မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


သတင်း

ဟံသာဝတီ ပျက်သုဉ်းနေ့ (သို့မဟုတ်) ဖို့ဝိန်းမြို့မှ ကြွေးကြော်သံ

Kaowao: မေ၂၉၊၂၀၀၈
HFD-Protestဟံသာဝတီပျက်သုဉ်းနေ့အထိမ်းအမှတ်အဖြစ် အမေရိကန်ရောက် မွန်လူမျိုးများ ညီညွတ်စွာဖြင့် ဆန္ဒပြခဲ့ကြောင်း သိရပါသည်။ မေလ ၂၆ ရက်နေ့တွင် ဖို့ဝိန်းမြို့လယ်တရားရုံးရှေ့၌ မွန်အမျိုးသားပေါင်း(၁၃၀)ကျော် ဆန္ဒပြကာ မွန်အမျိုးသားရေးအတွက် ကြွေးကြော်ခဲ့ပါသည်။

မွန်လူမျိုးတို့ထီးနန်းကြငှန်းဖြင့် လွတ်လပ်သောမွန်တိုင်းပြည်ရှိခဲ့၊ ကောင်းစားခဲ့သည်များကို မမေ့ရလေအောင် ဆရာတော်သံဃာတော်များအပါအဝင် မွန်လူမျိုးထောင်သောင်းတို့ အသတ်ခံခဲ့ရ၊ အရှင်လတ်လတ် မီးရှို့ခံခဲ့ရသည်များကို နှောင်းလူမွန်အမျိုးသားတို့သိရလေအောင် မွန်လူမျိုးတို့ဘယ်နေရာရောက်ရောက် မွန်အမျိုးသားလွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်တောင်းဆိုကြရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖို့ဝိန်းရောက် မွန်အမျိုးသားတို့စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

HFD-Protestမနက်ပိုင်းအချိန်တွင် ဗုဒ္ဓဘာသာမွန်ကျောင်း၌ ဒါနသီလကုသိုလ်ပြုကြပြီး မွန်ထီးနန်းပျက်ချိန်၌ အသက်စတေးခံခဲ့ကြရသောမွန်လူမျိုးများ၊ ရဟန်းသံဃာတော်များအား ကောင်းမှုပြုအမျှဝေရေစက်ချခဲ့ပါသည်။

“မွန်လူမျိုးတို့စုစည်းညီညွတ်မှု မရှိခဲ့လို့၊ တစ်ယောက်နဲ့တစ်ယောက် မာနထားခဲ့ကြလို့ မွန်တိုင်းပြည်လည်း အသိမ်းခံခဲ့ရ၊ မွန်လူမျိုးတို့လည်း ကျွန်ဖြစ်ခဲ့ရတာတွေကို သင်ခန်းစာရယူကြပါ” ဆရာတော်အရှင်ရာဝိက သြဝါဒပေးမိန့်ကြားခဲ့သည်။ ကြေကွဲဖွယ်ရာအတိတ်ဖြစ်ရပ်ကို အောက်မေ့သောအားဖြင့် (၃)မိနေတ်တိတိ ငြိမ်သက်စွာဖြင့် အာရုံပြုခဲ့ကြသည်။

မွန်းလွဲပိုင်း တစ်နာရီခွဲအချိန်တွင် မြို့လယ်သို့ ချီတက်ခဲ့ကြသည်။ အစီအစဉ်အတိုင်း နေရာချကာ အခမ်းအနားဖွင့်လှစ်ပြီး ဟံသာဝတီပျက်သုဉ်းနေ့ကြေငြာချက်ကို မွန်ဘာသာ၊ အင်္ဂလိက်ဘာသာတို့ဖြင့် ဖတ်ကြားခဲ့ကြသည်။ ယင်း မေလ ၂၆ ရက်နေ့သည် အမေရိကန်လူမျိုးတို့၏စစ်မှုထမ်းဟောင်း အထိမ်းအမှတ်နေ့ (Memorial Day)နှင့်လည်း တိုက်ဆိုင်နေသဖြင့် မြို့လယ်ကို ဖြတ်ကျော်သွားသူ များပြားပြီး ကြေငြာချက်ကိုလည်း ဝေငှခဲ့ကြသည်။


မွန်ဘာသာကြေငြာချက်ကို နိုင်ချမ်းနိုင်က ဖတ်ကြားခဲ့ပြီး မိစိုးစိုးက အင်္ဂလိက်ဘာသာကို တာဝန်ယူဖတ်ကြားခဲ့သည်။ “မွန်အမျိုးသားများ မလွတ်မြောက်မချင်း အားလုံးလက်တွဲညီညီဖြင့် တိုက်ပွဲဝင်ကြပါစို့”ဟု ဖို့ဝိန်း အမ်အာစီ(MRC) ဒု ဥက္ကဋ္ဌ နိုင်ပန်းထောက ၎င်း၏ကြေကွဲဖွယ်အမှာစကား၌ ဆိုခဲ့သည်။

ဟံသာဝတီပျက်သုဉ်းနေ့အထိမ်းအမှတ်ဆန္ဒပြပွဲအခမ်းအနားကို အမေရိကန်ရောက် မွန်လူမျိုးတို့က ၁၉၉၄ ခုနှစ်၌ ဝါရှင်တန်ဒီစီ၌ စတင်ကျင်းပခဲ့ပြီး နှစ်စဉ်နှစ်တိုင်း စုပေါင်းဆန္ဒပြခဲ့ရာက တခြားနိုင်ငံများသို့လည်း ပျံ့နှံ့သွားခဲ့သည်။ လွန်ခဲ့သောနှစ်က မွန်ပြည်တွင်း၌လည်း ဖယောင်းမီး၊ ပန်းများတို့ဖြင့် ဘုရားအား ပူဇော်ကုသိုလ်ပြုခြင်းဖြင့် ဟံသာဝတ႘ပျက်သုဉ်းနေ့ကို အသိအမှတ်ပြုခဲ့ပါသည်။




:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.