ဆောင်းပါး
ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား? ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား? |
မင်းကာန်စီ / ဇူလိုင်၂၈ ၊ ၂၀၀၈။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ပူးပေါင်းလုပ်ဆောင်မလား? ကုလလုံခြုံရေးကောင်စီ၏ ဖိအားပေးမှု နှင့်ရင်ဆိုင်မလား? ဆိုသည့်မေးခွန်းကို အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား မေးလိုက်သည်။
နောက်လတွင် မြန်မာပြည်ကို သွားရောက်မည့်မစ္စတာဂမ်ဘာရီနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးပြီးနောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက ဂမ်ဘာရီ၏ခရီးစဉ်သည် တိကျသောရလဒ်တစ်ရပ်ကို မျှော်လင့်ကြောင်း ကုလဆိုင်ရာအမေရိကန် သံအမတ် ဇာမေးကာလီဇတ် Zalmay Khalilzad က သတင်းထောက်အား ပြောပြပါသည်။
မစ္စတာဂမ်ဘာရီ၏ခရီးစဉ်ကို အခွင့်ကောင်းတစ်ခုအဖြစ် လက်ခံပါ၊ နိုင်ငံရေးတိုးတက်မှုမရှိရင် နိုင်ငံရေးမငြိမ်သက်မှုဆီ ဦးတည်နေတယ်လို့ ကျနော်တို့မြင်တယ်၊ အဲဒါကို လုံခြုံရေးကောင်စီက သာမန်ကိစ္စလို့ဆိုပြီး ဆက်လက်သည်းခံမှာ မဟုတ်ဘူးလို့ အမေရိကန်ကိုယ်စားလှယ်က ပြောပါသည်။
စစ်အစိုးရအနေနှင့် မျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် သဘော တူရမည်၊ တစ်ချိန်တည်းမှာဘဲ ဒေါ်စုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရမည်ဟု သူက ဆက်ပြောသည်။
အကယ်၍ ဘာမှတိုးတက်မှုမရှိဘူးဆိုရင် စစ်အစိုးရကို ပိုမိုအရေးယူဆောင်ရွက်ချက်များနှင့် ဖိအားပေးမှုကို ကျနော်တို့ လုပ်ဆောင်ရမည်ဟု ဆက်ပြောသည်။
လွန်ခဲ့သော (၆) လလောက်မှာ မြန်မာနိုင်ငံရေးဟာ နောက်သို့ပြန်ဆုတ်သွားနေတယ်လို့ ဗြိတိန်သံအမတ် ဂျွန်းဆိုဝါ John Sawers က လုံခြုံရေးကောင်စီ၏အဖွင့်အစည်းအဝေးမှာ ပြောကြားလိုက်သည်။
နိုင်ငံတကာ၏တောင်းဆိုချက်များကို ပြန်မပြော၊ နားမထောင်သည့် မြန်မာစစ်အစိုးရ၏လုပ်ဆောင်ချက်ကို ကျနော်တို့ အလုပ်လုပ်ဖို့ ခက်ခဲနေသည်ဟု ဗြိတိန်သံအမတ်က ဆက်ပြောသည်။
ကောင်စီ၏အလှည့်ကျဥက္ကဌဖြစ်သော ကုလသံအမတ် လီလုန်မင်းကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံအနေနှင့် ဂမ်ဘာရီ၏ခရီးစဉ် ကို အပြည့်အဝ ထောက်ခံပြီး သူရဲ့ကြိုးပမ်းချက် အောင်မြင်သည်ကို မြင်တွေ့လိုကြောင်း ထပ်လောင်းပြောကြားသည်။
မေလတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဂမ်ဘာရီ၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်၊ လူ ၃၁ ယောက်လောက် သေဆုံးစေ သည့်စက်တင်ဘာအရေးအခင်းပြီးနောက်ပိုင်း ဂမ်ဘာရီက မြန်မာပြည်ကို ၃ ကြိမ် သွားရောက်ခဲ့သည်။
ဗုဒ္ဓဟူးနေ့တုန်းကလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဂမ်ဘာရီ၏ခရီးစဉ်အတွက် မိတ်ဆွေဆုံဆည်းပွဲ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ရန် မြန်မာစစ်အစိုရအား တိုက်တွန်းလိုက်သည်။
မိတ်ဆွေဆုံဆည်းပွဲ အဖွဲ့အနေဖြင့် စစ်အစိုးရနှင့် ဒေါ်စုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲ၊ ရွေးကောက်ပွဲ လုပ်ငန်းဆောင်တာ အပေါ် အယုံအကြည်ရှိမှုနှင့် ကုလရုံးချူပ်နှင့် ပူးပေါင်းဆောင်ရွက်မှု စည်းကမ်းချက်များနှင့်ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုများ မြင်တွေ့လိုကြောင်း အထူးပြောကြားလိုက်သည်။
ဒီဇင်ဘာလကတည်းက ဖွဲ့စည်းထားသောထိုအဖွဲ့၏အစည်းဝေးတွင် Australia, Britain, China, France, India, Indonesia, Japan, Norway, Russia, Singapore, South Korea, Thailand, the United States, Vietnam, the European Community and the European Union နိုင်ငံများ ပါဝင်တက်ရောက်ခဲ့သည်။
မင်းကာန်စီ
|