မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--> Kaowao burmese version


 

ဘုရားသုံးဆူ မယက ဥက္ကဋ္ဌ သေနတ်ပစ်ခံရ

Kaowao/ နိုဝင်ဘာ၂၈၊ ၂၀၀၇

ဘုရားသုံးဆူ မယက ဥက္ကဋ္ဌ ဥ႘းသန်းဝင်း ဒ႘နေ့ညနေ(၇)နာရ႘မှာ သူ့၏နေအိမ်တွင် သေနတ်ပစ်သတ်ခံရပြီး သေနတ်ဒဏ်ရာ (၂)ချက် ထိမှတ်ကာ ထိုင်းဘက်ကမ်း ကာန်ချနပူရ႘ဆေးရုံသို့ ပို့ဆောင်ထားရသည်၊

ဒဏ်ရာမှာ ညာဘက်ပုခုံးတွင်တစ်ချက်၊ ဘယ်ဘက်ပုခုံးအောက်နားတွင်တစ်ခု ထိမှတ်၍ သူ့၏အခြေအနေ မကောင်းကြောင်း ဘုရားသုံးဆူမြို့ ရဲဝန်ထမ်းအသိုင်းအဝိုင်းမှလာသောသတင်းအရ သိရသည်။

သေနတ်ပစ်သတ်ခံရချိန်တွင် သူ့မိန်းမ ဒေါ်တင်တင်ဝင်းလည်း အနားတွင်ရှိနေပြီး သေနတ်သမားသည် မော်တော်ဆိုင်ကယ် စ႘းကာ ပေ(၂၀)ခန့်မှ လာရောက်ပစ်သတ်ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးက ပြောသည်။


သေနတ်သမားကို ဖမ်းဆီးနိုင်ရန်အတွက် မြို့ပေါ်အာဏာပိုင်များက တိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းများကိုလည်း အကြောင်းကြာထားကြောင်း အပစ်ရပ်အဖွဲ့တစ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။


ဘုရားသုံးဆူဆေးရုံတွင် ဦးတင်ဝင်း၏သေနတ်ဒဏ်ရာတစ်ချက်ကို ထုတ်ယူနိုင်ခဲ့သော်လည်း ကျန်ဒဏ်ရာတစ်ချက်ကို ထုတ်ယူရန် ကာန် ချနပူရီဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


အသက်(၅၀)ရှိ ဦးတင်ဝင်းသည် ဘုရားသုံးဆူမြို့ မယက ဥက္ကဋ္ဌရာထူးကို ဒုတိယအကြိမ်အဖြစ် (၂၀၀၆)ခုနှစ်မှ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.