အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း
သတင်း

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

Kaowao
စက်တင်ဘာ ၁၅၊၂၀၀၉။
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ

ဦးဖုန်ကြားရှင်ဦးဆောင်သောကိုးကန့်  အဖွဲ့အပေါ် စစ်ရေးအရထိုးစစ်ဆင်ခဲ့သော လုပ်ရပ်များသည် တခြားအပစ် ရပ်အဖွဲ့များ အတွက်စိုးရိမ်စရာဖြစ်နေကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား ဆက် သွယ်မေးမြန်းရာ၌ ယခုကဲ့သို့ တိပေးပြောဆိုခဲ့ပါသည်။
               
“အဲဒီလိုလုပ် လိုက်တာဟာ ကျန်တဲ့အဖွဲ့တွေရဲ့အပေါ်မှာလည်း အဲဒီလိုဆက်လုပ်ဘို့ အစီအစဉ်မျိုး ဖြစ်လာနိုင်တယ်လို့ကျွန်တော်ခန့်မှန်းမိ တယ်ဗျ။ အဲဒီအတွက်လည်း အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဝင်တိုင်းက သတိရှိကြဖို့ ကျွန်တော်ကလည်း အကြံပေးလိုပါတယ် တိုက်တွန်းလိုပါတယ်” ဟုပြောဆိုခဲ့သည်။

စစ်အစိုးရအနေနှင့်၎င်းတို့၏ဆန္ဒကို လိုက်လျောမှုမရှိသော အပစ်ရပ်အဖွဲ့များအား ခြိမ်းခြောက်အကြပ်ကိုင်သောနည်း၊ သပ်သျှိုဖြိုခွဲသောနည်း စစ်ရေးအရတိုက်ခိုက်သောနည်းဗျူဟာများနှင့် ဖိအားပေးအကြပ်ကိုင်နေလာနေသည်ကို တွေ့ရှိရသည်။

ဆက်လက်၍ “ပြည်တွင်းစစ်အစီအစဉ်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒီလိုမွဲလာရတယ်။  ဒီလိုလူအခွင့် အရေးဆုံးရှုံးနေရတယ်။ အဲဒါကို ဒီကနေ့အထိအနှစ်(၆ဝ)ကျော် သင်ခန်းစာမရယူနိုင်ဘဲနဲ့ အဲဒီပုံစံ အတိုင်းဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ပြည်တွင်းကနေ နှုတ်ထွက်ပြီးတော့မှ ဟိုနိမ့်ကျ ဒုက္ခရောက်သွားမှုကိုဘဲလို့ ကျွန်တော်ကအဲလိုမြင်တယ် ဒါကြောင့် ဒီအခြေအနေအပေါ်မှာ နိုင်ငံရေးအရ အသိပညာရှိတဲ့ပုဂ္ဂိုလ်များပေါ့ဗျာ။ အမြန်ထိန်းသိမ်းနိုင်ဖို့ရော နိုင်ငံတကာအနေနဲ့လည်း ဒီကိစ္စက နိုင်ငံတ ကာအရေးကိုပါ ကိုက်ညီတဲ့ကိစ္စဖြစ်နေတော့ နိုင်ငံတကာနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့ အဲလိုကူညီဆောင်ရွက် ပေးခြင်းအားဖြင့်ပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေရဲ့ဒုက္ခတွေကို ကယ်တင်နိုင်ပါလိမ့်မယ်။ တကယ်အ ကောင်းဆုံးအစီအစဉ်ကိုလည်း  ကျွန်တော်တို့အချိန်မှီစီစဉ်ပြောင်းလဲနိုင်ပါလိမ့်မည်” ဟု နိုင်ဟံသာက တိုက်တွန်းပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကိုလက်မခံ၊ ဌာနေပြည်သူ့စစ်အသွင်ကိုလည်း ငြင်းပယ်ထားဆဲ ဖြစ်သည်။

အကယ်၍ စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခိုင်းခြင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုဖျက်သိမ်းခိုင်းခြင်း၊ ပါတီ၏အခြေခံဒေသများအပေါ်ကျူးကျော် မှုပြုခဲ့လျှင် တည်ဆောက်ထားသောငြိမ်းချမ်းရေးပျက်ပြယ်သွားမည်ဟု ၂၀၀၉ နှစ်စကကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီညီလာခံမှ ဆုံးဖြတ်ထားသည်။

                 မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စဦးဆောင်သော ထိပ်ပိုင်းခေါင်းဆောင်တချို့သည် သြဂုတ်လ(၂၈)ရက် နေ့တွင် အရှေ့တောင်တိုင်းတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မော်လမြိုင်မြို့မှာတွေ့ဆုံခဲ့ရာ၌ ထူးခြားမှုမရှိ ဟု အတွင်းရေးမှူးနိုင်ဟံသာမှပြောဆိုခဲ့သည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် စည်းရုံးနားမသွင်းနိုင်သောဗိုလ်ချုပ်သက်နိုင်ဝင်းကို နေပြည်တော်ဌာနချုပ်က အပြစ်တင်နေ သောကြောင့် ရှေ့ဆက်တွင် အကြပ်ကိုင်မှု၊ ဖိအားပေးမှုများ ပို၍တွေ့လာနိုင်သည်ဟုလည်း အမည်မဖေါ်လိုသူ ဗဟိုကော်မီတီတစ်ဦး ပြောဆိုခဲ့ပါသည် ။




စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views