အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံဘုရားသုံးဆူ နယ်ခြားမှတ်တိုင်
သတင်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

Kaowao
စက်တင်ဘာ ၁၅၊၂၀၀၉။
MNPCP
ထိုင်းနိုင်ငံဘုရားသုံးဆူ နယ်ခြားမှတ်တိုင်

စံခလပူရီ(စက်တင်ဘာ-၁၅)။    ။ ယမန်နေ့ညပိုင်း ၈ နာရီကျော်ခန့်၌ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့လယ်ရှိ မြေစာရင်းရုံးအနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူတစ်ဦးဒဏ်ရာရရှိသွားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ ပတ်ဝန်းကျင်များ၌ အစိုးရရုံးများ သီးသန့်တည်ရှိရာနေရာဖြစ်၍ အခင်းဖြစ်ပွားသည်နှင့် ပြင်ပလူများမဝင်ရောက်နိုင်ရန် အာဏာပိုင်များ တားဆီးလိုက်သည်ဟု မြို့ခံများ ပြောကြားခဲ့သည်။
“ ည ၈ နာရီကျော်ကျော်လေးပဲဆိုတော့ ဈေးစည်ကားတဲ့အချိန်ဆိုတော့ အသံကြားတာနဲ့ ဆိုင်ကယ်တွေနဲ့ တခါတည်းအိမ်ပြေးပြန်ကြတာပေါ့၊ အခုဖြစ်တဲ့နေရာက ဈေးနဲ့သိပ်မှမဝေးတာ” ဟု ဈေးသည်တစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုအကြောင်းအရင်းသည် ယခင်ပေါက်ကွဲမှုများကဲ့သို့ပင် လက်သည်ဖေါ်နိုင်မည်မဟုတ်ဟု ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦး ယူဆပြောဆိုပြန်သည်။

လွန်ခဲ့သည့် ဇွန်လ ၂၈ ရက်၊ ည ၈ နာရီခန့်တွင်လည်း ဘုရားသုံးဆူမြို့ရှိ နအဖတပ်ရင်း ဧည့်ရိပ်သာအနီးနှင့် SB ၊စရဖရုံးအနီးတို့၌ ဗုံး ၂ လုံး မိနစ်ပိုင်းခြား၍ ပေါက်ကွဲခဲ့ရာ ယခုအထိ လက်သည်မဖေါ်နိုင်ခဲ့ပေ။
အဆိုပါပေါက်ကွဲမှုများကိုသုံးသပ်လျှင်  အစိုးရရုံးများကိုသာ တမင်ရည်ရွယ်သည်ဟု ယူဆနိုင်ဖွယ်ရှိသည်။
မကြာသေးမီရက်ပိုင်းအတွင်း စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ဝင်ထွက် DKBA စခန်းတစ်ခုအနီး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ထိုနေရာသို့ ခလရ ၂၈၃ ဒုရင်းမှူး ရောက်ရှိလာသောအချိန်နှင့် မိနစ်ပိုင်းမျှသာ လွဲခဲ့သည်ဟု ဆိုကြသည်။

လက်သည်မပေါ်သော ပေါက်ကွဲမှုများကို KNU အား ခေါင်းစဉ်တပ်၍ အောက်ခြေ ရဲ၊ သတင်းတပ်ဖွဲ့၊ စသုံးလုံး၊ စရဖ စသည့်ဌာနတို့ညှိနှိုင်းပြီး အထက်သို့ တာဝန်ကျေသတင်းများ ရေးသားတင်ပြကြသည်သည်ဟု ၄င်းတို့နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။ ဖြစ်ပွားနေရသည့် အကြောင်းအရင်း အရိပ်အမြွက်ကို သိကြနေသော်လည်း ဖြစ်စဉ်အမှန်ကို အောက်ခြေသတင်းထောက်လှန်းရေးတပ်ဖွဲ့များ ဖေါ်ထုတ်ရန်ဝန်လေးကြသည်ဟု သိရသည်။

KNU အရာရှိတစ်ဦးက အသံဖြင့်သာ ချောက်လှန့်ပြသနေခြင်းကို KNU မှ အချိန်မပေး၊ အရင်းမစိုက်နိုင်ဟု ဆိုပါသည်။
နယ်ခြားစောင့် DKBA သည် ဘုရားသုံးဆူမြို့ပြင်ပ၌ စခန်းများတည်ဆောက်ပြီး စစ်အစိုးရတပ်ဖွဲ့များကို KNU များ မတိုက်ခိုက်နိုင်ရန် အကာအကွယ်ပေးနေရသည်။ ဗုံးမကြာခဏ ပေါက်ကွဲနေသည်ကို အကြောင်းပြပြီး အခြား DKBA တပ်ဖွဲ့များ ထပ်မံအင်အားဖြည့်ရန် ကြိုးပမ်းချက်တစ်ရပ်ဟု အခြားလက်နက်ကိုင်တပ်ဖွဲ့များက ရှုမြင်နေသည်။

တပ်ဖွဲ့အင်အား တိုးချဲ့ချထားလာမှုအပေါ် ရိက္ခာ၊ စားသောက်ရေး ပြဿနာများ ဖြစ်ပွားနေပြီး လွန်ခဲ့သည့်လ၌ သစ်ကားတစ်စီးအပေါ် ဘတ်ငွေ ၇၀၀ ကောက်ခံနေကြရာမှ DKBA က ဘတ် ၂၀၀၀၀ နှစ်သောင်းကျော် အထိကောက်ခံလာသည်ကို ခမရ ၂၈၃ တပ်ရင်းမှူးက တားမြစ်ခဲ့ရသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် တရားမဝင်လုပ်ငန်းအမျိုးမျိုးအပေါ် အာဏာပိုင်များသာ ငွေကြေးကောက်ခံခွင့် ရှိသည်။ အခြားလက်နက်ကိုင်အဖွဲ့များ မြို့ပြင်ပရှိ သက်ဆိုင်ရာ ဝါးတားဂိတ်များတွင် စစ်ဆေးပြီး ငွေအသီးသီး ကောက်ခံနေကြသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် စစ်အစိုးရတပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ၊ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF,၊ KNU-KNLA/PC နှင့် ပြည်သူ့စစ်အဖွဲ့ စသည့်လက်နက်ကိုင်တပ်ဖွဲ့များ ရှိကြသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views