အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေ
သတင်း

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေ

Kaowao
စက်တင်ဘာ ၂၃၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ-၂၃)။    ။ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များ KNU တပ်မဟာ(၆)ဒေသသို့ စစ်အင်အားတိုးမြှင့်ချထားလာရာ ယခုလပိုင်းအတွင်း KNU မှမိုင်းဖြင့်ခြုံခိုတိုက်ခိုက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းတို့ကြောင့် နအဖစစ်ကြောင်းများ မကြာခဏကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်နေသည်ကို သတင်းပေးပို့ချက်များအရ သိခဲ့ရသည်။

ယနေ့တွင် ဘုရားသုံးဆူမြို့- အနန်းကွင်းရွာအကြား မွန်ပြည်သစ်ပါတီစခန်းတစ်ခုအနီး တားဒိန်ရွာ၌ ခမရ ၃၅၅ စစ်ကြောင်းကို KNU မှမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ရဲဘော်တစ်ဦးတို့ အနည်းငယ်ထိရှမှုဖြစ်ပွားခဲ့သည်။

ယမန်နေ့၌ အဆိုပါခမရ ၃၅၅ စစ်ကြောင်းသည် ဤသို့ချီတက်လာစဉ် အပလုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေ၊ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။
ကော့ကရိတ်မြို့နယ်၊ တောင်အုပ်ရွာအနီးတွင်လည်း ယမန်နေ့၊ နေ့လည်ပိုင်း၌ ခလရ ၂၃၀ နအဖစစ်ကြောင်းကို KNU ပစ်ခတ်ခဲ့ပြန်ရာ နအဖစစ်တပ်မှ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်ဟု KNU မှပြောဆိုသည်။

စက်တင်ဘာ ၂၁ ရက်၊ ညပိုင်း ၁၁ နာရီခန့်တွင် အဆိုပါတောင်အုပ်ရွာအနီး၌ ဒီကေဘီအေ ၉၀၇ တပ်ဖွဲ့နှင့် ခလရ ၂၃၀ တို့လုံခြုံရေးယူထားသော လမ်းဖေါက်ဘူဒိုဇာ ၂ စီးကို KNUတို့မိုင်းခွဲဖျက်ဆီးခဲ့သည်။





စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views