အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ
သတင်း

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

Kaowao
စက်တင်ဘာ ၂၁၊၂၀၀၉။
မဲ့ကသာတွင်စခန်းချနေသော ဒီကေဘီအေတပ်ဖွဲ့တို့ ရှေ့ထွက်မိုင်းပြင်ဆင်ထားပုံ

စံခလပူရီ(စက်တင်ဘာ-၂၁)။    ။ ဘုရားသုံးဆူမြို့ဘက်သို့ ဦးတည်လာသော နအဖစစ်ကြောင်းကို KNLA ကရင်ပြောက်ကျားများက ယနေ့နံနက်တွင် အပလုံရွာနှင့် မြိုင်သာယာရွာအကြား သက်ကယ်ရွာအနီး၌ ပစ်ခတ်ခဲ့ရာ နအဖတပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း တပ်မဟာ ၆ မှအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။

တိုက်ပွဲမှာ အချိန်တိုအတွင်း ခဏမျှသာဖြစ်သည်ဟုသိရပြီး အဆိုပါကျဆုံးသွားသူမှာ ခမရ ၃၅၅ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ကျော်မင်းနိုင်ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ မြန်မာထောက်လှန်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

ခမရ ၃၅၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမင်းနိုင်ဦး၊ ဒုရင်းမှူး ဗိုလ်မှူးကျော်ဘလာ(ကရင်) တို့က ဤစစ်ကြောင်းကို ဦးစီးပြီး စစ်သည်အင်အား ၁၂၀ ထက်မပိုဟု နယ်စပ်သတင်းစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
အဆိုပါ ခမရ ၃၅၅ စစ်ကြောင်းသည် ခမရ ၃၅၆ နှင့်တပ်အပြောင်းအလဲ ပြုလုပ်မည်ဟု သိရသည်။
ဤစစ်ကြောင်းသည် ဘုရားသုံးဆူဒေသ၌ KNU တပ်များကို ထိုးစစ်ဆင်ရန်ဖြစ်သည်။

ခမရ ၃၅၆ သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဘုရားသုံးဆူမြို့သို့ လာရောက်စဉ် ချောင်းဆုံရွာအနီး၌ KNU ပျောက်ကျားများ မိုင်းဒဏ်ကြောင့် အများအပြားကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်ကို သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ယခုအနေအထားတွင် KNU အဓိကစခန်းဖြစ်သည့် မဲ့ကသာဧရိယာနယ်မြေသို့ DKBA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည်ကို KNU မှဆုတ်ခွာပေးခဲ့သည်။ သို့သော်KNU နှင့် DKBA အကြားတိုက်ပွဲများ မဖြစ်ပေါ်ခဲ့သေးပေ။

KNU ပြောက်ကျားများပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်းများ မကြာခဏအကျအဆုံးခံနေရသည်။ ကရင်အမျိုးသားအချင်းချင်းဖြစ်သည့်အတွက် DKBA တပ်ဖွဲ့တို့အား KNU တပ်မဟာ ၆ မှ ပစ်ခတ်မည်မဟုတ်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views