အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

စပျစ်ရည်ချိုနိုင်ငံရေးသမား

သာထွန်းမွန်
မေ ၇ ၊ ၂၀၀၈
 

 

အတည်တကျဗီဇာနဲ့  သူ့ကုတင်ထက်မှာတော့
ချစ်တဲ့သူယဉ်ညိုချော
အလှကြွယ်သူကို
လက်မထပ်ပဲနဲ့
အတူတူပေါင်းသင်း..၊

အရက်မသောက်တတ်တဲ့သူ  သူ့လက်ထဲမှာတော့
ယဉ်ညိုချောနဲ့တညတာ
ခံစားချက်ထပ်တူ
ချစ်ခြင်းဖလှယ်စရာ
ဝိုင်အရက်ချိုပုလင်း..၊

နှောင်ကြိုးမဲ့တဲ့သူ  သူ့ပါစပ်ဖျားကတော့
စပျစ်ရည်ချိုဝိုင်အရက်လို
ယစ်မူးဖွယ်ရာ စကားလုံးချိုချို
မညှာမတာဖွင့်ဟ
အမျိုးသားရေးအသိနဲ့
နိုင်ငံရေးအခင်းအကျဉ်း..၊

နှစ်ယောက်တည်းနဲ့အလယ်လုအိပ်ကြ  သူ့ရဲ့အွန်လိုင်းစကားဝိုင်းမှာတော့
ဟိုကလက်ဖမိုးဆို  သူကလက်ဖ၀ါး
ဟိုကလက်ဖ၀ါးဆို  သူကလက်ဖမိုး
သူမှန်…………………..ငါမှန်
နေရာမှန်လုကြရင်း
သာပေါင်းညာစားဝင်ပါလာတော့
အဆုံးသတ်သူ့နိုင်ငံရေးစကားဝိုင်းက
အတင်းအဖျင်း   နေ့လည်ခင်း..။

အိမ်မသာတော့
ဧည့်မလာတဲ့နေရာ   သူ့ရဲ့အဖွဲ့အစည်းရေးရာမှာတော့
အတင်းအဖျင်းနေ့လည်ခင်းကို
ဖွင့်ဟ၀န်ခံ…..ဝေဖန်ပြီးနောက်
နှစ်ချုပ်ရှင်းတမ်းစရအောင်တဲ့
အသေအချာဆန်းစစ် ပြူးကြည့်လိုက်တော့
သူ့ရဲ့အမောပြေ     ၀ိုင်းပုလင်း ဘောက်ချာ  ခပ်နွမ်းနွမ်းကြောင့်
သူ့တပေါက် ငါတပေါက်
အဆုံးသတ်သူ့ရဲ့နိုင်ငံရေးစကားဝိုင်းက
အကွဲအပြဲ…ညနေခင်း..။

သာထွန်းမွန်

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views