အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း
သတင်း

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

Kaowao
စက်တင်ဘာ ၂၃၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ-၂၃)။    ။ ထိုင်းနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအာဏာပိုင်များ ထုတ်ပေးလျှက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ကာယကံရှင်များအပေါ် ကျေးရွာ၊ ရပ်ကွက်ရယကအချို့က ငွေညှစ်နေကြကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ မင်းလဝီမွန်ချမ်းအဆိုအရ ၄င်းသည်ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန် ထိုင်းနိုင်ငံမှတဆင့်လျှောက်ထားခဲ့ရာ ကျေးရွာအာဏာပိုင်မှတဆင့် ရေးမြို့လဝကတို့က သူ၏မိခင်ထံ ငွေအကြိမ်ကြိမ်လာရောက် တောင်းခံနေသဖြင့် ယာယီနိုင်ငံကူးလက်မှတ်ကို မလုပ်တော့ဟု ဆုံးဖြတ်ထားကြောင်း ကောင်းဝါသတင်းဌာနသို့ ဖုန်းဆက်ပြောကြားခဲ့သည်။

ထို့အတူ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ နှစ်ကရင်ရွာဥက္ကဌကလည်း ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်နိုင်ငံသားဖြစ်မှုအထောက်အထား တောင်းခံသောရွာသားများထံမှ တစ်ဦးချင်းအလိုက်ခေါ်ယူပြီး ငွေတောင်းခံခဲ့ရာ ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသော အဆိုပါရွာသားများက ယာယီနိုင်ငံကူးလက်မှတ်ကို မလုပ်ရဲကြကြောင်း ဖုန်းဖြင့်ပြောကြားခဲ့သည်။

မြဝတီမြို့မှမြန်မာလဝက အရာရှိတစ်ဦးက ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မိမိနိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် ကျေးရွာ၊ ရပ်ကွက်ထောက်ခံချက်ပါရှိလျှင် အမြန်ဆုံးပြုလုပ်နိုင်မည်ဟု ဆိုပါသည်။ သို့မဟုတ် ပါက နိုင်ငံသားဖြစ်မှုအထောက်အထားရယူရာတွင် အကြိမ်ကြိမ်အခါခါ အတည်ပြုချက် ရယူနေရသဖြင့် အချိန်ကြာမြင့်နိုင်သည်ဟု ဆိုသည်။

လဝကနှင့်ရယကများက ထိုင်းနိုင်ငံသို့တရားမဝင် သွားရောက်အလုပ်လုပ်နေသူများကို တည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုနေကြသည်ဟု ဆိုသည်။

မြန်မာလဝကများ ပြုလုပ်ပေးနေသောယာယီနိုင်ငံကူးလက်မှတ်

စက်တင်ဘာလ ပထမအပတ်၌မြဝတီမြို့သို့ ယာယီနိုင်ငံကူးလက်မှတ်သွားရောက် ပြုလုပ်သူ ၂၀ ဦးခန့် အင်းစိန်အချုပ်ထောင်သို့ ရောက်ရှိသွားခဲ့ပြီး ယခုအခါနေရပ်ရင်း မွန်ပြည်နယ်မုဒုံမြို့နယ်သို့ ပြန်ရောက်ရှိနေကြောင်း သတင်းများပြန့်နှံ့ခဲ့ရာ ကာယကံရှင်များနှင့် အတည်ပြုချက်မရရှိသေးပေ။
မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအဆိုအရ ယခုကဲ့သို့ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်းသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို များစွာအထောက်အကူပြုပါသည်။ အကျင့်ပျက်သော မြန်မာအာဏာပိုင်များကိုသာ ဖေါ်ထုတ်နိုင်ရန် ငွေညှစ်ခံရသူများ၊ မသမာမှုခံခဲ့ရသူများက လက်လှမ်းမီရာသတင်းဌာနသို့ ဆက်သွယ်သတင်းပေးကြရန် အကြံပြုထားသည်။




စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views