မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--> Kaowao burmese version


 

နအဖ ပစ်ခတ်၍ ဒီကေဘီအေ(၅)ဦး ကျဆုံး

သမွတ်ချမ်း - Kaowao / ဒီဇင်ဘာ ၁၉၊ ၂၀၀၇


ကေအန်ယူကို ထိုးစစ်ဆင်ရန် တပ်မဟာ(၆)နယ်မြေသို့ ရောက်နေသော နအဖစစ်တပ်တို့၏ ပစ်ခတ်မှုကြောင့် ဒီကေဘီအေစစ် သား(၅)ဦး ကျဆုံးသွားကြောင်း နယ်စပ်မှလာသောသတင်းအရ သိရသည်။


နအဖတပ် နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားဒီမဝ်ကရက်တစ်တပ်မတော် (ဒီကေဘီအေ)တို့ ပူးတွဲစစ်ဆင်ရေး တွင် အချင်းများကြရာမှ ပစ်ခတ်ကြခြင်း ဖြစ်သည်။


“ပစ်ကြတဲ့အကြောင်းအရင်းက ကေအန်ယူကို ချောင်းပစ်ဖို့ နအဖစစ်တပ်က ဒီကေဘီအေ တပ်ရင်းမှူး ရန်မင်း ဦးဆောင်တဲ့ တပ်ရင်း(၉၀၁)ကတပ်သားတွေကို ခိုင်းတာ ငြင်းဆိုတဲ့အတွက် အချင်းများကြပြီး နအဖဘက်က ပစ်တာ၊ ဒီကေဘီအေတပ်က (၅)ဦးသေတယ်လို့ကြားတယ်၊ နအဖဘက်က သေတာမကြားဘူး ” ဖြစ်ကြောင်း အပစ် ရပ်အဖွဲ့မှ အရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။


ဒီဇင်ဘာ(၁၆)ရက်နေ့က ကေအန်ယူတပ်မဟာ(၆)နယ်မြေ တီးကထိန်ရွာတွင် နအဖ တပ်မဟာ(၄၄)မှ ပစ်သတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


အခင်းဖြစ်ပွားချိန်တွင် နအဖဘက်မှ အင်အား(၇၀)ကျော် ရှိပြီး ဒီကေဘီအေ (၉၀၁)တပ်ရင်းမှူး ရန်မင်းမှာ အစည်းအဝေး တက်ရောက်ရန် မြိုင်ကြီးငူ စစ်ဌာနချုပ်သို့ ရောက်ရှိနေသည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.