အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ
သတင်း

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

Kaowao
စက်တင်ဘာ ၂၂၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ- ၂၂)။     ။ ယမန်နေ့က ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်းပေါ်ရှိ သက်ကယ်ရွာအနီးခြုံခို တိုက်ခိုက်ခံလိုက်ရသည့် အင်အား ၄၀ ခန့်ရှိ ခမရ ၃၅၅ စစ်ကြောင်းသည် ယနေ့နံက် ၇ နာရီခန့်တွင် တားဒိန်ရွာ (မွန်ပြည်သစ်ပါတီတပ်တည်ရာစခန်း) အဝင်ဝ၌ KNLA မှရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာတပ် ရင်းမှုးဒုဗိုလ်မှုးကြီးမင်းနိုင်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ထိရှခဲ့သည်ဟု အဆိုပါစခန်းရှိ မွန်ပြည်သစ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

KNU တပ်မဟာ ၆ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အဆိုပါမိုင်းဒဏ်ကြောင့် နအဖစစ်ကြောင်းမှ တစ်ဦးသေ၊ သုံးဦးဒဏ် ရာရရှိခဲ့သည်ဟုဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ထိုသို့မိုင်းကွဲသည်တပြိုင်နက် စစ်အစိုးရတပ်မှ ရန်သူရှိသည်ဟုယူဆရသည့် တောစပ်နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ၁၅ မိနစ်ကြာခန့် ပစ်ခတ်ခဲ့ပါသည်။ ရွာသားများလည်း ဘေးလွတ်ရာထင်သည့်ဖက်ဆီသို့ ထွက်ပြေးကြရသည်။ တား ဒိန်ဂိတ်မှုးက “အခုတော့ အခြေအနေတွေ ပုံမှန်အနေအထားကို ပြန်လည်ရောက်နေပါပြီ၊ ရွာသားတစ်ယောက်တစ် လေလည်း ဘာမှမဖြစ်ခဲ့ပါဘူး၊” ဟု ပြောပြခဲ့သည်။

တားဒိန်ရွာသည် အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး မွန်ပြည်သစ်ပါတီဝင်မိသားစုများ နေထိုင်နိုင်ရန်အတွက် စစ်အစိုးရ သတ်မှတ်ပေးထားသည့် တပ်တည်ရာစခန်းတစ်ခု ဖြစ်သည်။

ထိုသို့အခင်းဖြစ်ပွားခဲ့ပြီးနောက် ခမရ ၃၅၅ စစ်ကြောင်းသည် တားဒိန်စခန်း၌ ခေတ္တနားခိုကာ ဘုရားသုံးဆူအနီး၊ ချောင်းဆုံရွာဖက်သို့ လမ်းပြနှစ်ဦးခေါ်ယူကာ ဆက်လက်ထွက်ခွာသွားပါသည်။   

“ ကျနော်တို့စခန်းမှာ ဒီလိုဖြစ်သွားရတာက မကောင်းပါဘူး၊ ကျနော်တို့နဲ့ မြန်မာစစ်တပ်အကြား နားလည်မှုတွေ လွဲမှားသွားနိုင်တယ်၊ အထက်လူကြီးတွေ နောင်ဒါမျိုးဖြစ်မလာဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပြောသင့်တယ်” ဟု ထိုဒေသကိုတာဝန်ယူနေရသော မွန်ပြည်သစ်ပါတီ အောက်ခြေတပ်မှုးတစ်ဦးက ပြောကြားခဲ့သည်။

KNU ပြောခွင့်ပုဂ္ဂိုလ်၏ အဆိုအရ ယခုအခင်းဖြစ်ပွားသည့်နေရာသည် မွန်ပြည်သစ်ပါတီစခန်းနှင့် နီးကပ်သည် ဆိုသော်လည်း တားဒိန်ချောင်း၏ အနောက်ဖက်ခြမ်းဖြစ်သဖြင့် မွန်ပြည်သစ်ဧရိယာနှင့် အနှောက်အယှက်ဖြစ်နိုင် စရာအကြောင်းမရှိဟု ဆိုပါသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views