အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Kaowao
စက်တင်ဘာ ၁၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ- ၁)။    ။မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌနိုင်ရော့စ၊ တွဲဘက်အတွင်းရေးမှူးး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်တလညီ စသည့်ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့သည်  အရှေ့တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူးးဗိုလ်ချုပ်သက်နိုင်ဝင်းတို့နှင့် သြဂုတ်လ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ဆက်သွယ်မေးမြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာ၌ လွန်ခဲ့သည့်သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီဗဟို အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို တိုင်းမှူးထံမျက်နှာချင်းဆိုင် ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတွေ့ဆုံမှုသည်သာမန်တွေ့ဆုံမှုသာဖြစ်၍ ထူးခြားသော အခြေအနေမရှိကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ NMSP ခေါင်းဆောင်များ ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာမှသာ အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်မည်ဟု ဆိုပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ ရတခတိုင်းမှူးအား လွန်ခဲ့သောသြဂုတ်လဆန်းပိုင်းတွင် ကျိုက်မရောမြို့ နယ် မယကမှ ကျေးရွာရယကများထံ အတွင်းရေးမှူးနိုင်ဟံသာနှင့် ပက်သက်သော လှို့ဝှက်ဖြန့်ဝေစာ အကြောင်းကို မေးမြန်းခဲ့ရာ ဤစာများကို မြို့နယ်မယကမှ ကောလဟာလ ရရှိသောသတင်းသာဖြစ်၍ အတည်မပြုကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုပါသည်။

သို့ရာတွင် ယုံကြည်ရသော စစ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏အဆိုအရ နိုင်ဟံသာအား စစ်အစိုးရသတ်မှတ် ထားသော အကြမ်းဖက်အဖွဲ့များတွင်ပါဝင်နေသူဟု စွပ်စွဲဖြန့်ဝေခဲ့သောစာများမှာ စစ်အစိုးရထိပ်ပိုင်းမှ စီစဉ်မှုသာ ဖြစ်ကြောင်း၊ သာမန် မယကအဆင့်နှင့် လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်း၊ လုပ်ပိုင်ခွင့်လည်းမရှိကြောင်း ကောင်းဝါ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

လက်ရှိစစ်အစိုးရမှာ ၄င်းတို့ဆန္ဒကို မလိုက်လျောသောအဖွဲ့အစည်းများ၊ သဘော ထားတင်းမာသောခေါင်းဆောင် များကို လုပ်ကြံသတ်ဖြတ်၍သော်၎င်း၊ ဖမ်းဆီးထိန်းသိမ်း၍သော်၎င်း ပြုလုပ်တတ်သော အစဉ်အလာ ရှိခဲ့သည်ဟု အကဲခတ်လေ့လာသူများ ဆိုကြ၏။

ပြီးခဲ့သောသြဂုတ်လ(၈)ရက်နေ့တွင် နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းရေးကို လက်မခံသော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်း၏ နေအိမ်တွင် လက်နက်စက်ရုံတည်ဆောက်ထားသည်ဟု အကြောင်းပြချက်ဖြင့် ဝင်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ဦးဖုန်ကြားရှင်အပါအဝင် ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင၊် ဦးဖုန်တာလီတို့ကို ဖမ်းဝရမ်းထုတ်ကာ စစ်ရေး နည်းလမ်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ယခုအခါ MNDAA ကိုးကန့်တပ်ဖွဲ့အား နှစ်ခြမ်းကွဲစေခဲ့သည်။

ယခုသည်လည်း စစ်အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှု ဆိုသည့်အဖွဲ့တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် အခြားအတိုက်အခံခေါင်းဆောင်များ ပြည်တွင်းဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ ဆော်နေသည်ဟူသော တဖက်သတ်စွပ်စွဲချက်သည် နောင်တဆင့်တက်၍ အရေးယူနိုင်ရန် အစီအစဉ်ရှိရှိ ကြိုတင် စီမံမှုဖြစ်သည်ဟု မွန်နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အား နယ်ခြားတပ်ဖွဲ့အဖြစ်၎င်း၊ ပြည်သူစစ်တပ်ဖွဲ့အဖြစ်၎င်း လက်ရှိအခြေအနေတွင် အပြောင်းအလဲမလုပ်နိုင်ဟု ဆုံးဖြတ်ထားသည်။

ပြီးခဲ့သည့် NMSP အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမ ခံချက်မရှိဘဲ ပါတီနှင့်တပ်ခွဲထားခြင်း၊ဖျက်သိမ်းခြင်းကိုလက်ခံနိုင်မည်မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊  အနာဂတ်အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
             

 

 

 



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း စက်တင်ဘာ ၂၀၀၉

အရှေ့တောင်တိုင်းလက်အောက်ခံတပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်

ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မွန်အလုပ်သမားများစောင့်ကြည့်နေကြဦးမည်

KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်မလုပ်ချင်ကြ

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေ

နေရပ်ရင်းပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀ နီးပါးခန့် မြဝတီမြို့၌သောင်တင်နေ

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊နှစ်ဦးဒဏ်ရာ

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

အကျဉ်းသားများပြန်လွှတ်ခဲ့ရာတွင် မွန်ပြည်သစ်နှစ်ဦးမပါဝင်

မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အရေးယူသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချူပ်အား ညွှန်ကြား

အပစ်ရပ်အဖွဲ့များသတိရှိကြရန် နိုင်ဟံသာမှတိုက်တွန်း

ဘုရားသုံးဆူမြို့တွင် ဗုံးကွဲပြန်ပြီ

ဘုရားသုံးဆူမြို့အနီး နအဖစစ်ကြောင်းမိုင်းထိခိုက်သေကြေဒဏ်ရာများရရှိ

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

မွန်အမျိုးသားများ တတိယအင်အားစုပါတီတစ်ရပ်ဖွဲ့စည်းရန်ပြင်ဆင်နေကြပြီ

KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက်

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအပေါ်စွပ်စွဲချက်မှာ SB ၏လုပ်ရပ်ဟု စရဖ ကပြောဆို

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views