ဒီကေဘီအေတို့ “အ.ထ.ဒ.သ” ဆိုင်ကယ်လိုင်စင် လုပ်ပေးနေ |
Kaowao/ ဒီဇင်ဘာ ၇ ၊ ၂၀၀၇
စစ်အစိုးရနှင့် အပစ်ရပ်ကရေင်အဖွဲ့ဖြစ်သည့် တိုးတက်သောကရေင်ဗုဒ္ဓဘာသာအစည်းအရုံး (ဒီကေဘီအေ)က တာဝန်ယူပြီး ကရင်ပြည်နယ်တွင် “အ.ထ.ဒ.သ” ခေါ် ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးနေကြောင်း ထိုဒေသမှလာသောသတင်းက ပြော သည်။
မိမိဒေသ၌ ခရီးသွားလာရေး လွယ်ကူချောမွေစေရန်အတွက် လိုင်စင်မဲ့ဆိုင်ကယ် စီးသူများစွာ ထိုလိုင်စင်ကို ပြုလုပ်ထားကြ ကြောင်း သိရသည်။
ထိုလိုင်စင် ပြုလုပ်ထားသူများ၏အဆိုအရ လိုင်စင်ကို တာဝန်ယူထုတ်ပေးနေသူမှာ ဒီကေဘီအေ အထူးတပ်ရင်း(၉၉၉)မှ ဗိုလ်မှုး ချစ်သူ ဆိုသူ ဖြစ်သည်။
“ဒီလိုင်စင်ကို တာဝန်ခံထုတ်ပေးသူကတော့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှုး ချစ်သူ၊ စရင်းသွင်းတဲ့ဆိုင်ကယ်တစ်စီးကို ထိုင်း ဘတ်(၃)ထောင် ပေးရတယ်၊ သူတို့ပြန်ပေးတာက ထောက်ခံစာတစ်စောင်ရယ်၊ ဆိုင်ကယ်မှာ တပ်ဘို့ “အ.ထ.ဒ.သ” ရေး ထားတဲ့နံပါတ်ပြားတစ်ခုရယ်၊ သူတို့ရှိတဲ့ဘယ်ဒေသမဆို သွားလာလို့ရတယ်လို့ ပြောတယ်” ကရင်ပြည်နယ်ရှိ ထိုလိုင်စင်ရ ထားသူ မွန်လူမျိုးတစ်ဦးက ပြောသည်။
“အထဒသ”၏အဓိပ္ပာယ်မှာ “အထူးဒေသ”ဖြစ်ပြီး ဘားအံမြို့ပေါ်လည်း သွားလာလို့ရကြောင်း ထိုသူက ပြောသည်။ “သူတို့ ပြောတာတော့ ဘားအံမှာတောင်မကဘူး၊ မော်လမြိုင်အထိ သွားလို့ရတယ်တဲ့၊ ဒါပေမဲ့ ကျနော်တော့ မသွားရဲဘူး”ဟု ဆို သည်။
မြဝတ႘၊ မင်းလက်ပန်ရွာက ဒီကေဘီအေတပ်ကနေ ထို”အထဒသ”လိုင်စင် လုပ်ထားသူတစ်ဦးက ထိုလိုင်စင်အတွက် မြန်မာ ငွေ(၅)သောင်း ပေးခဲ့ရကြောင်း၊ သွားလာရေးလွယ်ကူရန် လုပ်ထားကြောင်း ဆိုသည်။
ရဟန်းတစ်ပါးဖြစ်သည့် ဦးသုဇန ဦးဆောင်သော ထိုတိုးတက်သောကရေင်ဗုဒ္ဓဘာသာအစည်းအရုံးသည် ဘာသာရေးပဋိ ပက္ခကြောင့် ကရေင်အမျိုးအသားအစည်းအရုံး(ကေအင်ယူ)မှ (၁၉၉၄)ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး (၁၉၉၅)ခုနှစ်တွင် စစ်အစိုးရ နှင့်အပစ်အခတ်ရပ်စဲခဲ့သောအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
ဒီကေဘီအေ ဆိုင်ကယ်လိုင်စင် “အထဒသ”သည် ကရင်ပြည်နယ်တွင်သာမက ဒီကေဘီအေတပ်စခန်းတည်ရှိရာ မွန်ပြည် နယ် ရေး၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အထိ သွားလာလို့ရကြောင်း ဆိုင်ကယ်ပွဲစားအတိုင်းအဝိုင်းမှ ပြောသည်။လွန်ခဲ့သော (၂၀၀၄)ကစ၍ စစ်အစိုးရက ကရင် နှင့် မွန်ပြည်နယ်အတွက် ဆိုင်ကယ်လိုင်စင်ကို ဆက်မထုတ်ပေးသော်လည်း ထိုင်း နှင့် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ဘီးများက အပစ်ရပ်အဖွဲ့အစည်းများ၏ တရားမဝင်လမ်းကြောင်းများမှ အဆက်မပြတ် ဝင်ရောက် လျှုက်ရှိသည်။
တဘက်နိုင်ငံမှ ဆိုင်ကယ်ခိုးသွင်းရောင်းချနေသူများမှာ ကရင်အပစ်ရပ်အဖွဲ့များက အများစု လုပ်ကိုင်ကြပြီး မွန်ပြည်သစ်ပါ တီ နှင့် စီးပွားရေးတွဲလုပ်သူများ၊ အဆက်အသွယ်ရှိသူများလည်း ပါဝင်ကြသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဤကဲ့သို့ တရား မဝင် ဆိုင်ကယ်တင်သူနေသည်ကို စစ်အစိုးရအာဏာပိုင်များက လျစ်လျူရှုထားကြပြီး စီးနင်းသူပြည်သူများ မတော်တဆမှု ဖြစ်ပွားခဲ့လျှုင် ဆိုင်ကယ်ကို သိမ်းသည့်အပြင် စီးနင်းသူကိုပါ ငွေညှစ်မှု၊ ထောင်ချမှုများဖြင့် အရေးယူတတ်ကြောင်း ဘားအံ မြို့မှ ကျောင်းသားတစ်ဦးက ပြောသည်။
|