင့်တနေရာမှာတော့
အမိန်နာခံ သွေးလိမ်းကျံရဲဘော်
နိုင်ငံတော်အတွက်
အမျိုးသားအတွက်
ရှေ့ဆက်ချီနေ။
နေ့နဲ့ပိုင်းခြား
အမှောင်းထုကြားမှာ
တရားသောစစ် လေဟာနယ်ဖြစ်ခဲ့
အပစ်အခတ်ရပ်စဲရေးတဲ့လားကွယ်။
အကြောင်းတရားကြောင့်
လူတစုံတယောက်ကြောင့်
နောက်တော့အကြောင်းအဖုံဖုံနဲ့
ဇာတ်ခုံတွေကလှန့်နှိုး တံပိုးခရာမှုတ်
ညနိဂုံးချုပ်ခဲ့ပြီ။
ရွေးစရာလမ်းကုန်
တုန်ရီတွေဝေဖို့ အခြေခံမရှိ
အောင်ပွဲထိစုစည်း
တော်လှန်မီးငြီးငြီးထိန်။
|