အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း
သတင်း

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

Kaowao
စက်တင်ဘာ ၁၉၊၂၀၀၉။

ရန်ကုန်(စက်တင်ဘာ-၁၉)။ ။အကျဉ်းသားများ ၇၀၀၀ ကျော်လွှတ်ပေးမည်ဟု စစ်အစိုးရကြေညာထားပြီးနောက် အကျဉ်းသားများ လွှတ်ပေးခဲ့ရာ၌ ဖေါက်ခွဲရေးကိစ္စဖြင့် မတရားအမှုဆင်ပြီး သေဒဏ်မှ တစ်သက်တစ်ကျွန်းကျခံ နေရသူ မွန်ပြည်သစ်ပါတီဝင် နိုင်ယက္ခနှင့် မင်းမျိုးသွေးတို့နှစ်ဦး မတွေ့မိသေးဟု ၄င်းတို့နှင့် နီးစပ်သောဆွေမျိုး အသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။

နိုင်ယက္ခအား အင်းစိန်ထောင်နှင့် မင်းမျိုးသွေးကို သာယာဝတီ အကျဉ်းထောင်တို့တွင် နိုင်ငံတော် ပုန်ကန်မှုနှင့် ထောင်ဒဏ်ဆက်လက်ချမှတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်မှာ ၆ နှစ်ကျော်လွန်ခဲ့ပြီးဖြစ်သည်။

၎င်းတို့အဖမ်းအဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ အမှုလိုက်ပါတွေ့ဆုံမေးမြန်းခွင့်ကို စစ်အစိုးရ တို့အား အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း စစ်အစိုးရတို့က မသိကျိုးကျွံပြုထားလျှက်ရှိသည်။ ထောင်ဒဏ်ချ မှတ်ပြီးသည့်တိုင် မိသားစုမှအပ မွန်ပြည်သစ်ပါတီဝင်တို့လည်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ပေ။

၎င်းတို့အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူအားလုံးကို ထိုစဉ်က စစ်အစိုးရတို့ ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် အမှုများပြင်ဆင်ကာ ပြန်လွှတ်ပေးခဲ့ကြသည်။ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနှင့် မင်းမျိုးသွေးတို့ နှစ်ဦးသာ ယင်းအမှုတွဲ၌ ယခုတိုင် ကျန်ရစ်နေကြသည်။

၎င်းတို့အား ဖေါက်ခွဲရေးပစ္စည်းများနှင့်အတူ နယ်စပ်တစ်နေရာမှ အကြမ်းဖက်အဖွဲ့အစည်းများမှ စေလွှတ်ခဲ့သည် ဟုထိုစဉ်ကအစိုးရ သတင်း၊ စာစောင်များတွင် စွပ်စွဲဖေါ်ပြခဲ့သည်။

စစ်အစိုးရသည် လွန်ခဲ့သည့်လပိုင်း၌ မွန်ပြည်သစ်ပါတီ အတွင်းရေးမူး နိုင်ဟံသာအား တစ်ဖက်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့တစ်ခု၌ ပါဝင်ခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

စစ်အစိုးရအလိုမကျသည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို စစ်အစိုးရတို့ စုဆောင်းရယူထားကြောင်း မြန်မာထောက်လှန်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတို့ ပြောဆိုနေကြ၏။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲစဉ်ကာလ၌ လက်ရှိစစ်အစိုးသည် တရားဝင်အစိုးရမဟုတ် သဖြင့် နိုင်ငံရေးအရဆွေးနွေးမှုမှာ ဥပဒေအရတရားဝင်မှုမရှိဟု ဆိုခဲ့ကြသည်။ ပြည်သူကရွေးချယ်တင်မြောက်သော တရားဝင်အစိုးရထံတွင် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီး တပ်ဖွဲ့အသွင်ပြောင်းလဲရေးတို့ကို ငြိမ်းချမ်းသောနည်းဖြင့် အသွင်ပြောင်းလဲနိုင်ရန် အဖြေရှာသွားကြမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူခဲ့ကြသည်။




စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views