မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


(၂၀၀၈) ဖင်လန်နိုင်ငံ မွန်အမျိုးသားနေ့

Kaowao / ဖေဖော်ဝါရီ၂၆၊ ၂၀၀၈

ဖင်လန်နိုင်ငံတွင် အခြေချနေထိုင်ကြသော မွန်ပြည်သူများက (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါ ရီလ(၂၃)ရက် ဒေသစံတော်ချိန် ညနေ(၄)နာရီမှ (၉)နာရီအထိ ယူဗာစကူးလားမြို့၌ အောင်မြင်စွာ ကျင်းပပြီးစီးသွားကြောင်း သိရသည်။

အခမ်းအနားသို့ မွန်ရဟန်းတော်တစ်ပါးနှင့်တကွ မွန်ပြည်များ ကရင်နီ၊ ရခိုင်၊ ဗမာ စသည့်တိုင်းရင်းသားညီအကိုများ၊ Campaign for Democracy in Burma (Finland) မှ ကိုသားဆွေနှင့် တော်လှန်ရေးရဲဘော်ညီအကိုများ၊ NLD မှ တာ ဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖင်လန်နိုင်ငံတွင် လာရောက်အခြေချကြသော နိုင်ငံခြားသားများနှင့် ဖင်လန်လူမျိုးများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်အားပေးကြသည်။

အခမ်းအနားကို မွန်အမျိုးသားသီချင်းနှင့် ဖင်လန်အမျိုးသား သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ဟယ်ဆင်ကီ တက္ကသိုလ်မှ အငြိမ်း စား ပါမောက္ခ ဒေါက်တာ တာပနီ အိုယာစတီက လက်ရှိပြည် ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေကို အကျဉ်းချုပ် ဟောပြောသွားခဲ့ပြီးနောက် နိုင်ယုမွန်က ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှ (၆၁)ကြိမ်မြောက် မွန်အမျိုး သားနေ့သို့ ပေးပို့သောသဝဏ်လွှာကို ဖွင့်ကြားခဲ့သည်။

ထို့နောက် နိုင်တလပွန်က လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံရှိ နိုင်ငံရေးအခြေအနေနှင့် ကျွန်တော်တို့၏တာဝန်ကို မွန်မြန်မာ နှစ်ဘာသာဖြင့် ပြောကြားရာတွင် ရှေးဦးစွာ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့သော ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအား အထူးကျေးဇူးတင်ကြောင်း သဝဏ်လွှာတွင် ပါရှိသော "မွန်အမျိုးသားတို့၏ ဤ သမိုင်းဝင်နေ့အခါသမယ၌ မွန်အမျိုးသားခေါင်းဆောင်များနှင့်တကွ မွန်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြစေကြောင်းနှင့် မကြာမှီကာလတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နယ်သစ်ပေါ်ပေါက်လာပါစေ ကြောင်း ဦးစွာ အလေးအနက် ဆန္ဒပြုအပ်ပါသည်။ "ဆိုသည့်စာပိုဒ်အတွက် ဝမ်းမြောက်ကြိုဆိုကြောင်း၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းနှင့်ပတ်သက်၍ စစ်ဖက်အုပ်ချုပ်သူများက အင်မတန်ဆိုးရွားတဲ့ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မ ရေးဆွဲအတည်ပြု ပြဌာန်းပြီး အတင်းအာဏာတက်လုရန် အင်တိုက်အားတိုက် ကြိုးပမ်းနေချိန်မှာ ကျနော်တို့တော်လှန်ရေး ရဲဘော်များ၊ ပြည်ထောင်စုဝင် တိုင်းရင်းသားညီအကိုအားလုံး သတိရှိရှိဖြင့် ညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်လိုကြောင်း ညီ ညွတ်ရေးတည်ဆောက်ရာမှာလည်း "စစ်အုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သောပြည်ထောင်စု ပေါ်ပေါက်ရေး" တည်းဟူသော နိုင်ငံရေးအခြေခံမူအပေါ် ညီ ညွတ်ကြရန်လိုကြောင်း မွန်အမျိုးသားများအနေဖြင့် အလွှာအသီးသီး၊ နေရာအသီးသီးတွင် ဤနိုင်ငံရေးအခြေခံမူအပေါ် ရပ် တည်လျှုက် ရည်မှန်းချက်အောင်မြင်သည်ထိ မိမိတို့အတိုင်းအတာအရသော်လည်းကောင်း၊ ပြည်ထောင်စုဝင် တိုင်းရင်းသား ညီအကိုများနှင့်လက်တွဲ၍သော်လည်းကောင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံတွင် အခြေချနေထိုင် ကြသော တိုင်းရင်းသားညီအကိုအပေါင်းတို့ကလည်း မိမိတို့လူမျိုးအတွက် စစ်အုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်ရေး၊ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သောပြည်ထောင်စု ပေါ်ပေါက်ရေး"တည်း ဟူသော နိုင်ငံရေးအခြေခံမူအပေါ်တွင် ညီညွတ်စွာ တိုက်ပွဲဝင်ရန်နှင့် သက္ကရာဇ်(၂၀၀၈)မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်ပြီး နောင်နှစ်တွင် ကျနော်တို့၏မွန်အမျိုးသားနေ့ကို ပြည်ထောင်စုအတွင်းမှာ လွတ်လပ်ပျော်ရွှင်စွာ ကျင်းပနိုင်ပြီး ဤဖင်လန်နိုင်ငံတွင်လည်း တိုင်းရင်းသားညီအကိုများ စုံစုံညီညီဖြင့် မွန်အမျိုးသားနေ့ကို ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း တက်ရောက်လာကြကုန်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ အခမ်းအနားဖြစ်မြောက်ရန် ညီညီညွတ် ညွတ်ဖြင့် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီကြသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး မွန်လှပျိုဖြူများ၏ငြိမ့်ညောင်းသာယာသော မွန်အက၊ မွန်အမျိုးသားတို့၏ဆွတ်ပြတ်ကြည်နူးဖွယ် အားမာန်ကို ပေးစွမ်းနိုင်သောဂန္တဝင် မွန်ရွှေဟင်္သာအက၊ မွန်ဂီတသံစဉ်တို့ဖြင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များကို ဖျော်ဖြေကြ ပါသည်။

တဖန် နိုင်တလပွန်က "စစ်အုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော စစ်မှန်သောပြည်ထောင်စု ပေါ်ပေါက်ရေး"အတွက် တိုက်ပွဲဝင်ရင်း မသမာသူ ရန်သူလက်ချက်ဖြင့် ကျဆုံး ခဲ့ရသော ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗဒိုမာန်ရှာ လဖန်းအတွက် မွန်အမျိုးသားများကလည်း ဗဒိုမာန်ရှာ၏ မိသားစုဝင်များ၊ ကရင်အမျိုးသားများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းနှမျောတသရပါကြောင်း၊ ဗဒိုမာန်ရှာ ကျဆုံးရခြင်းသည် ပြည်ထောင်စုအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း ဂုဏ်ပြုစကားပြောကြားပြီး တော်လှန်ရေးတိုက်ပွဲဝင်နေကြသော ရဲဘော်အပေါင်းတို့အားလည်း ရန်သူ၏ရန်လိုမှု၊ ကောက်ကျစ်စဉ်းလဲမှုကို အစဉ်အမြဲ သတိရှိရန်လိုကြောင်း သတိပေးသွားပါ သည်။

ပြီးနောက် မိဝါလေး တက်ရောက်လာသူများအားလည်းကောင်း၊ အခမ်းအနားဖြစ်မြောက်ရန် နေရာအသီးသီး၊ ကဏ္ဍအသီးသီး ဝိုင်းဝန်းကူညီကြသူများအားလည်းကောင်း အထူးသဖြင့် စည်းလုံးညီညွတ်စွာ အားတက်သရော စုပေါင်းလုပ်ဆောင်နေကြ သော ဖင်လန်နိုင်ငံမှ မွန်ပြည်သူများအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါ သည်။

နောက်ဆုံးတွင် တက်ရောက်လာကြသော ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်းခင်းဧည့်ခံကြပြီး ဒေသ စံတော်ချိန် ည(၉)နာရီတွင် ဖင်လန်နိုင်ငံရောက် မွန်ပြည်သူများ၏(၂၀၀၈)ခုနှစ် မွန်အမျိုးသားနေ့ အစီအစဉ်အားလုံးပြီး မြောက်သွားပါသည်။

မှတ်ချက်။ ။အသေးစိတ်အချက်အလက်များကို ပို့ပေးခဲ့သော ဖင်လန်ရောက် မွန်အဖွဲ့ကို အထူး ကျေးဇူးတင်အပ်ပါကြောင်း

Kaowao Newsgroup


:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.