ရေလှောင်တမံပြုပြင်ရေးက ပတ်ဝန်းကျင်ရွာများအား ခြိမ်းခြောက်နေ |
သမွတ်ချမ်း / ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈
 |
ဝေင်းဖနုံရေလှောင်တမံအား အဝေးက တွေ့မြင်ရပုံ
(ပုံ - Kaowao Newsgroup) |
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းက အက်ကြားပေါက်နေသော ရေလှောင်တမံတစ်ခုအား ဆိုင်ရာအာဏာပိုင်များကပြုပြင်တော့ မည်ဟု သတင်းထွက်ပေးပြီးနောက်ပိုင်း အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများက ၎င်းတို့အပေါ် ကျရောက်လာမည့် ရေလွှမ်း၊ ရေလျှံမှုနှင့်အတူ ပြုပြင်စရိတ်ကောက်ခံမည်ကို စိုးရိမ်နေကြ သည်။
မုဒုံမြို့နယ် အပစ်ကျေးရွာအနီးတွင် တည်ထားသော ဝင်းဖနုံ ရေလှောင်တမံ၏အောက်ခြေအတွင်းပိုင်းနံရံမှ အပေါက်အား ဖာထေးပြုပြင်ရန် ဆည်အတွင်း သိုလှောင်ထားသောရေများ
ကို လွှတ်ထုတ်တော့မည်ဆို၍ ကျေးရွာပေါင်း အနည်းဆုံး(၈) ရွာတို့ ရေဘေးခံရနိုင်သောကြောင့် ရွာသားများက စိုးရိမ်နေ ကြကြောင်း ဆည်မြောင်းအနီးအနားမှ ရွာသားတစ်ဦးက ဆို
သည်။
ရေသွန်ချမည့်အကြောင်းကို အနီးအနားရှိ ရွာများအား ယခု အချိန်အထိ အသိပေးရှင်းပြခြင်းမရှိသေးကြောင်း သိရသည်။
ပြုပြင်ရာတွင် ရွာသားများအား အတင်းအဓမ္မ လုပ်အားပေးခိုင်း စေခြင်းများ၊ အာဏာပိုင်များက ငွေကြေးကောက်ခံခြင်းများ ကိုလည်း ရွာသားများက စိုးရိမ်နေကြကြောင်း ထိုရွာသားက ပြောကြားသည်။
၎င်းက “မိုးဦးမကျခင် ဒီနှစ်လအတွင်း ပြီး အောင်ပြင်မယ်ဆိုတော့ လှောင်ထားသောရေများကို အမြန်လွှတ်ထုတ်ရမယ်။ ဒီတစ်ဝိုက်က ရွာတွေကိုလည်း နွေစပါးတွေစိုက်ခိုင်းထားတာ အကုန်လုံးမြုပ်ကုန်တော့မှာပေါ့။ ဒီတစ်ဝိုက်က နွေအချိန်မှာ ဖရဲသီးတို့၊ အခြားသစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ထားကြတာတွေ အကုန်ဆုံးရှုံးကုန်မှာပေါ့။ ပြီးတော့ ဒီရေသွန်ထုတ်မဲ့ကိစ္စကိုလည်း လူသိရှင်ကြား မပြောဘူး။ တောင်သူလယ်သမားတွေကိုလည်း အသိမပေးဘူး”ဟု ပြောကြား သည်။
သိန်းရာချီကုန်ကျမည့်ထိုရေလှောင်တမံ ပြုပြင်ရေးတွင် ပတ်ဝန်းကျင်ရွာများအား ပိုက်ဆံကောက်ခံသွားမည်ဟုလည်း သတင်းရရှိသည်။ ရပ်ရွာလူကြီးများ၏အဆိုအရ အနီးတစ်ဝိုက်ရွာကြီးတစ်ရွာဖြစ်သော ကလော့သော့ရွာအား သိန်း(၇၀) ပိုက်ဆံထည့်ဝင်ရမည်ဟု သိရသည်။ ဝင်းဖနုံရေလှောင်တမံပြုပြင်ရေး ကုန်ကျစရိတ်အတွက် အခြားရွာများကိုလည်း ပိုက်ဆံ ကောက်ခံသွားမည်ဟုလည်း အဆိုပါရပ်ရွာလူကြီးနှင့်နီးစပ်သူများက ပြောဆိုသည်။
ထိုဒေသသို့သွားရောက်လေ့လာခဲ့သူတစ်ဦးက ဆည်အတွင်းက ရေများကို သွန်ချလိုက်မည်ဆိုလျှင် အနီးအနားရွာများဖြစ် သော လယ်ကွင်းဝန်းရံထားသောမြေနိမ့်ပိုင်း ကွမ်းကပီရွာအပါအဝင် တောင်ပရွာ၊ ထုံမံ၊ ကလော့သော့၊ ကော့ပီထော်၊ အပစ်၊ ဒိုမာ၊ ဖယ်ဒိုမှ ကားလမ်းနှင့်မီးရထားလမ်းအကြားရှိ ယောင်ဒေါင်၊ ဆက်သွယ်ရွာအထိ ရေလွှမ်းမိုးခံရနိုင်ကြောင်း ပြောကြား သည်။ ထိုကျေးရွာမှ ရွာသားအများစုမှာ ရာဘာခြံ၊ လယ်ယာစိုက်ပျိုးရေးနှင့်အခြားသီးနှံစိုက်ခင်းများဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများဖြစ်သည်။
ယခုလအစောပိုင်းကတည်းက ရေလွှာမြောင်းတူးဖော်ရန်အတွက် မြေထိုးစက်ကြီး(၂)စီးအား လာရောက်ချထားခဲ့ပြီး ယခု စတင်အလုပ်လုပ်ပြီးဖြစ်ကြောင်း သွားရောက်လေ့လာခဲ့သူတစ်ဦးက ဆိုသည်။
မော်လမြိုင်ခရိုင်အတွင်း ရေလှောင်တမံ(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ဝင်းဖနုံရေလှောင်တမံကို လေယာဉ်ပျက်ကျပြီး သေဆုံးသွားသော နအဖ အတွင်းရေးမှုး(၂) ဗိုလ်ချုပ်ကြီး တင်ဦးကိုယ်တိုင် (၂၀၀၁)ခုနှစ်ကုန်ပိုင်းတွင် လာရောက်ဖွင့်လှစ်ခဲ့ သည်။
ဝင်းဖနုံရေလှောင်တမံ မြင်ကွင်း (ပုံ - Kaowao Newsgroup)

|