ကဗျာ
အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း |
မင်းစောနွယ် / ဇွန် ၂၃၊ ၂၀၀၈
ဂလိုဘယ်ဖြစ်စဉ်မှာ
ဘယ်လိုစနစ်တွေထွင်ပြီး
လိုအင်ဖြည့်ဆည်းရမှာလဲ - - - ။
တော်ဖလာရဲ့လှိုင်းအောက်မှာ
ငါ ပျောက်နေတာ ကြာပြီး
ဖရီးမင်းရဲ့ အပြားကမ္ဘာလည်း
ငါ့ကို ရှောင်လွှဲသွားခဲ့ပြီး
လာရာဦးတည်ချက်မှန်သမျှ
အစွမ်းအစများနဲ့အားပြိုင်နေကြပြီး - - - ။
ဘယ်အရာကိုမှ မမီလိုက်တဲ့ငါ
မမီတာကိုပဲ အိုင်ဒီယာပြ
မာနကို ရွှေချသနေတာက
အလိုဆန္ဒတခု မဟုတ်လား - - - ။
ဘယ်အဖျားမှ အခတ်မခံရတဲ့ငါ
အရွယ်အစားအရ မရပ်တည်နိုင်တဲ့ငါ
ကမ္ဘာအပိုင်းအစတခုအောက်
ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်ရင်မှ
ဒြပ်မဲ့ရုပ်ကြွင်းတော့ ဖြစ်မှာပါ - - - ။
|