အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

မေ

မင်းတလပွန်
မတ် ၁၈ ၊ ၂၀၀၈
 

 

ဒီနှစ်သင်္ကြန် မင်းမောင်ပြန်လာမယ်လို့
စိတ်ရွှင်ကာ နေလေတော့မေ။

နှစ်ကြာလညောင်း ရာသီပြောင်းခဲ့
ဆောင်းမှသည်နွေ နွေမှသည်မိုး
ဆိုးရွားတဲ့ဒဏ်ချက်တွေနဲ့
မျှော်နေမဲ့ မေ့မျက်ဝန်း
ရွှန်းလဲ့တာလား မျက်ရည်လား။

ပူပြင်းတဲ့နွေခါ ခြောက်သွေ့တာအံတုရင်း
ချဉ်ခြင်းတပ် ငြိမ်းအေးမှု ရလုပြီမေ။

ဆောင်းမှာတဖန် ပြင်းထန်တဲ့အေးခဲမှု
ဂရုစိုက်ကာ မနေတော့လေနဲ့
နွေးထွေးမဲ့ နေခြည်ဦး
ကူးလာတော့မယ် မေ။

မိုးခါမုန်တိုင်း လှိုင်းကြမ်းလေတိုက်
မိုးခြိမ်းလိုက်နဲ့ တပြိုက်ပြိုက်သွန်းရွာ
မိုးသည်းခါလည်း စိတ်ထဲအားငယ်
ရင်ဝယ်လှိုက်မော ဆန္ဒမစောနဲ့
ချစ်သော ဧကရီ၊ မြတ်ဒေဝီ။

"သီလ သမာဓိ ပညာ"ကို
"သတိ" ဆိုတာနဲ့ ချွန်းအုပ်လို့
ထုတ်ခြင်းပေါက် အမှောင်ထုကို
ဖောက်ခွင်းကာ ရှင်းပစ်ပြီးရင်
အာရုဏ်သစ် အားမာန်အစစ်တွေနဲ့
ကာယ ဥာဏ် စာရိတ္တ တသွယ်
မိတ္တ ဘောဂ ရယ်ပေါင်းလို့
ကောင်းခြင်းစုံ သရဖူဆောင်းကာ
မွန်ပြေမှာ အောင်မြေနင်းကြမယ် မေ။

ပူလောင်မှုနောက် ငြိမ်းအေးရောက်မယ်
မိုးတိုင်းစဲရင် လေပြေတိုက်မယ်
အေးခဲပြီးရင် နွေးထွေးလာမယ်
အမှောင်ထုကုန်ရင် အလင်းရောင်မယ်
မိုးသည်းပြီးရင် နေသာလိမ့်မယ်။

မိုးကင်း၊ နေသာ၊ နွေးထွေးပါတဲ့
သောကကင်းဝေး ငြိမ်းအေးလှတဲ့
ကိုယ်တို့ရဲ့ဂေဟာ မြတ်မွန်ပြည်မှာ
တော်နေကြာ နှစ်ကိုယ်အတူ နေရတော့မှာမို့
ပျော်ကာသာ နေလှည့်တော့နော် မေ။

ပိတောက်တွေ ရွှေရည်လူးတဲ့
ထူးတဲ့ဒီနှစ်ကူးအတာမှာ
မင်းမောင် ပြန်လာမယ်လို့။

မင်းတလပွန်

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views