မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ရွာလူကြီး စီးလာသောကား ပစ်ခတ်ခံရ၍ ရွာသား(၃)ဦး ဒဏ်ရာရ

Kaowao ဧပြီ ၁၈၊ ၂၀၀၈


ဘုရားပွဲတော် လုံခြုံရေးအတွက် မြန်မာစစ်သားများကို ပို့ဆောင်ပြီး အပြန်တွင် မွန်သူပုန်အဖွဲ့က ကားကို ပစ်ခတ်ခဲ့၍ လိုက်ပါလာသော ရွာသား(၃)ဦးတို့ ဒဏ်ရာ ရရှိသွားကြောင်း ရေးမြို့နယ်တောင်ပိုင်းမှ လာသောသတင်းအရ သိရှိရသည်။


ရွာလူကြီးတစ်ဦးနှင့်အတူ ရွာသား(၂၀)ကျော် လိုက်ပါလာသောကားကို အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရသွားသော ရွာသား(၃)ဦးကိုလည်း မော်လမြိုင်မြို့ ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း ခေါင်းတွင် ဒဏ်ရာအနည်းငယ်ရခဲ့သူ ကားသမားက ပြောသည်။


“အနီးကပ်ကို ပစ်တာ၊ ကျနော် မောင်းပြေးတော့ အနောက်က လူ(၃)ဦး ဒဏ်ရာရသွားတယ်။ မိန်းကလေးတစ်ယောက် နောက်ကျောခါးဘက်က ထိမှန်ပြီး သားအိမ်လဲ ပေါက်သွားတယ်။ ယောင်္ကျားတစ်ယောက်က ကျောမှာ ထိတယ်။ ကျည်ဆံ ထုတ်မရလို့ မော်လမြိုင် ဆေးရုံဘက်ကို အကုန်ပို့ထားတယ်” ဟု ယင်းကားသမားက ပြောကြားသည်။ သေနတ်ထိမှန် သူများမှာ ပွဲတော်ကျင်းပရေးကော်မတီမှ ဖြစ်ပြီး ဟမ်ဂမ်ရွာနှင့် ဆင်ဂူရွာမှ ဖြစ်သည်။


အသွားတွင် ရွာလူကြီးနှင့်မြန်မာစစ်သားများ ကားတွင် ပါလာသောကြောင့် ဟမ်ဂမ်ရွာမှ (၂)မိုင်ခန့် ဝေးသောနေရာတွင် ယင်းသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကားသမားက ဆက်လက်ပြောကြားသည်။ကျော်လွန်သွားသောကားကို
နောက်ကနေ အမြှောက်အသေးစားဗုံးများဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ကားတွင်လည်း (၅)ချက် ထိမှန်ခဲ့ကြောင်း ထိုသူက ဆိုသည်။


သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့များတွင် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာ ကျင်းပလေ့ရှိသည့်တန်ခိုးကြီး ကျိုက်ဒေးမင်ကလော့ဘုရားပွဲကိုလည်း ယင်းဖြစ်ရပ်ကြောင့် ယခုနှစ်တွင် ယင်းဖြစ်ရပ်ကြောင့် ပိတ်ပင်ခဲ့ရသည်ဟု ဘုရားပွဲစီစဉ်သူ ဆရာတော်က မြွကကြားသည်။


ကားကို မပစ်ခတ်ခင် လမ်းအပိတ်ခံရသော ဆိုင်ကယ်သမားများ၏အဆိုအရ နိုင်အိန္ဒ ဦးဆောင်သော (၈)ယောက်ခန့် ပါဝင်သော မွန်သူပုန်အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။


ထိုမွန်သူပုန်အဖွဲ့ကို ဦးဆောင်သူ နိုင်ချမ်းဒိန်က ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သူ့လူများက ရန်သူ့ပို့ဆောင်သောကားကို ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး ယင်းကားထဲတွင် ပြည်သူများ ပါလာသည်ကို မသိကြောင်း လွတ်လပ်သောမွန်သတင်းသို့ ပြောကြားသည်။


ရေးမြို့နယ်တွင် သြဇာရှိသော ဘုရားပွဲစီစဉ်သူ ကျိုက်ဒေးတမော့ပရတ် ဆရာတော်ဘုရား ပုပ္ပရမ္မ လည်း ဘုရားပွဲတော် ပျက်ပြားသွားသည်အထိ ဖြစ်ပွားခဲ့သော ယင်းလုပ်ရပ်ကို ရှုပ်ချလိုက်သည်။


၂၀၀၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်ကျချိန် ထိုကျိုက်ဒေးမင်ကလော့ဘုရားပွဲတော်ရက်တွင် နိုင်ချမ်းဒိန် ဦးဆောင်သော မွန်သူပုန်အဖွဲ့တို့လက်ချက်ဖြင့် ဘုရားဖူးသွားရောက်သူ(၁၁)ဦး သေဆုံးခဲ့ရပြီး လက်ဝတ်ရတနာ အများအပြားကိုလည်း ဒမြတိုက်လုယက်ခဲ့ဖူးသည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.