အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား
သတင်း

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

Kaowao
စက်တင်ဘာ ၂၅၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ-၂၅)။    ။ ဘုရားသုံးဆူမြို့မှ အနန်းကွင်းရွာဖက်သို့အပြန် မဲဇလီရွာအနီး၌ ယမန်နေ့နံနက်တွင် ခမရ ၃၅၆စစ်ကြောင်း ၂ ကို KNU မှခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာတပ်ကြပ်တစ်ဦး ပေါင်တွင်သေနတ်မှန် ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောပါသည်။
တိုက်ခိုက်မှုမှာ ခဏတာမျှကြာမြင့်ပြီး မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်မှ တပ်ကြပ်ကျော်သူနိုင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု သိရသည်။

KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂၊ တပ်ကြပ်ကြီး စောထီးထော့ ဦးစီးပြီး အဆိုပါနအဖစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည်ဟု KNU ပြောခွင့်ရက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာတစ်ဦးအဆိုအရ ယင်းမြန်မာနအဖစစ်ကြောင်းသည် သံဖြူဇရပ်-ဘုရားသုံးဆူ သေမင်းတမန်တောင်ကြား ကားလမ်းမအတိုင်း မသွားဝံ့၍ တောင်ထိပ်လမ်းများကို မြေပုံကြည့်ပြီး သွားကြရသည်ဟုဆိုပါသည်။

စက်တင်ဘာလ ၂၄ ရက်နေ့၌ ကရင်ပြည်နယ်၊ သင်ကန်းညီနောင်မှ အင်အား ၄၀ ခန့်ရှိ ခမရ ၃၅၅ စစ်ကြောင်း ဘုရားသုံးဆူမြို့ဒေသသို့ အစားထိုးရောက်ရှိလာပြီး ဤဒေသ၌သုံးလခန့်လှုပ်ရှားနေခဲ့သော ခမရ ၃၅၆ စစ်ကြောင်း မိခင်တပ်ရင်းသို့နောက်တန်းအပြန်ခရီးဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ပြောဆိုနေကြသည်။
ယင်းခမရ ၃၅၆ စစ်ကြောင်းသည် ယခုလ ၁၃ ရက်နေ့၌ ချောင်းဆုံးရွာ လှေဂိတ်အနီး KNU ရှေ့ထွက်မိုင်းဒဏ်ကြောင့် နအဖစစ်သား ၅ ဦးပွဲချင်းပြီးကျဆုံးခဲ့သည်၊ ကျန်ထိခိုက်သူ စစ်သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး နောက်ပိုင်းတွင် သေဆုံးသွားသည်ဟု စစ်တပ်အသိုင်းအဝိုနှင့်နီးစပ်သော စီပွားရေးသမားအချို့က ပြောကြားခဲ့သည်။

ထိုမတိုင်မီတစ်ရက်အလို စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း ယင်းခမရ ၃၅၆ စစ်ကြောင်းသည် အပလုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေ၊ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။

ဒုရင်းမှူးဗိုလ်မှူး အောင်မိုးမြင့်ဦးစီးသော ယင်းခမရ ၃၅၆ သည် ဘုရားသုံးဆူဒေသသို့ စတင်လာရောက်စဉ် အင်အား ၅၀ ခန့်ရှိပြီး ယခုတွင် ၄၀ ခန့်သာကျန်ရှိသည်ဟု မျက်မြင်များရေတွက်မှုအရ သိရသည်။
စက်တင်ဘာလ ၁၃ က်နေ့တွင် KNU တို့ တိုက်ခိုက်လိုက်သောမိုင်းမှာ လုံးဝမထင်မှတ်နိုင်သောနေရာ၌ ဖြစ်ပေါ်ခဲ့၍ အရာရှိများပေါ့လျော့မှုကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ယူဆသဖြင့် ခမရ ၃၅၆ ဒုရင်းမှူး အရေးယူခံရဖွယ်ရှိသည်ဟု အကဲခတ်များပြောဆိုနေကြ၏။

သင်ကန်းညီနောင်အခြေစိုက် စကခ ၁၂ လက်အောက်ခံ ၄င်းနအဖခြေမြန်တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသရှိ DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ၆ ကို ဖြိုခွင်းနိုင်ရန် နောက်မှဝန်းရံပေးသော မြန်မာစစ်အစိုးရတပ်ဖွဲ့များ ဖြစ်ကြသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views