အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
သတင်း

ထိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်

Kaowao
စက်တင်ဘာ ၂၊ ၂၀၀၈။


လက်ရှိအခြေအနေများကို ထိန်းသိမ်းနိုင်ရန် ထိုင်းဝန်ကြီးချုပ်က ဒေသစံတော်ချိန် ယနေ့နံနက်(၇)နာရီ ခန့်တွင် စစ်ဥပဒေအရ အရေးပေါ်အခြေအနေထုတ်ပြန်ကြောင်း ရုပ်မြင်သံကြားများမှတဆင့် တိုင်းပြည်သို့ ကြေငြာလိုက်သည်။ အမိန့်အာဏာသက်ရောက်မှုမှာ မြို့တော်ဘန်ကောက် ဧရိယာ ဖြစ်ပြီး လူ(၅)ယောက်ထက် ပိုစုဝေးခွင့် မရှိပါ။

ဘန်ကောက်ရှိ ထိုင်းဝန်ကြီချုပ်ရုံးကို ဆန္ဒပြသူများက သိမ်းပိုက်ပြီး တစ်ပတ်အကြာတွင် ဆန္ဒပြအုပ်စု PAD နှင့်အစိုးရကို ထောက်ခံသူများအကြား နံနက်(၁း၃၀)နာရီခန့်တွင် ကာဆီးထားသောလုံခြုံရေးရဲတို့ကို ကျော်ဖြတ်ကာ နှစ်ဖက်အုပ်စုအကြား ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ယောက်သေဆုံး၊ (၃၅)ယောက်ခန့် ဒဏ်ရာပြင်းထန်ကာ ဆေးရုံတင်လိုက်ရသည်။ သေဆုံးသူမှာ ရင်ဘတ်တွင် သေနတ်ဒဏ်တစ်ချက်၊ ဦးခေါင်းနှင့်အနီးတဝိုက် ရိုက်နှက်ခံထားရကြောင်း AFP မှ ဆိုသည်။

ဝန်ကြီးချုပ်ဆမတ် မူလက စီစဉ်ထားသည့်ဂျပန်ပြည်ခရီးစဉ်ကို မနေ့က ဖျက်သိမ်းလိုက်ပြီး တိုင်းပြည်၏ အခြေအနေကို မအိပ်မနား အနီးကပ် စောင့်ကြည့်နေသည်။ ရုံးကို ဆန္ဒပြသမားများ သိမ်းပိုက်ထားသဖြင့် ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းတစ်ရပ် ပြုလုပ်သွား မည်ဖြစ်ကြောင်း ထိုင်းစစ်ဘက် သတင်းရပ်ကွက်အဆိုအရ သိရှိရသည်။

ထိုင်းမီးရထားသမဂ္ဂ SRT  သပိတ်တွင် ပါဝင်လာမှုကြောင့် လူစီးမီးရထားလိုင်း(၉၀)ကျော်နှင့် ကုန်တင်ရထား(၃၀)ခန့်တို့ ရပ်တန့်နေရပြီး၊ အလုပ်ဌာနပြန်မဝင်လျှင် အရေးယူမည်ဖြစ်ကြောင်း အစိုးရက ကြေငြာသည်။ အင်အားနှစ်သိန်းခန့်ရှိ အလုပ်သမားသမဂ္ဂSEWRC အတွင်းရေးမှူးကလည်း ဝန်ကြီးချုပ် ဆမတ် မနှုတ်ထွက်လျှင် ဒီနေ့အစိုးရရုံးအသီးသီးကို ရေ၊ မီး ဖြတ်တောက်မည်ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။ ထို့အတူ ဘန်ကောက်မြို့တွင်း ဘတ်စ်ကားစီးရေ (၃၈၀၀)ခန့် ဒီကနေ့ပြေးဆွဲမည် မဟုတ်ဟု ထုတ်ဖေါ်ပြောကြားနေပြီး THAI AIR WAY မှ ဝန်ထမ်းများလည်း လေယာဉ်ခရီးစဉ်တို့ကို နှောင့်နှေးစေရန် ပြုလုပ်မည်။

ပြီးခဲ့တဲ့ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲလိမ်ခဲ့သည်ဟု စွပ်စွဲခံနေရတဲ့ ဝန်ကြီးချုပ် ဆမတ်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းခံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ရုပ်သေးတစ်ခုသာ ဖြစ်ကြောင်း အတိုက်အခံတို့ ဆိုနေ၏။

Untitled Document



သတင်း စက်တင်ဘာ - ဒီဇင်ဘာ ၂၀၀၈


တိုက်ပွဲဖြစ်လျှင် ရယကဥက္ကဌထောင်ကျမည်

မွန်ပြည်သစ်ပါတီရွှေရတုသဘင်


ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ကားလမ်းများဖွင့်ပြီ


မြန်မာနိုင်ငံမှ ခိုးဝင်လာသူ ၇ ဦးရသေ၊ ၈ ဦးဒဏ်ရာ

မော်လမြိုင်ဈေး မီးလောင်မှုလက်သည် ဟု ယူဆသူကို အာဏာပိုင်တို့ ထိန်းသိမ်း

အူကြောင်ကြောင် နအဖ လူကြီး ခရီးစဉ်


နေအိမ်အမျိုးအစားအလိုက် ရယက ငွေကောက်ခံ

အစိုးရကျောင်းတွင် မွန်စာမသင်ရလည်း မိမိကျောင်းများတွင် ဆက်လက်သင်ကြားနေ

အစိုးရထံ ဆားရောင်းချပေးရမည်ကို စိုးရိမ်နေကြ

မွန်ပြည်နယ် မိုးစပါးနှင့် ဆားလုပ်ငန်းများအခက်ကြုံ

ဘုရားသုံးဆူ နှင့် မဲကဆကြား ရော်ဘာခြံတွင် သေနတ်ဖြင့် ပစ်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း မွန်ဒီမို (လွတ်မြောက်နယ်မြေ) ပြောကြား

ကြာအင်းဆိပ်ကြီးမြို့နယ် ပူးတွဲဒေသတွင် မွန်ရွာသားတစ်ဦးအား KNU တပ်ဖွဲ့မှ အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

ဒေါက်တာမန်းသက်စံ နှလုံးရောဂါဖြင့် ကွယ်လွန်

မြန်မာအမျိုးသမီးများအား ပြည့်တန်ဆာဘဝ သွတ်သွင်းးသည့် လူမိုက်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

တပ်သားက အရာရှိကို ပစ်ခတ်ထွက်ပြေး

ကုလသမဂ္ဂမှ စစ်အစိုးရတရားဝင်မှု ရုပ်သိမ်းရေးအဆို ပယ်ချခဲ့ခြင်း မဟုတ်

အမေရိကန်လွှတ်တော်အမတ်ဟောင်းနှင့် မြန်မာ့မီဒီယာသမားများတွေ့ဆုံပွဲ

ထမင်းဟင်းတောင်းမရ လူကိုရိုက်

တရုတ်နို့မှုန့်အန္တရာယ် မွန်ပြည်သားတွေ နားမလည်

ဗမာ့တပ်မတော်မှ အရာရှိ မွန်လူငယ်ကို ပစ်ခတ်

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဖွဲ့စည်းပြီး

အမေရိကန် လွှတ်တော်အမတ်ဟောင်း မြန်မာ့အတိုက်ခံသတင်းသမားများနှင့် တွေ့ဆုံဖွယ်ရှိ

“ဒေသခံလယ်သမားများ၏ အခက်အခဲများ”

တိုင်းပြည် နှင့် ပြည်သူတို့အား ချစ်မြတ်နိုးရန် စစ်အစိုးရအား အဝေးရောက် မွန်သံဃာအဖွဲ့ တိုက်တွန်း


ရိုးဂိုး ဆီဆွမ်းလောင်းလှူပွဲကို စစ်တပ်လုံခြုံရေး အတင်းအကြပ် ချထား

စံခရဘူရီရှိ အကြီးဆုံးအလုပ်ရုံကို ရဲ ဝင်စီး

ကရင်ဒုက္ခသည်စခန်းတွင် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ကားပေါက်ကွဲမီးလောင်မှုကို ဗုံးဟုအာဏာပိုင်များယူဆ

ထိုင်းတရားရုံးအမိန့် ဝန်ကြီးချုပ် "စမတ်" နှုတ်ထွက်စေ

ထိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်

တိုင်းရင်းသားလူမျိုးများကောင်စီ ကြေငြာချက်ထုတ်ပြန်


Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views