အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

Kaowao
စက်တင်ဘာ ၉၊၂၀၀၉။

စံခလပူရီ(၉-စက်တင်ဘာ)။      ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဝင်သင့်မသင့် မဆုံးဖြတ်ကြရသေး သော်လည်း လာမည့်ရွေးကောက်ပွဲဥပဒေကိုသုံးသပ်၍ ပါဝင်သင့်က အဆင်သင့်ဖြစ်နေစေရန် ရည်ရွယ်ပြီး မွန်နိုင်ငံရေးသမားစုစည်းကာ အဖွဲ့တစ်ဖွဲ့ စုဖွဲ့ထားပြီဖြစ်ကြောင်း ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်မိုးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

မျိုးဆက်သစ်မွန်လူငယ်အချို့အား အခမ်းအနားတစ်ရပ်တွင်တွေ့မြင်ရစဉ်
မျိုးဆက်သစ်မွန်လူငယ်အချို့အား အခမ်းအနားတစ်ရပ်တွင်တွေ့မြင်ရစဉ်


“ကျနော်က ဒီအဖွဲ့မှာပါဝင်သူဆိုပေမဲ့ ပြောရေးဆိုခွင့်ရှိသူတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့သိသင့်တဲ့ အချက်တစ်ချို့ကို ပြောပြလို့ရပါတယ်၊ အဓိကရည်ရွယ်ချက်က အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းမှာ လျှောက်လှမ်းသွားနိုင်ဖို့ပါ၊ လစ်ဘရယ်လစ်ဇင် Liberalism  ကိုအခြေခံပြီးသွားဖို့သင့်တော်တဲ့ မူတစ်ရပ်ကိုအခြေခံပြီး ကျနော်ကပဲဦးဆောင် တင်ပြခဲ့ပါတယ်” ဟု ဆိုပါသည်။

ထိုတတိယအင်အားစု မွန်နိုင်ငံရေးအဖွဲ့အစည်း၏ အမည်ကို အတိအကျ မသတ်မှတ်ရသေး၍ မထုတ်ပြန်သေးပေ။ မွန်ပြည်သစ်ပါတီဝင်ဟောင်းများ၊ အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူလတ်ပိုင်း ခေါင်းဆောင်များ၊ ပညာရှင်များ၊ အငြိမ်းဆရာဝန်၊ ကျောင်းဆရာများပါဝင်ကြသည်ဟု သိရသည်။

အဆိုပါအဖွဲ့အစည်းသစ်၌ မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်၊ ဗဟိုကော်မတီဝင်ဟောင်း နိုင်မြင့်ဆွေ  (ဗိုလ်မှူးကြီးဟောင်းလဝီအောင်)နှင့် နိုင်စိုးမြင့်တို့ပါဝင်သည် နိုင်အောင်မိုးက ပြောကြားခဲ့သည်။

ပညာရှင်များအုပ်စုတွင် အငြိမ်းစားပြည်နယ်ကျန်းမာရေးအရာရှိ ဒေါက်တာမင်းနွယ်စိုး၊ အငြိမ်းစားပြည်နယ် ပညာရေးမှူးနိုင်ငွေသိန်းတို့ ဦးဆောင်ပါဝင်ကြသည်ဟု သိရသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ တက္ကသိုလ်နည်းပြဆရာဟောင်း မွန်ရာဇာ တို့ပါဝင်ကြသည်ဟု ဆိုသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြားခြင်း မပြုသေးပေ။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမတ် ၅ နေရာရရှိခဲ့သည်။ ခေါင်ဆောင်များကိုလည်း မကြာခဏစစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ၁၉၉၂ ခု၊ မတ်လ ၁၉ ရက်နေ့၌ စစ်အစိုးရက တရားဝင်ပါတီမှရပ်စဲလိုက်သည်။ လက်ရှိတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များက သတင်းမီဒီယာများကို ဖွင့်ဟပြောဆို ခဲ့ကြသည်။

ထို့အတူ မွန်ပြည်သစ်ပါတီသည်လည်း နယ်ခြားတပ်အသွင်ပြောင်းလဲရေးကို လက်မခံကြသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း အတိအလင်းထုတ်ဖေါ်ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရတိုင်းမှူးနှင့်  မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးတို့ လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့၌ထပ်မံ တွေ့ဆုံခဲ့ကြပြီးနောက် လာမည့်မကြာခင်ရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပရန်ရှိကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံရေး အခြေအနေမတည်ငြိမ်မှု ဖြစ်ပေါ်နေသည့် လတ်တလောကာလ၌ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နိုင်ဥာဏ်ထွန်း၊ နိုင်လဝီမွန်၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီးကိုတာ တို့ နှုတ်ထွက်စာအသီးသီး တင်ထားကြပြီဟု သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီအား စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်လာစေရန် ဖြောင်းဖြနားချခဲ့သော KIO ကချင်လွတ်လပ်ရေးအဖွဲ့မှ ဝါရင့်ခေါင်းဆောင် ဒုဥက္ကဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးလည်းအသီးသီးနှုတ်ထွက်ခွင်ရခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်နိုင်ရန် ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP ကိုဖွဲ့စည်းရန် ပြင်ဆင်နေကြပြီဟု သတင်းများတွင်ဖေါ်ပြကြသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views