မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ဘုန်းကြီးပျံပွဲ လာသောကား တိမ်းမှောက်၊ (၉)ဦးသေ၊ (၂၀)ကျော်ဒဏ်ရာရ

Kaowao / ဇန္နဝါရီ ၂၆ ၊ ၂၀၀၈


စံခရဘူရီခရိုင် ဝင်းကရွာ ဘုန်းကြီးပျံပွဲတော်ကို ကြည်ညိုပူဇော်ရန် ထိုင်းမွန်များ စီးလာသောကား တိမ်းမှောက်သွား၍ (၉)ဦး သေဆုံးကာ အယောက်(၂၀)ကျော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဘန်ကောက်မြို့အနီး မွန်ရွာပထုံဌာနီမှ မွန်လူမျိုး(၃၆)ယောက် စီးလာသောကားသည် ဒီကနေ့မနက်(၇)နာရီကျော်တွင် ဝင်းကရွာမရောက်မီ (၇)ကီလိုမီတာအကွာ တောင်ကုန်းအဆင်းတွင် တိမ်းမှောက်ကာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး (၄)ဦးသေဆုံးပြီး ဆေးရုံတွင် နောက်ထပ်(၅)ဦး သေဆုံးသွားသည်။ ပြင်းထန်စွာ ဒဏ်ရာရသူ(၁၀)ဦးကိုလည်း မြို့ပေါ်ဆေး ရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန်လူအားလုံး ဒဏ်ရာအနည်းငယ်စီ ရထားကြောင်း သိရသည်။


 “ယောင်္ကျား(၃)ယောက်၊ မိန်းကလေးငယ်တစ်ယောက်အပါအဝင်(၆)ယောက် သေတယ်၊ ပထုံဌာနီက ထိုင်းမွန်(ထိုင်းရာမာန်) တွေ ဘုန်းကြီးပျံပွဲ လာရင်းနဲ့ ကားမှောက်တာဖြစ်တယ်၊ ထွက်ပြေးသွားတဲ့ကားမောင်းသူကိုလည်း နေ့လည်(၁)နာရီလောက် မှာ ဖမ်းမိထား ပြီ” ဖြစ်ကြောင်း ဝင်းကရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။


ကားမောင်းသူ ပါပါစာရတ် ချန်းထုံ (၅၇)သည် တောလမ်းမကျွမ်းကျင်တာကတစ်ကြောင်း၊ ကုန်းအဆင်းတွင် ဘရိတ်ပေါက် သွားပြီး မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းကြောင်း ထိုကားတွင် ပါလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။


 “(၁၀)ဘီးကားကို ကျော်ရင်းနဲ့ကုန်အဆင်းမှာဆိုတော့ ဘရိက်လည်း ပေါက်သွားပြီး လမ်းဘယ်ဘက်က ချောက်ဘက်ကို မှောက်ကျသွားတာ”ဟု ဒဏ်ရာအနည်းအကျဉ်း ရရှိသွားသူ ထိုအမျိုးသမီးက ပြောသည်။

သေဆုံးသွားသူများမှာ မိပထုံဝါန် ကဿဝမ်၊ မိနလိနီ လင်းယင်းချဲာ၊ မိဆုမ်ဂျစ် ဒေါ်အန်ခိုင်၊ မိလမိက် ပရဇော်ဇက်၊ မိဆရူ ဒေါ့ဖိဂူး၊ နိုင်မနိုက် ဒင်းထုမ်၊ နိုင်စမေ ဇန်မီ၊ မိပရဖိုင် ဏိကရဒန်နန် နှင့် မိဇွန်နီဇာ ဇန်ထိပ်လိုတို့ဖြစ်သည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.