မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ခေါင်းဖြတ်၊ ဓါးပြတိုက်ခံရ

Kaowao / ဇူလိုင် ၂၄ ၂၀၀၇

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရုပ်ဖျက်ထားသောလူတစ်စုက မြန်မာအလုပ်သမားမိသားစုတစ်စု ထံမှ ရွှေငွေ၊ ပစ္စည်းများကို ဓါးပြတိုက်သွားပြီး ယောင်္ကျားဖြစ်သူအား ခေါင်းဖြတ်သတ်ဖြတ်သွား သောလူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။


ဓါးပြအဖွဲ့(၈)ယောက်က စနစ်တကျ လာရောက်သတ်ဖြတ်သွားခြင်းဖြစ်ပြီး သူတို့သည်ထိုင်းဘာသာ စကားဖြင့် ပြောဆိုကြကြောင်း သတ်ဖြတ်ခံရသူနှင့်ဆွေမျိုးတော်စပ်သူ ကိုနိုင်နိုင် ပြောသည်။


အသတ်ခံရသူသည် ထိုင်းနိုင်ငံတောင်ပိုင်း သင်္ခလာခရိုင် နှင့် ဟတ်ယာမြို့အနီးတဝိုက်ရှိ မြန်မာအလုပ်သမား များအကြား ငွေလွှဲငွေပို့တစ်ဦးအဖြစ် လုပ်ကိုင်ပြီး သင်္ခလာတွင် အသတ်ခံ ရခြင်း ဖြစ်သည်။


''လည်ပင်းကို ဖြတ်ထားတာ ပြတ်ဖို့ နည်းနည်းဘဲကျန်တယ်၊ သူ့မိန်းမလဲ ခေါင်းမှာဒဏ်ရာ ရထားတယ်၊ သူ့ကလေး(၇)လသားကိုလဲ အိမ်အပြင်ကို ပြစ်ချခံရတယ်၊ ဒါပေမယ့် မသေကြဘူး၊ ဓါးပြတွေရသွားတာက ထိုင်းဘတ်ငွေ(၂)သောင်း၊ ရွှေ(၂)ကျပ်ခွဲသား၊ ဆိုင်ကယ်(၂)စီးပါ ယူသွားကြတယ်'' ဟု ကိုနိုင်နိုင်က ပြောသည်။


အသတ်ခံရသူမှာ နိုင်အရီး (၂၆)နှစ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုရွာဇာတိမှ ဖြစ်သည်။


ဓါးပြတိုက်ခံရသည့်နေ့သည် စနေနေ့ ဘဏ်ပိတ်ရက်ဖြစ်သောကြောင့် အိမ်တွင်ပိုက်ဆံရှိသည်ကို သိ၍ ဓါးပြတိုက်ခံရကြောင်း ၎င်းက ဆက်ပြောသည်။


ထိုင်းအာဏာများက နိုင်အရီးအလောင်းကို စစ်ဆေးရန် ယူသွားပြီး ယနေ့ညနေပိုင်းတွင် မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။


:: Home | To Top ::

 

 


 

 




Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.