သတင်း
မုန်တိုင်းဘေးသင့်အမျိုးသမီးများ၏ကျန်းမာရေးနှင့်အကာအကွယ်ရရှိရေးကို အာမခံရမည် ဟု ယူအန်အက်ဖ်ပီအေ ပြော
|
Kaowao: ဇူလိုင် ၊၁၀၊၂၀၀၈
ကုလသမဂ္ဂရုံး၊ နယူးယောက်မြို.။ ။ မြန်မာနိုင်ငံဟာ ဆိုင်ကလုန်းနာဂစ်မုန်တိုင်းဒဏ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အမျိုးသမီးများအတွက် အသက်ကယ်တင်စောင့်ရှောက်ရေးကို အရေးကြီးသော လိုအပ်ချက်တစ်ခုအဖြစ် ကျန်ရှိနေ ဆဲ ဟု ဒီကနေ့ လှူဒါန်းပူးပေါင်းတောင်းဆိုရေးတွင် ကုလသမဂ္ဂလူဦးရေရန်ပုံအဖွဲ့(ယူအန်အက်ဖ်ပီအေ)က ထပ်လောင်း ပြောကြားပါသည်။
ယူအန်အက်ဖ်ပီအေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်များ လုံခြုံစွာ ကလေးမွေးနိုင်ရေးနှင့် အခြားသော အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အကာအကွယ်ရရှိရေးအတွက် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ (၇)သန်း ရှာဖွေနေသည်။ ၎င်းတို့တောင်းဆိုထားသောအကူအညီသည် ဆိုင်ကလုန်မုန်တိုင်းဒဏ်ခံခဲ့ရသော လူပေါင်း (၂၃) သန်း၏ ဘဝများနှင့် လူအဖွဲ့အစည်းများ ပြန်လည်တည်ဆောက်ပေးရေးအတွက် ကုလသမဂ္ဂ၏အလှူငွေ ရရှိရေးမေတ္တာရပ် ခံချက်ကို ပြန်လည်စဉ်းစားထားသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို အနှော့င်အယှက်ပေးသွားသောမုန်တိုင်းကြောင့် ထောင်နှင့်ချီသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဒုက္ခရောက်ခဲ့ကြရသည်။ တစ်လအတွင်း ကလေးစုစုပေါင်း ၄၄၀၀ ယောက် မွေးဖွားပြီး ၄၄၀ ယောက်လောက်က ခက်ခက်ခဲခဲဖြင့် မွေးရခြင်း နှင့် ၂၂၀ ယောက်လောက်က အသက်လုမွေးဖွားပေးခဲ့ရခြင်း (သေဆုံးနေ သော မိခင်ဗိုက်ကနေဆွဲထုတ်မွေးပေးခြင်း) ရှိသည် ဟု ယူအန်အက်ဖ်ပီအေ က ခန့်မှန်းသည်။
ယူအန်အက်ဖ်ပီအနေနဲ့ အမျိုးသမီးများအတွက် အခြေခံသုံးပစ္စည်းများနှင့် အိမ်တွင် ပိုမိုလွယ်ကူအောင် ကလေးမွေးဖွား နိုင်ရေးအတွက် ထောင်နှင့်ချီသော သီးသန့်စီစဉ်ပေးထားသောအထုပ်လိုက်ပစ္စည်းများကို မုန်တိုင်းဘေးသင့်မြို့နယ်များရှိ ကျန်းမာရေးဌာနတွေဆီ ထောက်ပံ့ပေးနေပါသည်။
ရပ်ဝေးရွာဝေးဒေသများတွင် ကလေးမိခင်ဆိုင်ရာစောင့်ရှောက်ပေးမည့်ဆေးခန်ငယ်များဖွင့်နိုင်ရေးအတွက် ဆရာဝန်တွေကို စုဆောင်းနေပြီး ကလေးမွေးမည့်မိခင်များအတွက် ဆေးရုံသို့ အလွယ်တကူ ရောက်ရှိနိုင်ရေးအတွက် အဆင်သင့် စောင့်နေ သော ဌာနများကိုလည်း ဖွင့်ထားပါသည်။
ရန်ပုံငွေဟာ မိခင်များအသက်ရှင်နိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီမကူးစက်ရေးနှင့် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုကာကွယ်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေသော အဖွဲ့အစည်းအသီးသီးမှ ဆေးအလုပ်သားများကိုလည်း သင်တန်းပို့ချရန် ရှိပါသည်။
ဆေးရုံဆေးခန်းများတွင် ပျက်စီးနေသောကလေးမွေးဖွားအခန်းများ ပြန်လည်တည်ဆောက်ရေးနှင့်ကျန်းမာရေး လုပ်ငန်း များ ပြန်လည်မွမ်းမံတိုးချဲ့ရေးအတွက် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဖို့ အစီအစဉ်များလည်း ရှိသည်။
ယူအန်အက်ဖ်အနေဖြင့် အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆိုင်ကလုန်းကြောင့် ပူဆွေးသောကပရိဒေဝရောက်နေသော အမျိုးသမီးများအတွက် ဆွေးနွေးတိုင်ပင်ပေးရန် နှင့် ကျရောက်ခဲ့သော ဘေးဒုက္ခကြီးများကြောင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်နေသောအမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခေါင်းပုံဖြတ်စားမှုနှင့် အနိုင်ကျင့်မှုတွေကို ကာကွယ် ပေးဖို့ လုပ်ဆောင်ချက်များကိုလည်း ရည်ရွယ်ထားပါသည်။
မင်းကာန်စီ ဘာသာပြန်သည်။
Myanmar Recovery Must Ensure Women's Health and Protection, UNFPA Says ကို ဘာသာပြန်ထားသည်။
|