အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်ကြဦးမည်
သတင်း

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

Kaowao
စက်တင်ဘာ ၂၅၊၂၀၀၉။

ကန်ချနပူရီ(စက်တင်ဘာ-)။    ။ ထိုင်းနိုင်ငံအနှံ့တွင် အလုပ်လုပ်ကိုင်နေကြသော မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သွားရန်ကိစ္စအား အခြေအနေများ စောင့်ကြည့်သွားကြဦးမည်ဟု ယမန်နေ့က ကောင်းဝါသတင်းဌာန Kaowao Newsgroup ၏ အရေးပေါ် Online ဆွေးနွေးမှုတစ်ရပ်၌ ထိုင်းနိုင်ငံဒေသအနှံ့ရှိ မွန်အလုပ်သမားများ၊ နိုင်ငံတကာရှိ အဝေးရောက်မွန်များ ပြောဆို ဆွေးနွေးခဲ့ကြသည်။

မွန်အလုပ်သမားအချို့အလုပ်လုပ်နေကြပုံ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မြန်မာအာဏာပိုင်များ အကျင့်ပျက်နေမှုကို သိရှိနေကြပြီး ဥပဒေချိုးဖေါက်မှုများလည်းရှိနေကြသည်ဟု သုံးသပ်တင်ပြဆွေးနွေးခဲ့ကြသည်။ မွန်ပြည်နယ်အောက်ပိုင်းဒေသရှိ ကျေးရွာများ၌ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် နိုင်ငံသားအစစ်အမှန်ဖြစ်မှု သက်သေအထောက်အထားများ တောင်းခံခဲ့ကြရာတွင် သက်ဆိုင်ရာလဝက၊ ရဲ၊ ရယကတို့ ငွေတောင်းခံနေကြကြောင်း သက်ဆိုင်ရာကျေးရွာတို့မှ သတင်းပေးလာသဖြင့် ထိုင်းနိုင်ငံရောက် မွန်အလုပ်သမားများအတွင်း အလွန်ဂယက်ထနေဆဲဖြစ်သည်။

အချို့မြန်မာအာဏာပိုင်တို့သည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ ကာယကံရှင်ကိုယ်တိုင် သက်ဆိုင်ရာ မိမိနေရပ်ရင်းသို့ပြန်ကြရမည်ဟု သတင်းဖြန့်နေကြသည်။ ထိုင်းနိုင်ငံသို့ ယခုရောက်ရှိနေသူများမှာ တရားဝင်မဟုတ်သဖြင့် တည်ဆဲဥပဒေအရဖမ်းဆီး အရေးယူနိုင်သည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံခဲ့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

အမှန်စင်စစ် ယင်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်မှာ အလုပ်သမားများနေရပ်ရင်းသို့ ပြန်ရန်မလို၊ နိုင်ငံသားဖြစ်မှုအထောက်အထား အခိုင်အလုံတင်ပြနိုင်ပါက ထိုင်းမြန်မာနှစ်နိုင်ငံသတ်မှတ်ထားသော ယာယီလက်မှတ်ထုတ်ပေးရေးစခန်းများတွင် ပြုလုပ်နိုင်ပါသည်။ မြန်မာနိုင်ငံဖက်၌ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်နယ်စပ်မြို့များတွင် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေးစခန်း ၃ ခုထားရှိပါသည်။

ထိုင်းနိုင်ငံရောက်မွန်အလုပ်သမားများ အခမ်းအနားတစ်ရပ်စုဝေးတက်ရောက်ခဲ့ကြစဉ်

မြဝတီမြို့၌  ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးခဲ့သူ ၅၀၀ ငါးရာခန့်သာရှိသေးသည်ဟု ဆက်သွယ်မေးမြန်မှုအရ သိရသည်။ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်မည့်ကာလမှာ  ငါးလသာ ကျန်ရှိတော့သည်။
လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် အဆိုပါယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဟု သတင်းများတွင် ဖေါ်ပြပါသည်။ ယခင်ထိုင်းအစိုးရက ထုတ်ပေးထားခဲ့သော အလုပ်သမားမှတ်ပုံတင်များ ၂၀၁၀ ဖေဖေါ်ဝါရီလကုန်အထိသာ အကြုံးဝင်ပြီး သက်တမ်းတိုးခွင့် မရှိတော့ပေ။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးရေးကို မြန်မာစစ်အစိုးရတို့ အားမပေးလို၍ အောက်ခြေအာဏာပိုင်များ မသမာမှုတို့ကို ထိပ်ပိုင်းအာဏာပိုင်တို့ လစ်လျှူပြုထားသည်ဟု မွန်အလုပ်သမားတို့က အကဲခတ်သုံးသပ်ကြသည်။

ယင်း အလုပ်သမားအရေး Online ဆွေးနွေးမှုများကို နောက်တစ်ပတ် တနင်္ဂနွေနေ့၊ နေ့လည် ၁၂ နာရီ ထိုင်းနိုင်ငံစံတော်ချိန်မှ အပတ်စဉ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ ကမ္ဘာအနှံ့အင်တာနက်ကွန်ယက်မှတဆင့် မွန်ဘာသာဖြင့် ဝင်ရောက်ဆွေးနွေးနိုင်သည်။


စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views