မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--> Kaowao burmese version


မွန်အမျိုးသားဒီမဝ်ကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ နိုင်ထွန်းသိန်း၏ အထ္ထုပ္ပတ္တိ   

(၂၀၀၇ နိုဝင်ဘာ ၃၀ တွင် ကျရောက်သော နိုင်ထွန်းသိန်း၏(၉၀)နှစ်မြောက် မွေးနေ့အား ဤစာဖြင့် ဂုဏ်ပြုလိုက်ပါသည်။

 


ကွန်းယက္ခ


ကတိုးရွာတွင် -၁၂၇၉-ခုနှစ် နတ်တော်လ္ဆုပ် -၂-ရက် (၃၀-၁၁-၁၉၁၇)နေ့၌ ဦးအောင်ဒွန်း ဒေါ်ရွှေနှစ်တို့မှ မွေးဖွားပြီး ကတိုး ကျေးရွာ မြန်မာစာသင်ကျောင်းတွင် (၆)တန်း အောင်သည်အထိ သင်ကြားပြီးနောက် မော်လမြိုင်မြို့ အင်္ဂလိပ် - မြန်မာအစိုးရ အထက်တန်းကျောင်းတွင် စတုတ္ထတန်းမှ၍ ဆက်လက်ပညာသင်ကြားသည်။ ၁၉၃၅ -ခုနှစ် ရှစ်တန်းတွင် ပညာသင်ကြားနေ စဉ် (၉)တန်း၊ (၁၀)တန်းရှိ အတန်းကြီး ကျောင်းသားတို့က Miss Bodeker ဆိုသော အင်္ဂလိပ်အမျိုးသမီးဆရာမကို မကြိုက် နှစ်သက်သဖြင့် သပိတ်မှောက်ရာတွင် အောက်တန်းရှိ ကျောင်းသားများတို့အားလည်း ပါဝင်ရန် စည်ရုံးသဖြင့် တစ်ကျောင်း လုံး သပိတ်မှောက်ကြသည်တွင် ပါဝင်သွားသည်။ ကျောင်းသားများ တောင်းဆိုသည့်အတိုင်း ဆရာမကို အခြားကျောင်းတွင် ပြောင်းရွှေ့ထားလိုက်သည်။


၁၉၃၅-၁၉၃၆ ခုနှစ်တွင် အထက်တန်းကျောင်းသားများက ကျောင်းသားသမဂ ဖွဲ့စည်းရန် ဆရာကြီးထံတွင် တောင်းဆိုရာ ဆရာကြီးက ကျောင်းပရဝုဏ်တွင်း ဖွဲ့စည်းခွင့်မပေးသဖြင့် ကျောင်းပြင်ပ၌ ဖွဲ့စည်းသောကျောင်းသာသမဂ္ဂတွင် အတွင်းရေး မှူးအဖြစ် ဆောင်ရွက်နေစဉ် ကျောင်းသားများကို သပိတ်မှောက်အောင် နှိုးဆော်သည်ဟု ဆရာကြီးက စွပ်စွဲပြီး - ၁၉၃၆ -ခု မတ်လ အတန်းတင်စာမေးပွဲပြီးဆုံးပြီးနောက် ကျောင်းသားကိုးဦးကို ဆရာကြီးက ပညာမင်းကြီး Mr. Quinlin နှင့် ညှိနှိုင်းပြီး ကျောင်းပြောင်းလက်မှတ်များ ထုတ်ပေးသည့်နည်းဖြင့် ကျောင်းမှထုတ်ပယ်ခံရသည်တွင် ပါဝင်သည်။


ဆရာကြီး Mr. Rodd နှင့် ပညာမင်းကြီး Mr. Quinlin တို့၏ အစီအစဉ်ဖြင့် ကျောင်းမှထုတ်ပစ်ခြင်းကို ကန့်ကွက်သည့်အနေ ဖြင့် ဆရာကြီး၏ကျောင်းပြောင်းစေသည့်လုပ်ရပ်ကို ပယ်ဖျက်ပေးပါရန် ပညာရေးဝန်ကြီးထံ အသနားခံတင်သွင်းထားပြီး - ၁၉၃၉ -ခု ဇွန်လ ကျောင်းဖွင့်ချိန်၌ ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပြောင်းရွှေ့သင်ကြားနေစဉ် ပညာရေးဝန်ကြီး မှ ထုတ်ပယ်ထားသော ကျောင်းသားများကို လက်ခံရမည်ဟု ကျောင်းအုပ်ဆရာကြီးအား အမိန့်ထုတ်ပေးသဖြင့် မော်လမြိုင် အစိုးရအထက်တန်းကျောင်းသို့ ပြန်လာပြီး တက်ရောက်သင်ကြားပြန်ပေသည်။


၁၉၃၈-ခုနှစ် ဗိုလ်အောင်ကျော် ကျဆုံးသည့်နှစ် တနိုင်ငံလုံး အထွေထွေကျောင်းသားသပိတ်အချိန်တွင် မော်လမြိုင်သပိတ် စခန်းအတွက် ကတိုးကော့နှပ်ဒေသမှ ရံပုံငွေရရိုရေးတွင် ကူညီပေးခဲ့သည်။ အထွေထွေသပိတ် ပြီးဆုံးပြီးနောက် -၁၉၃၈- ခုနှစ် မေလတွင် ကျင်းပသော ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ သင်္ချာ နှင့် အပိုသင်္ချာဘာသာတွင် ဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် ရန်ကုန်တက္ကသိုလ်တွင် တစ်လလျှင်-၁၅ိ/ထောက်ပံ့ကြေးဖြင့် (၅)နှစ်တိုင်တိုင် ပညာသင်ကြားနိုင်သော တက္ကသိုလ်ပညာသင် စကောလားရှစ်ဆု (Collegiate Scholarship) ကို ဆွတ်ခူးနိုင်ခဲ့သည်။


တက္ကသိုလ်ကျောင်းသားဘဝ -၁၉၃၉-ခုနှစ် သြဂုတ်(၆)ရက်နေ့တွင် ဖွဲ့စည်းသော ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်တွင် ပါ ဝင်လှုပ်ရှားသည့်အပြင် ဒေါက်တာစိန်ထွန်းအောင် (ဒေါက်တာတိန်နာင်)၏အစ်ကို မွန်ဖေသိန်း၊ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်သော ရန်ကုန်မြို့ မွန်လူငယ်များအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။


၁၉၄၀-ခုနှစ် မတ်လတွင် ကျင်းပသော ဥပစာတန်းကို အောင်မြင်ပြီး ပထမနှစ် ဓါတုဗေဒဂုဏ်ထူးတန်းတွင် ဆက်လက်သင် ကြားနေစဉ် -၁၉၄၀-ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသဖြင့် တက္ကသိုလ်ကို ပိတ်လိုက်ပြီးနောက် -၁၉၄၄ - ၁၉၄၅-ခုနှစ်တွင် ဖွင့်လှစ်သောတက္ကသိုလ်တွင် ပြန်လည်တက်ရောက်သင်ကြားပြီး -၁၉၄၅-ခု မတ်လတွင် ကျင်းပသော ရိုး ရိုးသိပ္ပံနောက်ဆုံးနှစ် (သိပ္ပံဘွဲ့) စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သည်။


ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ပြန်လည်လှုပ်ရှားသော ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေစဉ် အဖွဲ့ချုပ်၏တာဝန်ပေးချက်အရ မွန်ဒေသရှိ မွန်ကျောင်းများတွင် မွန်စာသင်ကြားနိုင်ရေးအတွက်  - ၁၉၄၇ -ခုနှစ်မှ -၁၉၄၉-ခုနှစ်အထိ ကျိုက္ခမီ (၈)မြို့နယ် ပညာအုပ်အဖြစ် ဆောင်ရွက်သည်။ တချိန်တည်းတွင် ရာမညတိုင်း လုံးဆိုင်ရာ မွန်အသင်းကြီး၏ကျိုက္ခမီခရိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ပညာအုပ်အဖြစ် ဆောင်ရွက်နေစဉ် အမေရိကန်နိုင်ငံ၊ မီချီကန်တက္ကသိုလ်တွင် ဓါတုဗေဒဘာသာရပ်ကို ဆက်လက်သင်ကြားရန် ပညာတော်သင်အဖြစ် ရွေးချယ် ခံရသော်လည်း -၁၉၄၉- ခုနှစ်ဦးပိုင်းကာလ မွန်ကရင်လှုပ်ရှားမှုတွင် ပါဝင်ပြီး မြေအောက်မွန်လက်နက်ကိုင် တော်လှန်းရေး အဖွဲ့တွင် ပါဝင်သည့်အတွက် နိုင်ငံခြားပညာတော်သင်သွားခြင်းကို လက်လွှတ်လိုက်ရသည်။


၁၉၄၉-ခုနှစ် -၁၉၅၈-ခုနှစ်အထိ မွန်လက်နက်ကိုင်တော်လှန်ရေးတွင် နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံအဖြစ် မြဝတီတွင် တာဝန်ကျသည်။


၁၉၅၀- ခုနှစ်တွင် နိုင်ငံခြားဆယ်သွယ်ရေးအတွက် ဘန်ကောက်တွင်ထားရှိသောမွန်၊ ကရင်ကိုယ်စားလှယ်ရုံးတွင် တာဝန်ခံ အဖြစ် ဆောင်ရွက်သည်။


၁၉၅၁-ခု စက်တင်ဘာလမှ ဒ႘ဇင်ဘာလအထိ ဖါပွန်တွင် မွန် ကရင် နိုင်ငံခြားဆက်သွယ်ရေးအတွက် အသုံးစရိတ်ကုန်ကျငွေ စာရင်းရှင်းရန် ရောက်ရှိနေသည်။


၁၉၅၂-ခုနှစ် ဖေဖေါ်ဝါရီလလောက်တွင် နိုင်အောင်ထွန်းအုပ်စုနှင့် နိုင်ထွန်းမောင်အုပ်စုတို့ ညီညွတ်ရေးရရန်အတွက် မွန်တပ် ပေါင်းစုအဖွဲ့ကွဲ ဖွဲ့စည်းပြီး ထင်းရူးရွာဌာနချုပ် ဖွင့်ထားသောရုံးတွင် တပ်ပေါင်းစု အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင် ရွက်သည်။


၁၉၅၂-ခု ဒီဇင်ဘာတွင် မြဝတီဗိုလ်တဲ၌ မိခင်ထွေးနှင့် လက်ထပ်သည်။


တပ်ပေါင်းစုမှတဆင့် -၁၉၅၆-ခုနှစ်တွင် တစ်ပါတီတစ်ဖွဲ့အဖြစ် ပြောင်းလဲသွားသော မွန်ပြည်သူ့တပ်ဦးအဖွဲ့တွင် ဒု-ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ၁၉၅၆-ခုနှစ် ဧပြီလ(၂)ရက်နေ့မှစ၍ မွန်၊ ကရင်၊ ပအိုဝ်း၊ ကရင်နီတို့ ပါဝင်သော ဒီမိုကရက်တစ် လူမျိုးစုများ ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းရေးအတွက် ဥက္ကဋ္ဌစောဟန်တာသာမွှေးနှင့်အဖွဲ့ ရုံးစိုက်ရာ ဖါပွန်အနီး ခဲဒါရွာတွင် ကျင်းပသောအစည်းအဝေးသို့ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့တို့ အဖွဲ့ဝင်အဖြစ် ပါဝင်သောအဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။


မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းသို့ (၂၃-၇-၅၈)နေ့တွင် ဝင်ရောက်ပြီး နိုဝင်ဘာလ (၂၁) - (၂၂)ရက်နေ့၌ မြူနီစီပယ် ခန်းမတွင် အစည်းအဝေးခေါ်ကာ မွန်ပြည်သူ့တပ်ဦး အလုပ်မှုဆောင် ရွေးချယ်သည်။ ၄င်းဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည်။


၁၉၅၈-ခုနှစ်မှစ၍ မွန်ပြည်သူ့တပ်ဦး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ် မွန်ပြည်နယ်ဖေါ်ထုတ် ရေး အလုပ်ညီညွတ်ရေးကော်မတီတွင် ဗဟိုကော်မတီအဖြစ်လည်ကောင်း၊ ၁၉၆၀-ခုနှစ် ဖေဖေါ်ဝါရီလ(၆)ရက်နေ့တွင် ကျင်းပသောရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သွားခြင်း၊ ၁၉၆၁-ခုနှစ် ဇွန်လ(၈-ရက် -၁၆-ရက်အထိ) တောင်ကြီးမြို့၌ ကျင်းပသောတိုင်းရင်သားလူမျိုးများ တက်ရောက်သော ပြည်နယ်ပေါင်းစုံညီလာခံသို့ မွန် ပြည်နယ်ဖေါ်ထုတ်ရေးကော်မတီကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်း စသည်ဖြင့် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။


၁၉၆၂ -ခုနှစ် မတ်လ(၂)ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေစဉ် ဆွေးနွေးပွဲပျက်သွားသဖြင့် -၁၉၆၃-ခုနှစ် နိုဝင်ဘာလ(၁၃)ရက်မှ -၁၉၆၈-ခုနှစ် ဖေဖေါ်ဝါရီ(၂၈)ရက် နေ့အထိ မော်လမြိုင်ထောင်တွင် ထိန်းသိမ်းခြင်းကိုခံရသည်။


ထောင်မှလွတ်လာပြီးနောက် မော်လမြိုင်မြို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ၏ နာယကအဖြစ်လည်းကောင်း၊ မွန်စာ ပေပြိုင်ပွဲဆပ်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ မော်လမြိုင်မြို့နှင့် ကော့ဘိန်းကျေးရွာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဖွင့်လှစ်သော မွန်စာပေသင်တန်းများတွင် မွန်ကျောက်စာ နှင့် အဆင့်မြင့်မွန်စာပေများကို သင်ကြား ပေးသည်။


၁၉၈၅-ခုနှစ် မေလ(၃)ရက်နေ့တွင် ရန်ကုန်မြို့ မွန်ပိဋိကတ်တိုက်၌ ကျင်းပသော မွန်ဒေသအသီးသီးမှ ကိုယ်စားလှယ်များ စုံ ညီတက်ရောက်သည့် ဦးချစ်သောင်းအား ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီတွင် တွဲဘက်အတွင်းရေးမှူအဖြစ် ဆောင်ရွက် သည်။


မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ဓမ္မာစရိယ ပရိယတ္တိ စာမေးပွဲကျင်းပရာတွင်-၁၉၈၄-ခုနှစ် ဥပထမ္ပကအဖွဲ့၏ ဒု-ဥက္ကဋ္ဌ အဖြစ်လည်ကောင်း၊ ၁၉၈၅-ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ်လည်ကောင်း ဆောင်ရွက်ခဲ့သည်။


မော်လမြိုင်မြို့ မွန်ဓမ္မာရုံ ဖြစ်မြောက်ရေးကော်မတီတွင် ဓမ္မာရုံဖြစ်ပေါ်လာသည်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။


အရေးအခင်းကာလ-၁၉၈၈-ခုနှစ် စက်တင်ဘာလ-၁၇-ရက်နေ့တွင် ဒီမိုကရေစီရေးအတွက် မော်လမြိုင်မြို့လုံးကျွတ် မွန်လူ ထုဆန္ဒပြအပြီး မွန်ဓမ္မာရုံ၌ကျင်းပသော မွန်လူထုအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည်။


၁၉၈၈-ခုနှစ် အောက်တိုဘာလ-၁၁-ရက်နေ့မှစ၍ ဖွဲ့စည်းတည်ထောင်သော မွန်အမျိုးသားဒီမိုရေစီအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၉၀-ခုနှစ် မေလ-၂၇-ရက်နေ့တွင် ကျင်းပသောရွေးကောက်ပွဲ၌ သံဖြူဇရပ် အမှတ်(၂) နယ်မြေမှ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။


၁၉၉၁-ခုနှစ် နိုဝင်ဘာလ-၃၀-ရက်နေ့၌ ဖမ်းဆီးခြင်း ခံရပြီး -၁၉၉၂-ခုနှစ် နိုဝင်ဘာလ-၄-ရက်နေ့တွင် ထောင်ဒဏ်(၂၁)နှစ် ကျခံစေရန် မော်လမြိုင်မြို့နယ် တရားသူကြီးမှ အမိန့်ချမှတ်သည်။ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ပျက်ပယ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကျေညာသည်။ (၁၉-၃-၁၉၉၂) -နေ့တွင် (MNDF)ကို တရားဝင်အဖွဲ့ အဖြစ်မှ ရပ်စဲကြောင်း ကျေညာသည်။


၁၉၉၄-ခုနှစ် သြဂုတ်လ -၂၃-ရက်နေ့တွင် ပြည်ထဲရေးဌာနမှ တည်ဆဲအမိန့် -၁၁-ကျင့် ၄၀၁(၁) ၉၂-အရ အပြစ်ဒါဏ်လျှော့ ပေါ့ပြီး နိုင်ငွေသိမ်းနှင့်အတူ ထောင်မှလွှတ်ပေးခဲ့သည်။ နိုင်ဗလအား မလွှတ်သေး။


ထောင်မှ လွတ်လာပြီးနောက် -၁၉၉၇- ခုနှစ်မတိုင်မီ ရန်ကုန်ရှိ (UNLD)အဖွဲ့ဝင်အချို့နှင် (SNLD) ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့တို့ စုပေါင်းပြီး တိုင်းရင်းသားလူမျိုးစုအရေးကို စတင်လှုပ်ရှားရာ၌ ပါဝင်ဆောင်ရွက်ချိန် -၁၉၉၈-ခုနှစ် ဇွန်လ-၆-ရက်နေ့ စွဲဖြင့် ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသောအဖွဲ့များဖြစ်သည့် ရှမ်း၊ ရခိုင်၊ မွန် နှင့် ဇိုမီးချင်း အဖွဲ့တို့၏ ဥက္ကဋ္ဌများဖြစ်ကြသော ခွန်ထွန်းဦး၊ စောမြအောင်၊ နိုင်ထွန်းသိန်းနှင့် ပူကျင့်ရှင်းထန်တို့က သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးပွဲ ကျင်းပပေးရန် တောင်းဆိုသောစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည်။


ဇွန်လ-၁၀-ရက်နေ့တွင် ပြည်ထဲရေး ဒု-ဝန်ကြီးက ခွန်ထွန်းဦး၊ ဦးစောမြအောင်၊ နိုင်ထွန်းသိန်း နှင့် ပူကျင့်ရှင်းထန်တို့အား တွေ့ဆုံဆွေးနွေးသည်။


၁၉၉၈-ခုနှစ် စက်တင်ဘာလ -၆- ရက်နေ့မှစ၍ ရဲမွန်စစ်တပ်ဧည့်ဂေဟာတွင် ထိန်းသိမ်းခံရသည်။ မျက်စိခွဲစိတ် ကုသရန် - ၁၉၉၉-ခု ဧပြီလ-၂-ရက်နေ့တွင် လွှတ်ပေးသည်။


၁၉၉၉-ခုနှစ် သြဂုတ်လ -၂၉-ရက်နေ့တွင် ဦးလွင် နေအိမ်၌ လူမျိုးစုခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုဝင်ဘာလ -၃-ရက်နေ့တွင် စစ်တပ်ဧည့်ဂေဟာတွင် ပြန်လည်ထိန်းသိမ်းခံရပြန်သည်။


၂၀၀၀-ပြည့်နှစ် ဧပြီလ-၆-ရက်နေ့တွင် သွေးတိုးရောဂါကြောင့် အပြင်ဆေးရုံတွင် တက်ရောက်ကုသခွင့်ပေးသည်။


(၁၂/၁၀/၂၀၀) နှင့် ( ၁၂/၂/၂၀၀၂)-ရက်နေ့တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာ ဂျီယိုပင်ညဲရိုး၊ Mr. Razali Isamail နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


(၁၉/၉/၂၀၀၁)-ရက်နေ့တွင် အိုင်အယ်လ်အို I.L.O (High Level Team) အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။


(၁၅/၃/၂၀၀၂) နှင့် ( ၈/၉/၂၀၀၂)-ရက်နေ့တွင် အီုယူ E.U TROIKA အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။


(၂၃/၁၀/၂၀၀၂) -ရက်နေ့တွင် အဖွဲ့ဝင်အသစ်များဖြင့် တိုးချဲ့ ဖွဲ့စည်းလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ၌ နိုင်ထွန်းသိန်းသည် မွန်အမျိုးသာဒီမိုကရေစီအဖွဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရပါသည်။ အခြား တိုင်းရင်းသားလူမျိုးစု ပါတီများဖြစ်ကြသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာစောမြအောင်သည်လည်ကောင်း၊ ရှမ်း တိုင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ခွန်ထွန်းဦးသည်လည်းကောင်း၊ ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ပူကျင့်ရှင်းထန် သည်လည်ကောင်း ကိုယ်စားလှယ်အဖြစ် ခန့်ထားခြင်း ခံရပါသည်။


(၁၆/၉/၂၀၀၃)-နေ့တွင် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်(၁၈) ဦးအနက်မှ (၉)ဦးကို သက်ဆိုင်ရာမှ ထိန်း သိမ်းထားစဉ် ကျန်(၉)ဦးဖြစ်သော(ရှမ်း၊ ဇိုမီး၊ ရခိုင်၊ မွန်) အပါအဝင်တို့က အစိုးရ၏ အမျိုးသားညီလာခံ ကျင်ပရေးအတွက် လမ်းပြမြေပုံအပေါ် သဘောထားထုတ်ပြန်ရာတွင် ပါဝင်လက်မှတ်ရေးထိုးကြပါသည်။


(၁၀/၁၂/၂၀၀၃)-နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ပါဝင်သော ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA) မှ တပ်မတော်အစိုးရ၏ လမ်းပြမြေပုံအပေါ် သဘောထားထုတ်ပြန်ရာတွင် ပါဝင်လက်မှတ်ရေးထိုးသည်။

ဤ 'နိုင်ထွန်းသိန်း အထ္တုပ္ပတ္တိ" အကြောင်းကို ကွန်းယက္ခ ရေးသားသော"အထ္ထုပ္ပတ္တိ နဲာထဝ်သောန် ဥက္ကဋ္ဌ ဂေကာံဒ႘မဝ္ကေရၿဇ႘ ကောန်ဂကူမန်(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ" စာအုပ်မှ ကောက် နုတ်တင်ပြထားခြင်း ဖြစ်သည်။

စာအုပ်စီစဉ်သူ ကွန်းယက္ခသည် Kaowao သတင်းဌာနတွင် သတင်းသမားတစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်နေသူတစ်ဦး ဖြစ်သည်။

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.