အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

Kaowao
စက်တင်ဘာ၂၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ- ၂)။     ။ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူးနိုင်ဟံသာအား အကြမ်းဖက်အဖွဲ့တစ်ဖွဲ့အတွင်း ပါဝင်နေသည်ဟု မွန်ပြည်နယ်၊ ကျိုက်မရောနှင့် မုဒုံမြို့နယ် မယကများမှ သက်ဆိုင်ရာ ရယကများထံ သြဂုတ်လ ဆန်းပိုင်းအတွင်းက ပေးပို့ခဲ့သည့် ညွှန်ကြားစာတစ်စောင်တွင် ဖေါ်ပြခဲ့သည်မှာ ရဲအထူးသတင်းတပ်ဖွဲ့ SB တို့၏အစီ ရင်ခံမှုအရ ထိုသို့ဖြစ်ပေါ်ခဲ့ရကြောင်း မော်လမြိုင်မြို့ရှိ စရဖအရာရှိတစ်ဦးကပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ဆိုပါသည်။

အဆိုပါပြောကြားချက်မှာ မြန်မာအာဏာပိုင်များက မွန်ပြည်သစ်ပါတီသို့ တရားဝင်ပြောကြားချက်မဟုတ်ဟု အဆိုပါ အရာရှိက ဆိုသည်။“အလ္လာပ သလ္လာပစကား ပြောယင်း သူတို့ကဒီလိုပြောလာတာပါ၊ စရဖအပေါ် အပြစ်ပုံလာ မှာ စိုးလို့ အခြားဌာနအပေါ် ပုံချတာလည်းဖြစ်နိုင်တယ်၊ စရဖ မသိဘဲ ဘယ်မယကမှဒီလိုညွှန်ကြားစာကို ထုတ်လို့ရ မှာမဟုတ်ပါဘူး” ဟု အဆိုပါအရာရှိက သုံးသပ်ပြ၏။

လူထုအုံကြွမှုဖြစ်လာနိုင်သည့်နေ့ရက်ကြီးများတွင် အောက်ခြေအရပ်ဖက်ဝန်ထမ်းများ အလုပ်တွင်ဗျာများနေစေရန် စစ်အာဏာပိုင်များ ညွှန်ကြားချက်ထုတ်လေ့ရှိသည်ဟု မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတွင် တာဝန်ယူခဲ့ဖူးသူ ဗိုလ်မှူးတစ်ဦးက ဤကဲ့သို့ပြောဆိုခဲ့သည်။

“မော်လမြိုင်မှာ ကျနော်တာဝန်ကျခဲ့စဉ်က အဲရက်ကြီးအခါကြီးတွေမရောက်ခင် ဘယ်အဖွဲ့က ဘယ်သူတွေ၊ ဘယ် လမ်းကြောင်းက ဆင်းလာတယ်၊ ဗုံးတွေဘာတွေပါတယ်ဆိုပြီး လှို့ဝှက်၊ ကန့်သတ်တိုနဲ့ အာဏာပိုင်တွေက အောက် ခြေတွေကို ညွှန်ကြားတော့တာပါဘဲ၊ ခင်ဗျားပဲတွေးကြည့်လေ ဒီလောက်အန္တရာယ်ကြီးမားတဲ့အလုပ် ရက်ပိုင်းလ ပိုင်းဘဲ လာရောက်ပြီး ဘယ်လိုလူတွေက ဝင်လုပ်ရဲမလဲ၊ တစ်ခါတစ်လေ ဟိုအဖွဲ့ဒီအဖွဲ့လို့ အမည်အမျိုးမျိုး တပ်နေ တာ တကယ်ရှိတာလည်းမဟုတ်ပါဘူး” ဟု အဆိုပါဗိုလ်မှူးက ပြောပါသည်။

မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ၏အဆိုအရ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းတွင် သူပါဝင်ပတ်သက်နေ သည်ဟူသော စွပ်စွဲချက်ကို သက်ဆိုရာ စစ်အာဏာပိုင်များမေးမြန်ခဲ့ရာတွင် အောက်ခြေအဆင့်မှ ပြုလုပ်သည့်အ တွက် ၄င်းတို့အနေဖြင့်အတည်မပြုကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု  ဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်အချို့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်မှူးတို့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့၌ နောက်ဆုံးတွေဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည် ဟု မွန်ပြည်သစ်ပါတီဗဟိုမှ ပြောကြားခဲ့သည်။  

 



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views