မွန်အလုပ်သမား(၄)ဦး ထိုင်းရာဘာခြံတွင်
အသတ်ခံရ |
Kaowao / ဖေဖော်ဝါရီ ၆ ၊ ၂၀၀၈
ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွင် အလုပ်လုပ်နေသောမြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် မွန်လူမျိုး အလုပ်သမား(၄)ဦး လွန်ခဲ့သောတနင်္လာနေ့က အသတ်ခံလိုက်ရကြောင်း ထိုင်းတောင်ပိုင်း ဆုရာတ်ဌာနီမှ လာသောသိရ သည်။ လူငယ်အလုပ်သမားတစ်ဦးလည်း အသက်ဘေးမှ လွတ်မြောက်သွားသော်လည်း သေနတ်ဒဏ်ရာအပြင်းအထန်ရ ထားသည်။
ထိုင်းဓါးပြလူမိုက်များက ဖေဖော်ဝါရီ(၄)ရက်နေ့က လင်မယားစုံတွဲ(၂)တွဲအလုပ်လုပ်ရာ ဆုရာတ်ဌာနီမြို့နယ်၊ ချာယာခရိုင် အတွင်း ရာဘာခြံတွင် သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ပြီး အသတ်ခံရသူ ယောင်္ကျား(၂)မှာ နိုင်ဝေန်နိုင် နှင့် နိုင်ခိုင်သိန်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဇာတိမှ ဖြစ်ကြောင်း အသတ်ခံရသူနှင့်ညီအကိုတော်စပ်သူတစ်ဦးက ပြောသည်။
"ကားတစ်စီးနဲ့ လူ(၇)ယောက်က ထောက်လှမ်းရေးတွေ စစ်ဆေးလူဖမ်းသလို ခြံထဲကို ဝင်လာတာပြီး ဒမြတိုက်၊ လူသတ် သွားတယ်၊ (၁၄)နှစ်အရွယ်ကောင်လေးတစ်ယောက်ဘဲ ထွက်ပြေးလွတ်သွားတယ်။ ကောင်လေးလည်း ကျောကုန်း နဲ့ လက် မှာ သေနတ်ဒဏ်(၂)ချက် ထိထားတယ်။ အခု ချာယာခရိုင်ဆေးရုံမှာ"ဟု ထွက်ပြေးလွတ်မြောက်လာသောလူငယ်နှင့် တွေ့ဆုံ ခဲ့သူ ထိုအမျိုးသားက ပြောသည်။
အသတ်ခံရသူအမျိုးသမီး(၂)ဦးအနက် တစ်ဦးမှာ ကိုယ်ဝန်(၇)လဆောင်ထားသူဖြစ်ကြောင်းနှင့် ဓါးပြတိုက်ခံရသောရွှေ၊ ငွေ၊ ပစ္စည်းတန်ဖိုးအတိအကျကို မသိရသေးကြောင်း ထိုသူက ဆက်ပြောသည်။
လွတ်မြောက်လာသူ ထိုလူငယ်၏အဆိုအရ မြန်မာအလုပ်သမားများအား လက်ပြန်ကြိုးချည်ပြီးသတ်ပစ်ခဲ့ခြင်းဖြစ်ပြီး အသတ် ခံရသူလင်မယားများသည် ထိုဒေသတွင် နှစ်အတန်ကြာ အလုပ်လုပ်လာကြသူများဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့မှ လည်း ယင်းလူသတ်မှု ကျူးလွန်သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းအသတ်ခံရသူနှင့်အမျိုးတော်စပ်သူက ပြောသည်။
"လွန်ခဲ့တဲ့လကလည်း ကျနော်တို့အနားကခြံတစ်ခြံမှာ ရာဘာပြားတွေ ဓါးပြတိုက်ခံရတယ်။ လူ(၅)ယောက်တစ်လစာခြစ်ထား တဲ့ရာဘာပြားတွေပေါ့။ ဒီသူဌေးတွေ ပိုက်ဆံရှင်းပြီးတဲ့အချိန်တွေမှာဆိုရင် ဓါးပြတိုက်ခံရတာတို့၊ အသတ်ခံရတာတို့ရှိတယ်။ ပိုက်ဆံမရှိရင်လည်း ရာဘာစေးတွေ လုယူသွားတာတို့၊ သတ်ပစ်ခံရတာတွေပေါ။ ဒီလိုခြံထဲမှာ နေရတဲ့ကျနော်တို့ဘဝက လုံ ခြုံရေး ဘာမှမရှိဘူး။ ဘာမှ မလုံခြုံဘူး။ ဒါပေမဲ့ ဒီစေး(ရာဘာ)ခြစ်တဲ့အလုပ်က အခြားအလုပ်ထက် ဝင်ငွေကောင်းတယ်"ဟု ဆူရာတ်ဌာနီ ရာဘာခြံများတွင် (၅)နှစ်ကြာ အလုပ်လုပ်ခဲ့သူ နိုင်ညီညီက ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတစ်ခြံမှ ထွက်ပြေးလာသူ နိုင်မင်းဦးကလည်း လွန်ခဲ့သောလက သူအလုပ်လုပ်နေသောခြံတွင် ထိုင်းလူမိုက်များက ရာဘာစေးများကို ဓါးပြတိုက်ယူသွားခဲ့ကြောင်းနှင့် ထိုဓါးပြမှုကို ခြံပိုင်ရှင်သူဌေးကိုယ်တိုင် စီမံအကွက်ဆင် ခဲ့ကြောင်း ပြောသည်။ "ဓါးပြတိုက်ခံရတဲ့အချိန်က စေးတွေ အရမ်းများတယ်။ ထုတ်ရောင်းမယ်လို့သူဌေးကို ပြောနေလည်း နောက်အပတ်မှ ရောင်းလို့ဘဲ ပြောတယ်။ အကုန်လုံးအတိုက်ခံရတယ်။ ကားအကြီးကြီးနဲ့ခြံထဲကိုဝင်လာပြီးတော့ကို တိုက်
တာ၊ အလုပ်လုပ်တဲ့သူတွေအားလုံးလည်း သူဌေးလက်ကလွတ်ဖို့ ထွက်ပြေးခဲ့ရတယ်"ဟု နိုင်မင်းဦးက ပြောသည်။
|