ရန်ပုံငွေအတွက် အကြောင်းပြပြီး သုံးလအထိ လောင်းကစားဝိုင်း ဖွင့်ထား |
Kaowao / ဇန္နဝါရီ ၂၁ ၊ ၂၀၀၈
ကရေင်ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သောဒီကေဘီအေတပ်က နအဖမြို့နယ်အာဏာပိုင်တို့နှင့် ပူးပေါင်းပြီး ဇာသပြင်ကြိုး တံတားပြုပြင်ရေးရန်ပုံငွေအတွက် အကြောင်းပြကာ ကရင်ပြည်နယ်၊ ဇာသပြင်ရွာတွင် လောင်းကစားပေါင်းစုံကို သုံးလတိတိ ဖွင့်လှစ်ထားပြီး အကောက်ခွန်များ စီးပွားဖြစ် ကောက်ယူနေကြောင်း ထိုဒေသမှလာသောသတင်းအရ သိရသည်။
လွန်ခဲ့သောဒီဇင်ဘာလကတည်းက အဆိုပါလောင်းကစားဝိုင်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် အခွန်ကောက်ကာ အနီ ထောင်ဝိုင်းကအစ ကြက်တိုက်ဝိုင်းအဆုံး အကုန်ဖွင့်ထားပြီး အနီးအနားရွာများမှလည်း လာရောက်လောင်းကစားပြီး ထိုဒေသ တွင် သူခိုး၊ ဒမြလည်း သောင်းကျန်းလာကြောင်း အနီးတစ်ဝိုက်ရွာမှ နေထိုင်သူတစ်ဦးက ဆိုသည်။
ဇာပပြင်ကြိုးတံတားကြီး ပြုပြင်ရေးတွင် ရန်ပုံငွေအတွက် ကျပ်ငွေသိန်း(၁)ထောင် ထည့်ဝင်ရမည်ဟု ထိုလောင်းကစားဝိုင်း တာဝန်ခံ ဒီကေဘီအေ၊ မြို့နယ်အာဏာပိုင်နှင့် ဇာသပြင်ကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းလွင်တို့က ရဲသားများအား အကြောင်းပြထား သည်။ သို့သော် လောင်းကစားဝိုင်း ဖွင့်ရန် အာဏာပိုင်များအား အမှန်တကယ် ကတိပေးထားသောပိုက်ဆံအရေအတွက်မှာ ဒီကေဘီအေ တို့ပြောသည်ထက် အရေအတွက်နည်းကြောင်း နှင့် စီးပွားရှာရန်အတွက်သာ ယင်းတံတားရန်ပုံငွေကို အကြောင်းပြထားကြောင်း အနီးအနားရွာတစ်ဝိုက်မှ သိရသည်။
“ကျနော်တို့ရွာမှာ အရင်က သူခိုး၊ ဒမြတွေ မရှိဘူး၊ လောင်ကစားဝိုင်းတွေကို လနဲ့ချီပြီး ဖွင့်ထားတော့ အခုဆို ဒီမြစ်ကြောင်း တစ်လျှောက်ကရွာတွေမှာ သူခိုး၊ ဒမြတွေ သောင်းကျန်းလာတာ နေ့တိုင်းလိုလိုဘဲ”ဟု ဇာသပြင်ရွာအနီးတစ်ဝိုက် ရွာသား တစ်ဦးက ပြောသည်။
စစ်အစိုးအရအတွက် အလားတူ ရန်ပုံငွေရှာဖွေရန် ကရင်ပြည်နယ်၊ အိန္ဒမြို့တွင်လည်း လောင်ကစားဝိုင်းများကို ဒီကေဘီအေ တို့ဖွင့်ခဲ့ပြီး မူးယစ်ဆေးဝါးများလည်း ထိုလောင်းကစားတွင် ရောင်းခဲ့ကြောင်း သိရသည်။ သို့သော် ယခု လောင်းကစားဝိုင်း တစ်လကျော်လာသည်အထိ မူးယစ်ဆေးဝါးများကို မတွေ့ရှိသေးကြောင်း အိန္ဒုမြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
အဆိုပါလောင်းကစားဝိုင်းများအနက် ကြက်တိုက်ပွဲဆိုလျှင် လောင်းကြေးကျပ်သိန်းတစ်ရာအထိလည်း ရှိပြီး အနီးအနားရွာမှ အရှုံးအနိုင် သိန်းတစ်ရာအထိ နေ့စဉ် ကြားနေရကြောင်း ထိုသူက ဆိုသည်။
၎င်းက “လောင်းသူရော ဒိုင်းတွေရော သိန်း(၃၀)ကနေ သိန်းတစ်ရာအထိက နေ့တိုင်းရှိတယ်၊ ကြက်ဝိုင်းအဆင့်တောင်မှ လောင်းကြေးသိန်း(၁၀၀)အထိ ဖွင့်ထားတယ်၊ ဒါဆို ဒီကေဘီအေတို့က အကောက်(၁၀)သိန်း ရတာပေါ့”ဟု ပြောသည်။
ထိုလောင်းကစားဝိုင်းများကို သုံးလအထိ ဖွင့်ထားပါက သားသမီးများ လောင်းစားလာကြမှာကို မိမများက စိုးရိမ်နေကြပြီး လောင်းကစားဝိုင်းများကို ပိတ်ပေးရန် တောင်းဆိုရန်လည်း သူတို့မှာ အခွင့်အရေးမရှိကြောင်း ထိုသူက ဆက်ပြောသည်။
|