အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း
သတင်း

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

Kaowao
စက်တင်ဘာ ၂၁၊၂၀၀၉။

မော်လမြိုင်(စက်တင်ဘာ၊၂၁)။    ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ လူငယ်များကို ရဲတပ်ဖွဲ့သို့ဝင် ရောက်ရန် သက်ဆိုင်ရာစခန်းမှူးများက လိုက်လံစည်းရုံးနေကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းမှုအရသိ ရသည်။

ကျေးရွာတရွာလျှင် အနည်းဆုံးရဲတပ်သားသစ် တယောက်ကျနှုန်း စုဆောင်းပေးရန် ယခုစက်တင်ဘာလ ဒုတိယ အပါတ်ခန့်က မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ညွှန်ကြားထားသည်ဟု ဆိုကြပါသည်။ အဆိုပါ ရဲတပ်သားသစ် အရည်အချင်းမှာ အသက်(၁၆) နှစ်ပြည့်သူဖြစ်ပြီး ပညာအရည်အချင်း အလယ်တန်းအဆင့် အောင်မြင်သူဖြစ်ရ မည်။ အရပ် အမောင်း(၅)ပေကျော်ပြည့်မီရပြီး (၁၅)ရက်ခန့် သင်တန်းတက်ရမည်ဟု ကျိုက်မရောမြို့နယ်၊ မသီယို ကျေးရွာရယက အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

ရဲတပ်သားသစ်များ စည်းရုံးနိုင်ရေးအတွက် စကားပြောစက်များကိုင်ခွင့်ပေးထားသော သတင်းပေးများက ချဲဒိုင်၊ ဘော်လုံးပွဲဒိုင်၊ လူကုန်ကူးသူပွဲစားများထံမှ ရဲရံပုံငွေကောက်ခံရန် တာဝန်ပေးထားကြသည်ဟု တရနာကျေးရွာနေ ရွာသားတစ်ဦးက ကောင်းဝါသတင်းဌာနကို ပြောဆိုခဲ့သည်။

အဆိုပါရဲများမှာ အမှုထမ်းသက်တန်း(၅)နှစ်ပြည့်လျှင် မိမိကျေးရွာရှိ ရဲစခန်းတွင် ပြန်လည်တာဝန်ပေးမည်ဟု လေ သံဖြင့်လမ်းကြောင်းပေးထားသောကြောင့် အလုပ်လက်မဲ့လူငယ်အချို့ ရဲတပ်ဖွဲ့သို့ ဆက်သွယ်စာရင်းပေးဝင်ရောက် လာသည်ဟု ဒေသခံများပြောကြားခဲ့သည်။

နအဖသည် စစ်တပ်အတွက် တပ်သားသစ်များ အတင်းအကြပ်စုဆောင်းနေသည်သာမက ယခုအခါ ရဲတပ်သား သစ်များကိုလည်း လိုက်လံအင်အားဖြည့်တင်းနေသည်။

အထူးသဖြင့် ဒေသခံမွန်လူမျိုးအများစုမှာ လစာအလွန်နည်းပါးသည့် စစ်သားနှင့် အကျင့်ပျက်ရဲသားများဘဝတို့ကို မနှစ်သက်ကြသဖြင့် ဝင်ရောက်မလုပ်ကိုင်ကြပေ။ နောက်ပိုင်း၌ အခြားတိုင်းနှင့် ပြည်နယ်များမှ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်လာကြသူများက ဒေသခံများအပေါ် အာဏာအထိုက်အလျှောက်လွှမ်းမိုးလာနိုင်ရန် မီးသတ်၊ ကြံ့ဖွတ်၊ ဆယ်အိမ်ခေါင်း၊ အရန်ရဲ စသဖြင့် မွန်ဒေသအနှံ့အပြားတွင် ဝင်ရောက်နေရာယူလာနေသည်ကို တွေ့ရှိ နေရ၏။




စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views