မြန်မာနယ်စပ်တွင် ဖြစ်ပေါ်နေသောအကျပ်အတည်း |
Ashley South / ဒီဇင်ဘာ ၂၁ ၊ ၂၀၀၇

ရွှေဝါရောင်တော်လှန်ရေးကို ရက်ရက်စက်စက် ဆက်လက်ဖိနှိပ်နေခြင်းဟာ ဗမာပြည်မှာ ထိတ်လန့်ဖွယ်ကောင်းသောလူ့အ ခွင့်အရေး နှင့် နိုင်ငံရေးအခြေအနေများကို နိုင်ငံတကာ အာရုံစိုက်မှုအောက်မှာ ပြန်လည်ရောက်ရှိသွားပါသည်။
ရန်ကုန်မြို့နှင့် တခြားမြို့က ရဟန်းသံဃာတော်များနှင့် အရပ်သားများကို ဖမ်းဆီး၊သတ်ဖြတ်သည့်ပုံရိပ်လွှာတွေဟာ ယဉ် ကျေးသောပြည်သူလူထုတို့အား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
နားလည်သဘောပေါက်ထားတာက နအဖစစ်အစိုးရ၏လုပ်ရပ်တွေအပေါ် ဖြစ်ပေါ်လာသည့် စက်ဆုပ်ရွံရှာသောခံစားချက်
သည် ရာစုနှစ်တ၀က်လောက် (၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းပွဲကတည်းက) ဗမာပြည်ကို လွဲမှားစွာ အုပ်ချုပ်လာခဲ့သော စစ် ဗိုလ်ချုပ်တွေကို ထိရောက်သောနည်းလမ်းဖြင့် အရေးယူပေးဖို့တောင်းဆိုချက်ဆီ ဦးတည်သွားစေပါသည်။
တိုင်းသူပြည်သားတို့၏ လူအခွင့်အရေး၊ အရပ်သားအခွင့်အရေး နှင့် နိုင်ငံရေးအခွင့်အရေးများကို ပိုးပြီး လေးစားလာအောင် ဗမာစစ်အစိုးရအား ဘယ်လိုတိုက်တွန်းဖျောင်းဖျရမလဲဆိုတဲ့အချက်ဟာ နိုင်ငံတကာအဖွဲ.အစည်းများအတွက် စိန်ခေါ်ခံနေ ရတဲ့အချက်ဖြစ်ပါသည်။
စစ်အစိုးရပြုပြင်ပြောင်းလဲရေးမှာပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဆီ တဖြည်းဖြည်း ကူးပြောင်းသွားရာမှာပဲဖြစ်ဖြစ်၊ မြန်မြန်ဆန်ဆန် စစ်အုပ်ချုပ်မှု ပုံစံပြောင်းစေရာမှာပဲဖြစ်ဖြစ်၊ ဤလိုအပ်ချက်များသည် အချေအတင် ဆွေးနွေးစရာများ ဖြစ်ပါသည်။ ရှင်း နေသောအချက်တချက်မှာ ဗမာပြည်မှာ အပြောင်းအလဲ လိုအပ်နေသည် ဆိုသောအချက် ဖြစ်ပါသည်။ မကြာသောအချိန်မှာ။
ထိုအတောအတွင်း ကျေးလက်ဒေသမှ ပြည်သူလူထုတွေအတွက်မှာ ဘာမှ သိပ်ကြီးကြီးကျယ်ယ် ပြောင်းလဲ မသွားပေ။၊ ထို အုပ်စုမှာ ဗမာစစ်တပ်နှင့် ဗမာစစ်အစိုးရတို့၏ဖိနှိပ်မှုများ၊တခါတလေ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖိနှိပ်မှုများကို ဆက်လက်ခံစားနေရဆဲပင် ဖြစ်သည်။၊
ကျေးလက်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများ၏အခြေအနေအတွက်မူ အထူးခက်ခဲပါသည်။၊ သူတို့သည် လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခဒဏ်ချက်များ၊ဆည်းမြောင်စသည့်ကြီးကျယ်သောဆောက်လုပ်ရေး စီမံကိန်းများ၏ ခြိမ်းခြောက်မှုဒဏ်များ၊ သစ်တောခုတ်လဲမှု၊ မိုင်းတွေတူးဖေါ်မှုစသည့် သဘာဝသယံဇာတထုတ်ယူမှုကြောင့် လူနေထိုင်မှုဘ၀ ထိခိုက်မှုဒဏ်များ၊ သူတို့လယ်မြေတွေကို စစ်အစိုးရနဲ့ တခြားအာဏာရှိသူတို.၏သိမ်းယူမှု ဒဏ်တို့ကိုပါ ခံနေကြရသည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် ၎င်းတို့၏ဆင်းရဲဒုက္ခများကို မမေ့ရန် အင်မတန် အရေးကြီးသည်။၊ ဒီကနေ့ ဗမာပြည် တွင် ပြည်တွင်းဒုက္ခသည် ( ၅)သိန်းကျော် ရှိသည်။ သူတို့အ များစုသည် ပြည်တွင်းတွင် အဆင်းရဲဆုံး နှင့် အဖိနှိပ်ခံရဆုံး လူမျိုးများဖြစ်ပြီး အများစုမှာ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းလူမျိုးတွေနှင့် တခြားသောလူနည်းစုများ ဖြစ်သည်။ ထိုင်း-မြန်မာနယ် စပ်တွင် ဒုက္ခသည်စခန်းဆယ်ခုတွင် နေထိုင်နေသော ဒုက္ခသည်ပေါင်း (၁)သိန်းခွဲ နှင့် (ဗမာပြည်မှ အများစုဖြစ်သော) ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်တို့ကိုလဲ စိုးရိမ်းမိသည်။
မကြာမီ ရက်သတ္တပတ်အတွင်း အစိုးရထိန်းချုပ်ရာဒေသများတွင် လုပ်ဆောင်နေသော နိုင်ငံတကာ နှင့် ဒေသဆိုင်ရာအဖွဲ့ အစည်းများဖြင့် အကောင်အထည်ဖေါ်နေသည့် ပြည်တွင်းရှိ လူသားချင်းစာနာထောက်ထားမှုစီမံကိန်များကို အလှူငွေထပ် ပေးမည် ဟူသော ကတိက၀တ်ကို နိုင်ငံတကာအလှူရှင်များက ဗမာပြည်အခြေအနေအပေါ် တုံ.ပြန်သွားပါသည်။
ဤတုံ.ပြန်ချက်သည် လုံးဝသင့်လျော်မှုရှိတဲ့တုံ.ပြန်ချက်ဖြစ်သည်။၊ တခြားတူညီသည့် ဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှုကို ဖော်ပြ နေသောနိုင်ငံများနှင့်စာလျှင် ဗမာပြည်သည် လူတစ်ဦးတစ်ယောက်အတွက် နိုင်ငံခြားအကူအညီရရှိမှု အလွန်နည်းပါးသည်။၊ ဗမာပြည်တွင် ဆင်းရဲသောလူအုပ်စုအတွက် ပစ်မှတ်ထားပြီး အကူအညီထပ်ပေးသင့်သည် ဆိုသည်ကို ကျနော်တို့ငြင်းခုံနေ သည်မှာ ကြာလှပါပြီ၊ ၎င်းအကူအညီသည် ဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများ ကွန်ယက်နှင့်ဖြစ်စ် ကျန်းမာရေးနှင့် ပညာရေးဌာန စသည့်သင့်လျော်သော အစိုးရဌာနများနှင့်ဘဲဖြစ်စ် လက်တွဲပြီး အကောင်အထည်ဖေါ်သင့်ပါသည်။
သို့သော်ငြားလည်း ဗမာပြည်ကို ပေးသောနိုင်ငံတကာအကူအညီသည် အလဟဿသုညရလဒ် လှည့်ကွက်မဖြစ်သင့်ပေ။ ပြည်တွင်းရှိ ဒုက္ခရောက်နေသူများအား ပေးနေသောအကူအညီကို နယ်စပ်ဒေသမှာ ရှိသောလူအုပ်စုတွေ၏အသုံးစရိတ်ဟု မထည့်တွက်သင့်ပါ။ ဗမာပြည်အရှေ.ပိုင်း နှင့် ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်များနှင့် ပြည်တွင်းအိုးအိမ်မဲ့သူများအတွက်မှာ နိုင်ငံ တကာ အကာအကွယ် နှင့် အကူအညီများ လိုအပ်နေဆဲပင် ဖြစ်သည်။
ထိုင်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်များကို နှစ်ဆယ်စုနှစ်ကျော် ပံ့ပိုးကူညီနေပြီး ဗမာပြည်တွင် အိုးအိမ်မဲ့သူများ၏ ဆင်းရဲဒုက္ခများကို နိုင်ငံတကာက အာရုံစိုက်လာအောင် ညွန်းပြခဲ့သော အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ အ တွက်မှာ ဘဏ္ဍာငွေ အကျပ်အတည်းတွေနှင့် အပြင်းအထန် ရင်ဆိုင်နေကြရသည်။
Thailand Burma Border Consortium (TBBC) အဖွဲ.ဟာ ဗမာပြည်မှ အိုးအိမ်မဲ့သူများအတွက် အိုးအိမ်များနှင့် အစားအစာ များကို ထောက်ပံ့ပေးနေသောအဓိက တာဝန်ရှိ အန်ဂျီအိုအဖွဲ.ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း တီဘီဘီစီနှင့် တခြားသောအန်ဂျီအိုများအနေနှင့် အမျိုးသမီးများ၊ အလွှာစုံလူနည်းစုများနှင့် လက်ရွေးစင်မဟုတ်သော လူစုများအပိုင်းမှာ စခန်း၏ အုပ်ချုပ်မှုအရေးကို ပူးပေါင်းပါဝင်မှု ပိုပြီး ကျယ်ပြန့်လာအောင် ဒုက္ခသည်အဖွဲ.အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် ခဲ့ပါသည်။
ယနေ.ဆိုလျှင် နယ်စပ်ရှိ ဒုက္ခသည်အုပ်ချုပ်ရေးအဖွဲ.များက ”အကောင်းဆုံးလေ့ကျင့်မှု“ စံနမူနာအဖြစ် ရပ်တည်နေပါသည်။
စခန်းတွင် ကိုယ်စားပြုသော အဖွဲ့အစည်းအသီးသီးမှာ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ဖြန်.ဝေမှု နှင့် အုပ်ချုပ်မှု
အပေါ် မိမိ ပိုင်ဆိုင်တဲ့အဆင့်အတန်တစ်ခုကို ခံစားနေရပြီး ကမ္ဘာတ၀ှမ်းရှိ ဒုက္ခသည်အခြေအနေများတွင် သာမန် မဟုတ်
သောအခြေအနေဖြစ်ပါသည်။ ထိုသော်ငြားလည်း၊ ၎င်းတို့အောင်မြင်မှုများသည်၊ တဖြည်းဖြည်းအန္တရာယ်ဆိုက်ရောက်နေပါ
သည်။
အဘယ်ကြောင့်ဆိုသော်၊ ရေရှည်ငွေကြေးပြတ်တောက်မှုကြောင့် ဒုက္ခသည်များကို ပေးနေသောအထောက်အပံ့ ပစ္စည်းများ ဖြတ်တောက်ရန် တီဘီဘီစီအနေနှင့် ဖိအားပေခံနေရကြောင့်ဖြစ်ပါသည်။
ထိုင်း မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်များကို ကူညီနေသောတီဘီဘီစီ နှင့်တခြားသောအန်ဂျီအိုတို့အား နှစ်ရှည်ကြာ
ထောက်ပံ့ပေးလာခဲ့သော အလှူရှင်များအနေနှင့် ဆက်လက်ပြီး ထောက်ပံ့ပေးသင့်ပါသည်။ တတိယနိုင်ငံသို့ အခြေချနေ ထိုင်မှု ဆိုသော “ကြာရှည်ခံအဖြေ“ ကို ဒုက္ခသည်ဦးရေအမြောက်အများ ခေါ်ဆောင်နေပါသဖြင့် ဆယ်စုနှစ်အတွင်း စခန်း များ ပိတ်သွားနိုင်ပါသည်။ ထိုအတောအတွင်း၌ ဘာပဲဖြစ်စ် ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ခွင့်ရရန် ထိုင်းအစိုးရ အနေနှင့် ဘယ်လောက်ပင် ခက်ခက်ခဲခဲ လုပ်ထားစေကာမူ ထောင်နှင့်ချီသောလူများက နယ်စပ်ဒေသသို့ လစဉ် စုရုံးရောက် ရှိလာနေဆဲပင် ဖြစ်သည်။
ဗမာပြည်တွင် ပြည်တွင်းစစ်သည် ( ၁၉၉၀)ခုနှစ်နှောင်ပိုင်းတွင် နောက်ဆုံးအခန်းသို့ ရောက်သွားပါသည်။ နအဖနှင့်တိုက်နေ ဆဲဖြစ်သော လက်နက်ကိုင်အဖွဲ့အနည်းငယ်တို့မှာ အလွန်ဆိုးရွားသောအခြေအနေနှင့် ရင်ဆိုင်နေရပြီး သူတို့ထိန်းချုပ်ထား သောနယ်မြေအောက်တွင် နေထိုင်နေသည့် ပြည်သူလူထုတွေက ယခင်ကထက် ပိုပြီး အန္တရာယ်ဆိုက်ရောက်နေပါသည်။ ကြောက်မက်ဖွယ်ကောင်းသော နယ်စပ်တလျှောက်ရှိ လူသားချင်းအခြေအနေများ၊ ဗမာပြည်တွင်း၊ပြည်ပမှအိုးအိမ်းမဲ့သူများ၊ နှင့် ဒုက္ခသည်များအား ကျနော်တို့၏ ဆက်လက်ထောက်ပံ့မှုကို ထိုက်ထိုက်တန်တန် ပေးကြပါ၊ နယ်စပ်မြေရှိ လူများ၏ ကြာ ရှည်ဆင်းရဲဒုက္ခများကို ပစ်ထားရန် အချိန်မရောက်သေးပေ။၊
|