အိမ်ဆောက်အခွန်ကို အိမ်တန်ဖိုး၏(၁၀)ရာခိုင်နှုံးကျော် ပေးဆောင်နေရ |
Kaowao / ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈
မွန်ပြည်နယ် ကျေးလက်တောရွာများတွင် အိမ်အသစ်ဆောက်သောအခွန်များကို တန်ဖိုး၏(၁၀)ရာခိုင်နှုံးကျော်အထိ မြို့နယ် စည်ပင်သာယာရေးဌာနကဝန်ထမ်းများက အတင်းအဓမ္မ ပေးဆောင်ခိုင်းနေပြီး နားမလည်သောအိမ်ရှင်များအား အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေတောင်းခံနေကြောင်း မွန်ပြည်နယ်မှလာသောသတင်းအရ သိရသည်။
အသစ်ဆောက်နေသောအိမ်များသို့ အတင်းဝင်ရောက်ကာ မြေတိုင်းပြီး ထိုအိမ်အသစ်ဆောက်ရန် မည်သည့်လုပ်ငန်းမှ ဝင်ငွေရရှိလာသည်ကအစ အမျိုးမျိုးစစ်ဆေးမေးမြန်းကာ ငွေညှစ်ခြင်းများသည် မွန်ပြည်နယ်အတွင်း ကျေးရွာအတော်များ များတွင် ဖြစ်ပွားနေကြောင်း သိရသည်။
ဘီလူးကျွန်း ချောင်းဆုံမြို့ နယ်အတွင်းရှိ ကျေးရွာများတွင် ယင်းငွေညှစ်မှုများအား မကြာခဏ တွေ့နေရကြောင်း မကြာ သေးမီက ငွေ(၅)သိန်းကျော်ပေးဆောင်လိုက်ရသောမြောက်ပိုင်းရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။ ၎င်းက ““အိမ် အသစ်ဆောက်ဖို့မပြောနဲ့ အိမ်ပြင်ဖို့ တိုင်ထူလိုက်တာနဲ့ သူတို့(စည်ပင်ကဟု ဆိုသူ)လာပြီး ငွေကောက်တော့တာပဲ၊ သူတို့က အိမ်ကို ကြည့်ပြီးတန်ဖိုးဖြတ်တာ၊ ဥပမာ တကယ်လို့ သိန်း ၁၀၀ အထက် ကုန်ကျတဲ့ တိုက်အိမ်တွေဆိုရင် သူတို့
ကို ၁၀သိန်းအထက် ပေးရမယ်၊ ရိုးရိုးတစ်ထပ်အိမ် ဓနိမိုးနဲ့ဆိုရင်လည်း ၄သိန်းနဲ့ ၅ သိန်းလောက်တော့ အနည်းဆုံးပေး ဆောင်ရတယ်”ဟု ပြောကြားသည်။
ထိုအခွန်ဆောင်ပြီးလျှင် စည်ပင်မှပေးထားသောဖြတ်ပိုင်းစာရွက်အား အိမ်ရှေ့ လူမြင်ရာတွင် ဆွဲချိတ်ထားရပြီး အိမ်ရှင်တို့ ပေးဆောင်လိုက်ရသောအခွန်အတွက် ကျသင့်ငွေကိုမူ ဖြတ်ပိုင်းစာရွက်တွင် ရေးထိုးထားခြင်း မရှိချေ။ ဖြတ်ပိုင်းထဲတွင် အိမ်ရှင်အမည်၊ အိမ်အကျယ်အဝန်း၊ ဆောက်မည့်အိမ်အမျိုးအစားနှင့်အရွယ်အစား၊ နေရပ်လိပ်စာတို့သာ ပါဝင်ကြောင်း အခွန်ငွေ အဆမတန်ဆောင်ခဲ့သောရွာသားများက ပြောကြသည်။
ယခုလို အိမ်သစ်ဆောက်ရန် အခွန်များကို အဆမတန် ပေးဆောင်ရသောရွာသားများက မကျေနပ်ကြကြောင်းလည်း သိရ သည်။
(၂၀၀၈)ခုနှစ် ဇန္နဝါရီလ(၁၂)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့်(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ဘတ်ဂျက်လိုငွေပြလျှက်ရှိသော(၂၀၀၇-၀၈)ဘဏ္ဍာ ရေးနှစ်ကို အခြေခံ၍ လာမည့်(၂၀၀၀၈-၀၉)ဘဏ္ဍာနှစ်တွင် အသုံးစရိတ်နှင့်ဝင်ငွေ ညီမျှလာစေရန်အတွက် လူခွန်အပါအဝင် အခွန်များအား နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံမည်ဟု အခွန်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသွားသည်။
မုဒုံမြို့နယ်၊ ရေးမြို့ နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကလည်း အလားတူ အဆမတန် အခွန်ငွေများကို ပေး ဆောင်နေကြရပြီး အများစုက အိမ်ဆောက်ရန်ဝင်ငွေများကို ရရှိလာပုံကို အသေးစိတ်မေးမြန်းခံကြရသည်။
ယင်းအခွန်ငွေပေးဆောင်ရသော ကရင်ပြည်နယ်မှ ရွာသားတစ်ဦးက “ကျနော့်အိမ်က အိမ်ရှေ့ ခြမ်းလောက်ဘဲ ပြီးသေးတာ။ စည်ပင်ကလာပြီးတော့ မြို့နယ်ရုံးအထိ သွားဆောင်ဖို့လာပြောတယ်။ (၃)သိန်းပေးလိုက်တယ်။ အမှန်ဆိုရင် (၈)သိန်းအထိ ပေးဆောင်ရမှာ။ ဒါပေမဲ့ အဲဒီက စည်ပင်အရာရှိနဲ့ ညှိလိုက်တော့ (၃)သိန်းဘဲ ပေးလိုက်ရတယ်။ တကယ်ဆိုရင် ဒီလို လာဘ်စားတာ၊ လာဘ်ထိုးရတာကိုက ဘယ်ကောင်းတော့မလဲ။ သက်သက်မဲ့ငွေညှစ်တာ”ဟု လုံခြုံရေးကြောင့် အမည်၊ နေရပ်မဖော်လိုသူက ပြောကြားသည်။
ကြံ့ ဖွံ့၊ မီးသတ်နှင့် စစ်အစိုးရ၏အခြားလူမှုရေးအသင်းအဖွဲ့များသို့ ဝင်ရောက်လုပ်ကိုင်နေသောရွာသားအိမ်များကိုမူ အိမ် ဆောက်ခွန်များအတွက် ကျပ်ငွေသိန်းဂဏန်းအထိ ပေးဆောင်စရာမလိုကြောင်း ရေးမြို့ နယ် ကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။
မော်လမြိုင် ဘိုကုန်းရပ်နေ ဝန်ထမ်းတစ်ဦးက မြို့ ကြီးများတွင် အိမ်သစ်ဆောက်သူများအပေါ် ယခုလို အဆမတန် အရေ အတွက်ကဲ့သို့ အဓမ္မငွေတောင်းခံမှု မကြားသေးကြောင်းနှင့် အခွန်အကြောင်း နားမလည်သော ကျေးလက်တောရွာများတွင် သာ ထိုငွေတောင်းခံမှုမျိုး ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။ သို့သော် တီဗွ႘နှင့်စလောင်းများ ဖွင့်ထားသောအခွန်များနှင့် အခြားလူခွန်များကိုမူ လာရောက်ကောက်ခံနေကြောင်း ထိုဝန်ထမ်းက ဆက်လက်ပြောကြားသည်။
(၂၀၀၈)ခုနှစ် ဇန္နဝါရီ နောက်ဆုံးအပတ်မှစ၍ ရေဒီယို၊ တီဗွီ၊ ဗွီဒီယိုဖွင့်စက်များအပါအဝင် စလောင်းသုံးစွဲသည့်အိမ်များကို လည်း အခွန်ဦးစီးဌာနမှ ကျေးရွာများသို့ စရင်းလာရောက်ကောက်ခံခဲ့သော် အခွန်မည်မျှပေးဆောင်ရမည်ကို မသိရှိသေး ကြောင်း ရေးမြို့နယ်မှ အဆိုပါလူငယ်က ပြောသည်။
|