အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

Kaowao
စက်တင်ဘာ ၁၃၊၂၀၀၉။
MNPCP
MNPCP အဖွဲ့တဆိပ်တုံး
မော်လမြိုင်(စက်တင်ဘာ- ၁၃)။    ။ စစ်အစိုးရနှင့် လှို့ဝှက်နားလည်မှုရယူထားသော မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP မှ အရာရှိနှစ်ဦးတို့ သံဖြူဇရပ်မြို့အဝင် ခလရ ၆၂ တပ်ရင်းရှေ့၌ ယမန်နေ့နံနက် ၈ နာရီခန့်တွင် အမည်မသိသေနတ်သမားပစ်ခတ်မှုကြောင့် ဗိုလ်မှူးအဗိုင် ဆိုသူမှာ ရရှိထားသောဒဏ်ရာဖြင့် ယနေ့တွင် မော်လမြိုင်ဆေးရုံ၌ သေဆုံးသွားသည်ဟု နီးစပ်သူများပြောကြားချက်အရ သိရသည်။

ယင်းလုပ်ကြံမှုတွင် MNPCP မှ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီးနိုင်ချစ်စိန် ဆိုသူလည်းသေနတ် ဒဏ်ရာများ ရရှိကာ စိုးရိမ်ဖွယ်အခြေအနေမရှိဟု သိရသည်။

အဆိုပါ နိုင်ချစ်စိန်နှင့် နိုင်ဗိုင်တို့သည်မှ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့မှ သံဖြူဇရပ်မြို့သို့အပြန် သေနတ်သမားက နောက်ယောင်ခံပြီး လိုက်လာသည်ဟု ဆိုပါသည်။

မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ ဗိုလ်မှူးတစ်ဦးက “ သူတို့အချင်းချင်းပဲ ဖြစ်ဖို့များတယ်၊ နေရာလုကြတဲ့ပြဿနာပဲ” ဟုယူဆပြော ဆိုခဲ့သည်။

သံဖြူဇရပ်မြို့ စရဖအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးအဆိုအရ မွန်အချင်းချင်းလုပ်ကြံမှု ဖြစ်သဖြင့် ၄င်းတို့အာဏာပိုင်များနှင့်မသက်ဆိုင်ကြောင်း၊ လိုအပ်ပါက ရဲစခန်းတွင် အမှုဖွင့်ထားနိုင်ကြောင်း ပြောပါသည်။
လွန်ခဲ့သည့် မေလအတွင်း၌ မုဒုံမြို့နယ်တွင် မွန်ပြည်သစ်ပါတီမြို့နယ်ကော်မတီဝင် နိုင်ရာဇာအား အမည်မသိသေနတ်သမားများ မော်တော်ကားဖြင့် လုပ်ကြံခဲ့ရာ၌ မအောင်မြင်ခဲ့ပေ။

အလားတူ ဤမော်လမြိုင်-ရေး မော်တော်ကားလမ်းမပေါ်၌ပင် လွန်ခဲ့သည့် ဧပြီလတွင် မွန်ပြည်သစ်ပါတီမှအရာရှိ နိုင်မင်းနောင် လုပ်ကြံမှုခံရကာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။ တရားခံမှာ MNPCP မှထပ်မံကွဲထွက်လာသည့် အဖွဲ့သစ်တစ်ဖွဲ့မှအဖွဲ့ဝင် ဖြစ်နေသည်။

မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP ကို မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သော ဗိုလ်ချုပ်ဟောင်း အောင်နိုင်က ရတခတိုင်းမှူးအားပေးထောက်ခံမှုဖြင့် ယမန်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သော ရဲဘော်ဟောင်းများဖြင့် တပ်ဖွဲ့တစ်ခုအသွင်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်အောင်နိုင်မှာ ယခုအခါ မုဒုံမြို့နယ်အတွင်းရှိ တောရကျောင်းတစ်ကျောင်း၌ ရဟန်းဝတ်နေသည်ဟု သိရသည်။




စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views