မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


သတင်း

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သမားများ၏ အခွင့်အရေးအတွက် လူ့အခွင့်ရေးအဖွဲ့များက တိုက်ပွဲဝင်

Kaowao: ဇွန်၊ ၂၅၊၂၀၀၈

မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားအား ပိုပြီးအကာအကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့များက ထိုင်အစိုးရ အပေါ် ဖိအားပေးတိုက်ပွဲဝင်နေကြပါသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများ၏ ၇၅ ရာခိုင်းနှုန်းလောက်ဟာ မြန်မာနိုင်ငံသားများဖြစ်ပြီး ဆိုင်ကလုန်း မုန်တိုင်းဘေးကြောင့် ထိုဂဏန်းထက် ပိုများလာနိုင်မယ်လို့ လူ့အခွင့်အရေး အဖွဲ့များက ပြောပါသည်။

အလုပ်သမားများ၏ ခေါင်းပုံဖြတ်စားခံရမှုကို အသိအမှတ်ပြုထားပြီး လူကုန်ကူးမှုကို ဆန့်ကျင်ထားသော ဥပဒေ အသစ် တစ်ရပ်ကို ထိုင်းအစိုးရက ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်ပါသည်။

သို့သော်လည်းဘဲ တိုက်ပွဲဝင်သူများအနေနဲ့ လည်းကောင်း ဥပဒေအသစ်ဟာ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံ အခွင့်အရေးများအတွက် လုံလောက်မှုမရှိမှာကို စိုးရိမ်ကြပြီး ဒီထက် လုပ်စရာအများကြီးရှိနေသေးကြောင်း ဖော်ပြ ထားသည်။

အလုပ်သမားများသည် အလုပ်အမျိုး ပေါင်းစုံလုပ်ကြပြီး ဘန်ကောက်ဆိပ်ကမ်းမှာ ငါးထည့် ငါးရွေးအလုပ်များလည်း ပါဝင်သည်။

နှုတ်ဖြင့်ကန်ထရိုက်ခံခြင်း မြန်မာနိုင်ငံမှ အခြားအလုပ်သမားများနည်းတူ လှေဆင်းငါးဖမ်း အလုပ်သမားများကလည်း အလုပ်သမားအခွင့်အရေးမရှိ၊ အကာအကွယ်မရှိ၊ ကန်ထရိုက်မရှိတဲ့အခြေအနေအောက်မှာ အလုပ် လုပ်နေကြရပါသည်။

သူတို့အားလုံးဟာ တလကိုဘတ်ငွေ ၆၀၀၀ ပေးမည်ဟု အလုပ်ရှင်တို့က နှုတ်ဖြင့် သဘောတူထားပါသည်။

”ကျနော်တို့ငါးများ သယ်ချနေသည့်အချိန်မှာ လှေပိုင်ရှင်က ကျနော်တို့ကို ဟောက်တယ်၊ ဖိနှိပ်တယ်၊ အဲဒီလိုမျိုး အလုပ် လုပ်နေရတာဆိုတော့ ခက်တာပေါ့..”လို. AJAZEERA အယ်ဂျားဇီးယားသတင်းဌာနအား ကိုမျိုးချစ်က ပြောပြသည်။

အလုပ်သမားအခွင့်အရေးအဖွဲ့များ၏ လေ့လာချက်အရ လှေဆင်းငါးဖမ်းအလုပ်သားများသည် တစ်နေ့ကို ၁၂ နာရီကျော်၊ တစ်ပတ်ကို ၇ ရက်လုံးလုံး အလုပ်လုပ်နေရကြောင်း ပြောပါသည်။

ထိုင်း ငါးထုတ်စက်ရုံအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရရှိနေပေမဲ့ လှေဆင်း ငါးဖမ်းအလုပ်သားများအတွက် လခမှန်မှန် မရရှိကြပါ။

သို့သော်ငြားလည်း ငါးဖမ်းလုပ်သားများသည် မြန်မာပြည်ကို ပြန်သွားရပြီး စစ်အာဏာရှင်အောက်မှာ နေရမှာကို စိုးရိမ် ကြောက်ကြပြီး လခအနိမ့်စားနှင့် အဆင်ပြေအောင် အလုပ်လုပ်နေရကြောင်း သူတို့ပြောပြပါသည်။

အကာအကွယ်မဲ့စွာ အများထင်မြင်ချက်အရ ထိုင်းနိုင်ငံမှာ နေထိုင်ရသည့်ဘဝဟာ နည်းနည်းအဆင်ပြေတယ်လို့ ပြောပါ သည်။ သူတို့ အများစုဟာ ဘာမှသက်သေအထောက်အထားမရှိဘဲ လူမှောင်ခိုပွဲစားများမှတဆင့် ရောက်ရှိလာကြပါသည်။

ထိုင်းအစိုးရအနေနဲ့ သူတို့ကို တရားမဝင်ရွှေ့ပြောင်းလာသူများအဖြစ် သတ်မှတ်ပြီး အလုပ်ရှင်တစ်ချို့ကတော့ သူတို့ကို ခေါင်းပုံဖြတ်စားဖို့ စဉ်းစားပါသည်။

သူတို့တတွေဟာ အလုပ်ရုံအထဲမှာဘဲ နေခိုင်းပြီး အပြင်ထွက် ခွင့်မပြုထားပါဘူး၊ မိန်ကလေးငယ်များအတွက် ကျတော့ သူတို့၏သူဌေးများက အကြပ်ကိုင်ပြီး လိင်ဆက်ဆံမှု ခံရတာလဲရှိကြောင်း အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်နေသူ ဂျာယာ လက်ယဉ်ပရာစတ် Junya Lek Yimprasert က ပြောပါသည်။

အလုပ်သမားများက အကယ်၍ အလုပ်ထဲမှာ ဒဏ်ရာထိခိုက်ရရှိမှု သို့မဟုတ် အလုပ်ပြုတ်ခံရမှု ဖြစ်သွားရင်လဲ ဥပဒေအရ တိုင်ကြားခွင့်မရှိပါ။ မသစ်ဆိုတဲ့အမျိုးသမီး တစ်ယောက်က အလုပ်မှာ မတော်တဆ လက်တစ်ဖက်ပြတ်သွားပြီး လျော်ကြေး ငွေ ပြန်ရဖို့အတွက် မျော်လင့်ချက်အနည်းငယ်သာ ထားနိုင်ကြောင်း သိရသည်။

မသစ်သည် သူမဘဝကောင်းစားရေးအတွက် မြန်မာနိုင်ငံမှ ထွက်လာပြီး မာခ်ျလပိုင်မှာ သူမအလုပ်လုပ်တဲ့အလုပ်ရုံမှာ မတော်တဆ လက်တစ်ဖက်ပြတ်သွားပါသည်။

" ကျမ လက်တစ်ဖက်နဲ့ဆို အလုပ်လုပ်လို့မရပါဘူး၊ မြန်မာပြည်ကိုပြန်ဖို့ ကျမယောက်ျားက ပြောတယ်၊ ဒါပေမဲ့ သူဌေးက လျော်ကြေးငွေမပေးလို့ မြန်မာပြည်ကိုပြန်ဖို့ ကျမ မတတ်နိုင်ပါဘူး"လို့ မသစ်က အဇျာဇီရာ သတင်းဌာနအား ပြောကြားသည်။

သူမ လျော်ကြေးငွေပြန်ရဖို့ Thai Labour Rights Protection Network ဟု ခေါ်သော ထိုင်းအလုပ်သမားကာကွယ်ရေး ကွန်ယက်အဖွဲ့က တိုက်ပွဲဝင်ပေးနေသည်။ သို့သော် သူမက တရားမဝင်နေထိုင်သူ တစ်ယောက် ဖြစ်သောကြောင့် သူမ သူဌေးက တစ်စုံတစ်ရာပေးရန် ငြင်းဆန်လျှက်ရှိသည်။

လူမှောင်ခိုးတင်သွင်းမှုကိုဆန့်ကျင်ထားသောဥပဒေ မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် အခြခံအခွင့်အရးများရရှိရန် ထိုင်းအစိုးရအနေနဲ့ ကြိုးပမ်းနေကြောင်း ပြောပါသည်။ လူမှောင်ခိုတင်သွင်းမှုကို ဆန့်ကျင်ထားပြီး အလုပ်သမားတွေအပေါ် မတရားပြုမူဆက်ဆံခံရမှုကို အသိအမှတ်ပြုထားသော ဥပဒေအသစ်တစ်ရပ်ကို ထုတ်ပြန်ထားပါသည်။

" သက်သေအထောက်အထားမရှိသောအလုပ်သမားများကို လိုက်လံရှာဖွေပြီး မှတ်ပုံတင်လုပ်ပေးဖို့ အလုပ်သမား ဝန်းကြီး ဌာနကို ကျနော်တို့ပြောထားပါတယ်.”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နပ်ဖဒွန်ပထမ က ပြောပါသည်။

" ထိုင်းအလုပ်သမားများကို အကာအကွယ်ပေးတဲ့နည်းတူ မြန်မာအလုပ်သမားများကိုလည်း ကျနော်တို့ အကာအကွယ်ပေး ရမှာပါဘဲ..” လို့ သူက ဆက်ပြောပါသည်။

လူအခွင့်အရေးအဖွဲ့များသည် ထိုင်းရဲများ၏မကြာခဏ လာဘ်စားမှုများကြောင့် ဥပဒေ မလိုက်နာမှာကို စိုးရိမ်ကြပါသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်ပြီးနောက်ပိုင်း လူတွေအများအပြာ ထွက်ပြေးလာတာကြောင့် ထိုင်းအလုပ်ရှင်အများစုက ခေါင်းပုံဖြတ်စားဖို့ အဆင်သင့်ဖြစ်နေကြပါသည်။

ဘာသာပြန်သူ

မင်းကာန်စီ



:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.