ဆောင်းပါး
မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ |
မင်းကာန်စီ / ဇူလိုင်၂၈၊ ၂၀၀၈။
မြန်မာပြည်၏ငွေလဲလှယ်နှုံးစနစ်ဆိုးကြောင့် မုန်တိုင်းဒုက္ခသည်များအတွက် လှူထားသော အလှူငွေများထဲမှ ၂၅ ရာခိုင်းနှုံး ပျောက်ဆုံးနေသည့်သတင်းကို ကုလသမဂ္ဂက ဝန်ခံပြောဆိုပြီးနောက် ယင်းပျောက်ဆုံးသွားသော အလှူငွေများကို ပြန်ပေးရန် မောင်သန်းရွှေဆီ အကြွေးတောင်းဖို့ အလှူရှင်နိုင်ငံအများစုမှ ဥပဒေပြုသူများက ပြင်ဆင်နေကြကြောင်း သိရှိရပါသည်၊ အလှူငွေများ FEC နဲ့ဘယ်လောက် လဲလှယ်ထားသလဲ၊ ဘယ်လောက်ဆုံးရှုံးသွားသလဲဆိုသည့် မေးစရာမေးခွန်းများသည် ကုလသမဂ္ဂ၏ငွေရေးကြေးရေးစနစ်ကို ကိုင်တွယ်လုပ်ဆောင်နေသော United Nations Development Program လို့ခေါ်သော ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းအား ကုလရုံးအခြေစိုက် Inner City Press က မေးပြန်တော့လဲ ဘာမှအဖြေမပေးနိုင်ဘဲ ဖြစ်နေတယ်။
ကုလသမဂ္ဂ၏လူသားချင်းထောက်ပံ့ရေးဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်ရေးရုံး Office for the Coordination of Humanitarians Affairs (OCHA) ကလဲ အချက်အလက်တွေ ဘာမှမပေးနိုင်သေးပါ၊ သို့သော် OCHA ၏ ပြောရေးဆိုခွင့်သူက Inner City Press ကို ခေါ်တွေ့ပြီး အလှူငွေအနည်းငယ် ပျောက်ဆုံးသည့်အကြောင်းကို John Holmes က ဝန်ခံပြောဆိုခဲ့ပြီး အများကြီး ဆုံးရှံးသွားမဟုတ်သည့်အကြောင်းကို ရှင်းပြသည်၊ မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်သူ Dan Baker ကလဲ အရင်တုန်းက ပျောက်ဆုံးမှုမရှိဘူးလို့ ပြောကြားခဲ့ပြီး အခုကျမှ ပျောက်ဆုံးမှုတစ်ချို့ ရှိတယ်လို့ ပြောပြန်သည်၊ သို့သော် အရေအတွက်အတိအကျမသိသော ထောက်ပံ့ရေးပစ္စည်း တစ်ချို့ဟာ မြန်မာပြည်မှာ ဝယ်ခဲ့တာမဟုတ်ဘူးလို့ ပြောနေပေမဲ့ အရေအတွက် ဘယ်လောက်လဲဆိုတာ မပြောပါဘူး။
လွန်ခဲ့သော သောကြာနေ့တုန်းက နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေတုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ပြောရေးဆိုခွင့်ရှိသူ Michele Montas ကို ကုလအနေနဲ့ FEC နှင့် ဘယ်လောက်လဲလှယ်ခဲ့ သလဲ၊ ဘယ်လောက် ဆုံးရှုံးခဲ့သလဲနှင့်ပတ်သက်၍ Inner City Press က ဒုတိအကြိမ်အဖြစ် တိုက်ရိုက်မေးမြန်ခဲ့ပါသည်၊ မစ္စ Michele Montas ကလဲ ဇူလိုင်လ ၂၈ ရက်နေ့အထိ စောင့်ပါ ဟု OCHA ရုံအရာရှိ John Holmes ကို ရည်ညွန်းလိုက်ပြန်သည်။
အလှူငွေအတွက် ဒေါ်လာသန်းပေါင်း ၂၀၀ ပြီးတော့ သန်းပေါင်း ၃၀၀၊ အဲဒီလို OCHA ရုံးအနေနဲ့ လိုက်တောင်းနေတာနှင့် ပတ်သက်၍ Inner City Press က လွန်ခဲ့သောနှစ်ပတ်လောက်ကတည်းက မေးမြန်းစုံစမ်းခဲ့ပါသည်၊ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ဂဏန်းအတိအကျကို အခုအချိန်အထိ မရရှိသေးပါ၊ ဒီကိစ္စလဲဘဲ အလှူရှင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ဥပဒေပြုသူများ စောဒကတက် မေးမြန်းစရာ ရှိသည်။ နာဂစ်မုန်တိုင်းကာလမတိုင်ခင်ကလဲ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဆိုင်ရာ ရုံးဌာနအများအစုက ဒေါ်လာနှင့် အက်ဖ်အီစီ ငွေလဲလှယ်နှုံးကြောင့် ၁၅ ရာခိုင်နှုံးးခန့် ဆုံးရှံးနေပြီးသားဖြစ်ပါသည်၊ ဒါပေမဲ့ သတင်းကတော့ Inner City Press ဆီ ရောက်လာပြီး အသေးးစားငွေကြေးစီမံကိန်း လို့ခေါ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေး စီမံကိန်း၏လုပ်ဆောင်ချက်ဟာ အနိမ့်ဆုံး ငွေလဲလှယ်နှုံးးကို လက်ခံထားသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ယူအန်ဒီပီ အနေဖြင့် တုံ့ပြန်ချက်ပေးဖို့ မေးခွန်းကို မဖြေဘဲ ငြင်းခဲ့သည်၊ ယူအန်ဒီပီက မြန်မာစစ်အစိုးရကို ဒေါ်လာတွေပေးပြီး ပြည်တွင်းသုံးကျပ်ငွေကို အနိမ့်ဆုံး လဲလှယ်နှုံးဖြင့် ရယူသည်၊ ယူအန်ဒီပီအနေနှင့် ဒေါ်လာနှင့်အက်ဖ်အီစီ ဘယ်လောက်လဲလှယ်ခဲ့တာ၊ ဘယ်ဈေးနှုန်းနှင့် လဲခဲ့တာတွေကို အခုချိန်အထိ ဘာမှ ထုတ်ပြန်တာမရှိသေးပါ။
ယင်းကိစ္စနှင့်ပတ်သက်၍ ယူအန်ဒီပီ စီမံခန့်ခွဲမှုတာဝန်ခံ Kemal Davis ကို Inner City Press က မေးလိုက်သည်၊ သူက လမ်းအကြားမှာ မေးတဲ့မေးခွန်းကို ကျနော် မဖြေဘူးလို့ ပြန်ပြောသည်၊ သူက ဆောင်းရာသီအကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးကောင်းလုပ်ပေးနိုင်မည်လို့ ထင်ပါရဲ့၊ အများစုက အရမ်းနောက်ကျတယ်လို့ သတ်မှတ်တယ်ဗျို့။
"As UN Admits 25% Loss in Myanmar, Demand for Return of Cash Grows, No UNDP Answers" ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။
မင်းကာန်စီ
|