စီးပွားရေးအကျပ်အတည်းက မွန်ကလေးတို့၏ ပညာရေးကို ထိခိုက်နေဆဲ |
Kaowao / ဒီဇင်ဘာ ၂၀ ၊ ၂၀၀၇
မိဘတို့၏စားဝတ်နေရေး မပြေလည်မှု စီးပွားရေးအကျပ်အတည်းမှုကြောင့် မွန်ကလေးငယ်တို့၏ ပညာရေးကို ထိခိုက်နေ ဆဲဖြစ်ကြောင်း ပညာရေးလေ့လာနေသူများ၏ အဆိုအရသိရသည်။

နယ်စပ်တစ်နေရာတွင် နိုင်ငံခြားသားတစ်ဦးနှင့်အတူ မွန်ကလေးငယ်များကို တွေ့ရပုံ - - - (ဓါတ်ပုံ - Kaowao Newsgroup)
``ကျွန်မတို့ လေ့လာထားချက်အရဆိုရင် ကလေးတွေမူလတန်းအဆင့်မှာဘဲ ကျောင်းနေတာများပြီး အလယ်တန်း၊ အထက် တန်းအဆင့် ရောက်သူနည်းတယ်၊ မိဘတွေရဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတစ်ခုတစ်ခုနဲ့ ဆက်စပ်ပြီးတော့ ကျောင်းဆက် တက်နိုင်သူ အရမ်းကိုနည်းတယ၊် အထက်တန်းတွေက စရိတ်စကလည်း များလာတယ်၊ ကလေးတွေကို ဆက်ထောက်ပံ့ဖို့ မတက်နိုင်ကြတော့တာများတယ်၊ အဓိကအကြောင်းအရင်းက ဆင်းရဲတာကြောင့်ဘဲ´´ ဖြစ်ကြောင်း မိစရိုင်းနွန် အမျိုးသမီးနှင့် ကလေးအခွင့်အရေးအဖွဲ့က ပြောသည်။
မွန်ပြည်နယ်အတွင်း ကလေးငယ်အများအစုမှာ မိဘတို့၏စားဝတ်နေရေး လက်ရှိပြဿနာများအောက်တွင် ဖြေရှင်းနိုင်ရေး အတွက် ကလေးများကိုယ်တိုင် ကျရာအခန်းကဏ္ဍမှ ၀င်ရောက်ကူညီကြရင်း ကျောင်းထွက်လိုက်ကြရကြောင်း မိစရိုင်းနွန်က ဆက်ပြောသည်။
မိန်းကလေးငယ်များလည်း အရွယ်မရောက်သေးခင် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုများ၊ စားသောက်ဆိုင် အသိုင်းအ၀ိုင်းအတွင်းသို့ ရောက်နေကြသည်မှာ ယမန်နှစ် (၂၀၀၆) ထက်ကပိုမိုတွေ့လာရကြောင်း မော်လမြိုင် တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ဆိုသည်။
``စားသောက်ဆိုင်များမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေက အစက မသိလို့၊ နားမလည်သေးလို့ ရောက်လာကြတာရှိ သလို၊ သိသိကြီးနဲ့ စီးပွားရေးမပြေလည်မှုကြောင့်ဖြစ်ဖြစ် အခုလောလောဆယ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ၀င်လုပ်တဲ့သူ လည်းရှိတယ်၊ မော်လမြိုင်မြို့တစ်ဝိုက် စားသောက်ဆိုင်ထဲမှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေဟာ အရမ်းငယ်ရွယ်ကြတယ်၊ ဒီအလုပ်မျိုးလုပ်သင့်တဲ့အရွယ်တွေ မဟုတ်ဘူ´´ ဟု ထိုကျောင်းသားက ဆက်ပြောသည်။
နယ်စပ်ဒေသမှ မွန်ကလေးငယ်များမှာ မိဘတို့၏ရွေ့ပြောင်းအလုပ်သမားဘ၀ကြောင့်သော်လည်းကောင်း၊ မိဘတို့၏အခြေခံ အခွင့်အရေး ဆုံးရှုံးမှုများကြောင့်သော်လည်းကောင်း အခမဲ့ကျောင်းများတွင်သာ ရွေ့ပြောင်းထားခြင်းကြောင့် ဘာသာစကား နားမလည်မှုကြောင့် ပညာရေးဘက်တွင် စိတ်ဝင်စားမှုနည်းပါးကြသည်။
မဲဆောက်မြို့မှ မွန်ကလေးငယ်များကို စာသင်ကြားနေသောဆရာတစ်ဦးက `` ကျွန်တော်တို့ကျောင်းကိုရောက် တဲ့ကျောင်း သားမိဘတွေက တောင်ယာလုပ်ငန်းများမှာ နေ့စဉ်လုပ်ကိုင်နေသူတွေချည်းပဲ၊ သူတို့မိဘတွေက အဆင်မပြေကြဘူး၊ ဒီထက် ကောင်းတဲ့အရပ်ဒေသ အဆင်ပြေတဲ့ဒေသကို လိုက်ပြောင်းနေကြတော့ ကလေးတွေလည်း ပညာတစ်ဝက်တစ်ပျက်နဲ့ ကျောင်း ထွက်လိုက်ရတာရှိတယ်၊ ဒီမဲဆောက်အပြင်က ဖုတလရွာက မွန်ကလေးတွေရဲ့မိဘတွေဆိုရင် နေ့လုပ်နေ့စားဘ၀တွေချည်းပဲ၊ သူတို့ကလေးတွေအတွက် အကြိုအပို့ကအစ ကျွန်တော်တို့ တာဝန်ယူထားတော့သာမှ သူတို့မှာအခက်အခဲတွေ အများကြီးရှိ နေသေးတယ်´´ ဟုပြောသည်။
ထိုမဲဆောက်အခြေစိုက် မွန်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့သည် ထိုဒေသရှိမွန်ကလေးငယ်များ၏ ပညာရေး အတွက် မွန်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် လေးဘာသာဖြင့် ကျောင်းတစ်ကျောင်းဖွင်လှစ်ထားပြီး (၂၀၀၇) ခုနှစ် ပညာရေးသင်နှစ် တွင် သုံးနှစ်မှ ဆယ့်နှစ်နှစ်အကြား မွန်ကျောင်းသား (၉၃) ဦးလာရောက်အပ်နှံရာတွင် ယခုအခါအယောက် (၄၀) ကျော်သာ ဆက်လက်ပညာသင်ကြားနေကြကြောင်း ထိုကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ နိုင်အဂ္ဂကဆိုသည်။
မဲဆောက်မြို့ရှိ အဆိုပါမွန်ကလေးစာသင်ကျောင်းမှာ လုံခြုံရေးနှင့်နေရာလပ်မရှိသောကြောင့် ကလေးများအတွက် ကျန်းမာ ရေးဆိုင်ရာလေ့ကျင့်ခန်းလုပ်ရန် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။
ဘုရားသုံးဆူ၊ စံခရဘူရီ နယ်စပ်တစ်ဝိုက်ရှိ မွန်ကလေးငယ်အများစုမှာ မိဘများကစီးပွားရေးအပိုင်းတွင် ဖြေရှင်းနေကြရ၍ သူတို့အတွက်အချိန်မပေးနိုင်မှုနည်းပါးခြင်းကြောင့် ထိုလွတ်လပ်မှုများကြောင့် လမ်းပေါ်လေလွင့်ခြင်းများဘ၀သို့ ငယ်ငယ် ရွယ်ရွယ်တွင် ရောက်သွားကြသည်။
`` ဒီဝင်က (စံခရဘူရီ) ရွာက ကလေးတစ်ဝက်ကျော်ကျော်ဟာ မိဘတွေကအချိန်ပြည့်အလုပ်လုပ်နေကြရလို့ မနက်ကစပြီး မိုးချုပ်အထိအလုပ်ထဲမှာဆိုတော့ ကလေးတွေကိုလူကြီးတွေက အချိန်အပြည့်မစောင့်ရှောက်နိုင်ကြဘူး။ နည်းနည်းသိနားလည် တဲ့အရွယ်ရောက်တော့ လမ်းမှားတဲ့ဘက်ရောက် ကြတာများတယ်၊ ပြီးတော့သူတို့ပညာရေးမှာလည်း လေးနက်မှုမရှိကြဘူး၊ မိဘတွေကိုယ်တိုင်ကလည်း ကောင်းတဲ့ အကြောင်းအမြင် ဗဟုသုတဘက်မှာ ထိုက်သင့်သလောက်မသိကြတော့ သူတို့ ကလေးတွေ (၅)တန်း (၆) တန်းလောက်ရတာနဲ့ ကျောင်းထွက်ကြပြီး အလုပ်လုပ်ကြပြီး´´ ဟု စံခရဘူရီ မွန်ရွာဘက်ကမ်း ထိုင်းအစိုးရ ကျောင်းတွင် မွန်ဘာသာသင်ကြားနိုင်ရန် ကြိုးစားခဲ့သူ ကျောင်းဆရာတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးနှင့် ဖူးကတ်ဘက်မှာ မွန်တိုင်းရင်းသားရွေ့ပြောင်းအလုပ်သမားများမှာ မြန်မာနိုင်ငံမှ အခြားတိုင်း ရင်းသားများနှင့်အတူ ဘာသာစကားအခက်အခဲ မိဘတို့၏ရွေ့ပြောင်းအလုပ်လုပ်ကိုင်ရာသို့ လိုက်လည်ပြောင်းရွေ့နေရ၍ မွန် ကလေးငယ်များမှာ ဘာသာ၊ သာသနာ အကြောင်းကြားဖူးရုံ၊ နားလည်ရုံမျှသာ သိတတ်ကာ ကျောင်းပြောင်း၊ ကျောင်းထွက် လိုက်ကြရကြောင်း ဖန်ငါးတွင် အလုပ်သမားအရေးကူညီနေသော `` စေတနာဖောင်ဒေးရှင်း´´ မှမွန်ကျောင်းဆရာ သံဃာ တစ်ပါးက မိန့်ကြားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိမဟာချဲာ မြန်မာအလုပ်သမားရွာတွင် လူငယ်များကိုအချိန်ပိုင်း ပညာသင်ပေးနေသူ နိုင် ဟောင်မန်းက `` လူငယ်တွေကအလုပ်တစ်ဖက်နဲ့ အားလပ်ချိန်မှာစာသင်နေ သူတွေရှိတယ်၊ ဒါပေမယ့် ဒီမဟာချဲာဒေသ လူဦးရေနဲ့စာရင်တော့ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းတယ်´´ဟု ဆိုသည်။ မဟာချဲာဒေသ ခေါ် စမွတ်စခွန်ဒေသတွင် မြန်မာရွေ့ပြောင်းအလုပ်သမား သန်းဝက်ခန့်ရှိကြောင်း အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းများ ခန့်မှန်းကြသည်။ ထိုဒေသရှိ မြန်မာအလုပ်သမားဦးရေ၏ (၇၀) ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှ မွန်လူမျိုးဖြစ်ကြောင်း ထိုမဟာ ချဲာတွင်ရှိသော မွန်အဖွဲ့အစည်း များကဆိုသည်။
ထိုင်းနယ်စပ်တစ်နေရာတွင် ကျင်းပခဲ့သောမွန်လူငယ်များ အမြင်ချင်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြသော မွန်ပြည် သူလူငယ်များ ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်တစ်ဝိုက်မှာ မွန်လူငယ်များနှင့်မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေမှ မွန်လူငယ် များတွင် မွန်ပြည်သစ်ပါတီမှ လူငယ်များသည်ဝင်ရောက်နှီးနှောနိုင်စွမ်း နည်းပါးကြပြီး ဗဟုသုတပိုင်းဆိုင်ရာ အားအနည်း ဆုံးဖြစ်သည်ဟု လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့(မွန်ပြည်)မှ နဲာကဆော့မွန် သွားရောက်လေ့လာခဲ့သူတစ်ဦးက ပြောသည်။
မွန်ပြည်နယ် ရထားပေါ်တွင် ခရီးသည်တစ်ဦးနှင့်အတူ တွေ့ရသောကလေးငယ်တို့၏ဘဝ - (ဓါတ်ပုံ - Kaowao Newsgroup)
 |