အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

Kaowao
စက်တင်ဘာ ၁၃၊၂၀၀၉။
MNPCP
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
အသုံးပြုလေ့ရှိသော Apers Mine

စံခလပူရီ(စက်တင်ဘာ-၁၃)။    ။ KNU တပ်မဟာ ၆ အားထိုးစစ်ဆင်ရန် နောက်ထပ်ဝင်ရောက်လာသည့် နအဖစစ်ကြောင်းတစ်ကြောင်း ယနေ့ညနေ ၃ နာရီခန့်၌ ချောင်းဆုံလှေဂိတ်မရောက်မီ တစ်မိုင်ခန့်အလိုတွင် မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားတွေ့မိခဲ့ကြောင်း အကူအညီ ပေးခဲ့ရသူများ ပြောပြချက်အရ သိရသည်။
အဆိုပါ မိုင်းဒဏ်ကြောင့် နအဖစစ်သား ၄ ဦးပွဲချင်းပြီး ကျဆုံးခဲ့သည်၊ ဘုရားသုံးဆူမြို့ ဆေးရုံသို့ သို့ပို့ဆောင်လာသော ဒဏ်ရာရသူ စစ်သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ယင်းဒဏ်ရာရသူများအား အကူအညီပေး ထမ်းပို့လာသူများက ဆိုပါသည်။

အဆိုပါတိုက်ပွဲဖြစ်သည့်နေရာမှာ ဘုရားသုံးဆူမှ အနောက်မြောက်ဖက် ၁၁ မိုင်ခန့်ရှိပြီး သံဖြူဇရပ်မြို့သို့သွားရာ မော်တော်ကားလမ်းဖြစ်သည်။ မိုးတွင်း၌ မော်တော်ကားများ မသွားနိုင်ပေ။
၎င်းစစ်ကြောင်းသည် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မိုးမင်းသိမ်းဦးစီးသည့် ခမရ ၃၅၆ ၊ စစ်ကြောင်း ၁ ဖြစ်ပြီး မိုင်းဒဏ်မခံရစဉ်တွင် စစ်သားစုစုပေါင်း အင်အား ၅၀ မပြည့်ဟု အနန်းကွင်းဖက်မှ တက်လာသူ လမ်းပြတစ်ဦးက ပြောပြပါသည်။

ယင်းမိုင်းပေါက်ကွဲမှုမှာ KNU တပ်မဟာ ၆ ၏ ရှေ့ထွက်မိုင်း M 18 A1 APERS MINE လက်ချက်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်သူများ ပြောကြားကြသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အထွက် မဲ့ကသာရွာဖက်သို့အသွား DKBA ဂိတ်စခန်းတစ်ခုအနီး ပေါက်ကွဲမှု နှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ရာ ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ ဒုရင်းမှူး ထိုနေရာကိုမရောက်မီ မိနစ်ပိုင်းအလိုတွင် ဖြစ်သည်။

တပ်မဟာ ၆ သို့ဧရိယာအတွင်း KNU နှင့် DKBA တပ်ဖွဲ့ဝင်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ကို မတွေ့ရှိရသေးပါ။

DKBA ဝင်ရောက် စခန်းချရာနောက်သို့ နအဖတပ်ဖွဲ့များ မသိမသာဝင်ရောက် လာနေသည်။ နအဖတပ်များကို KNU မှ အမြဲမပြတ်စောင့်ကြည့်၍ ပျောက်ကြားတိုက်ခိုက်သွားမည်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views