မုဒုံမြို့က ပြည့်တန်ဆာအိမ်ကို ဗုံးနှင့်ပစ်ဖောက်
|
Kaowao/July 17.2007
မွန်ပြည်နယ် မုဒုံမြို့က ပြည့်တန်ဆာအိမ်ထဲသို့ တစ်စုံတစ်ယောက်က ယမန်နေ့မှာ ဗုံးနှင့်ပစ်ဖောက်ခဲ့ရာ ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်။
ရန်ငြိုးတစ်ခုခုကြောင့် ပစ်ဖောက်ခဲ့ခြင်းဖြစ်ပြီး တရားခံဟုယူဆရသူကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့၌ဖမ်းဆီးရမိခဲ့ကြောင်း မုဒုံ ရဲစခန်းသတင်းရပ်ကွက်မှ ကြားသိရသည်။
ဗုံးဖောက်ခံရသည့်အိမ်သည် မြို့အစွန် ဆည်မြောင်းရပ်ကွက် တာတမံဆည်မြောင်းဝင်းအတွင်းတွင် တန်းလျားအိမ်မျိုး ဆောက်လုပ်ထားသည်။
အာဏာပိုင်များထံ နားလည်မှုဖြင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်အများခေါ် ဖလုံအိမ် အမည်ရှိအဆိုပါအိမ်သည် ယခုလအစောပိုင်းတွင် အာဏာပိုင်တို့ဖျက်သိမ်းခိုင်းသည့်အနှိမ့်ခန်း၊ ပြည့်တန်ဆာအိမ်များစာရင်းတွင် မပါဝင်သောကြောင့် ဖမ်းခံရသူကိုကုလားဖြူက အငြိုး တစ်ခုခုဖြင့် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို ကုလားဖြူနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
လမ်းမမှပစ်ဖောက်လိုက်သောဗုံးသည် အိမ်ဘေးရေစင်တွင် ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူမရှိ ခဲ့ကြောင်း မုဒုံမြို့ခံနိုင်ဝင်း ဆိုသူက ပြောသည်။
တရားခံအဖြစ်ဖမ်းဆီးခံရသူမှာ စက်ဘီးပြင်ဆိုင်ဖွင့်ထားသူဖြစ်ပြီး စက်ဘီးပြိုင်အသင်းတွင် ဦးဆောင်သူလည်းဖြစ်၊ မြို့ပေါ်အာဏာပိုင်တို့နှင့်အဆက်အသွယ်ရှိသူဟု ထိုမြို့ခံက ဆက်လက်ရှင်းပြသည်။
အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားပြီး ယနေ့ဖမ်းဆီးခံရသူနှင့် ဖလုံအိမ် ခေါ် ပြည့်တန်ဆာအိမ်တို့သည် ရန်ငြိုးတစ်ခုခုရှိနေသည်ဟု အများကယူဆနေကြသည်။
:: Home | To Top ::
|