အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

ရာမညသူတမ်းချင်း

မင်းတလပွန်
 

 

သူရယ်
နွေဦးရာသီ ရောက်ပြန်ပြီပေါ့။

ဒီအချိန်ဆို ဆောင်းနှင်းတပြ
နေညိုမြနှင့် သာလှဆည်းဆာ
နေခြည်ဖြာသော် မျှော်လွမ်းမဆုံး
တဆုံးမျက်စိ ကြည့်လေရာတိုင်း
မှိုင်းညို့တောဖုံး တောင်ကုန်းတောင်တန်း
လျှိုမြောင်စမ်းနှင့် စိမ်းလန်းစပါးကွင်း
ခြံစိုက်ခင်းနှင့်မြစ်စင်းသွယ်သွယ်
ယှက်သွယ်ပေါင်းဆုံ
နတ်ပြည်ဘုံလော၊ ဟုတ်နိုးလော။

မွန်တို့ဘုန်းမီး တငြီးငြီးနှင့်
ထီးထီးမားမား ဘုရားစေတီ
တွက်၍ရေသော် ကျိုက်မှော်ဝန်းစ
ကျိုက်ခေါက်မကျန်၊ ကျိုက်သလ္လာန်နှင့်
တဖန်တမူ၊ လေးဆူဓါတ်ပုံ
ကျိုက်ဒဂုံတသွယ် ကျိုက်ဇွဲကပင်
ထင်ပေါ်သောင်းတိုက် ကျိုက်ထီးရိုးမွန်
ကျိုက်ပွန်တလီ၊ ကျိုက်ခမီ မက
ကျိုက်ထ၀ါယ်ပြန် ပြည်ဟံသာ၌
ကျိုက်မုတော်တည် တလီကျိုက်စာရံ
တရံကျိုက်မရော မျှော်တိုင်းမငြီး
နတ်ပြည်ကြီးမျှ လွမ်းမောသာလှ၏
ပြည်ရာမည။

တဖန်မျိုးဂုဏ် ဇာတိဂုဏ်သင်း
နေသို့ဝင်းသည့် အချင်းအသွေး
ဇာတိမွေးမှန် မွန်တို့ဟန်။

ကမ္ဘာဦးအစ မဟာသမတ
စတည်ကြ မွန်ပြည်မှာ
မြတ်ဧကရာဇ် မင်းမနူဟာရ်
ဒီဇမ္ဗူမှာ ထင်ရှား။

တရားမင်းကျင့် သူထိန်းလို့
ငြိမ်းအေးကြွယ် ပြည်သထုံတလွှား
ဗုဒ္ဓတရား ရွှေအဆင်း
လင်းစေခဲ့သား။

ပေါက်ကံပြည် ဗုဒ္ဓထွန်းစေဖို့
အရဟံဆရာ တိုက်တွန်းကာ ပို့လိုက်တယ်။
တက္ကတွန်း ဆရာတသိုက်ရယ်နဲ့
အလဇ္ဇီ ဆရာမိုက်တွေကိုလ တိုက်ချဖြိုခွဲ။

ပုဂံပြည်သူ ကျမ်းတတ်ကြစေဖို့
ကျောက်ထက်မှာ စို့စာထွင်းပေါ့
ရော့ယူလဟယ် အလင်း။

သတ္တိဗျတ္တိ၊ ပြည့်ဝတော်မှန်
နှလုံးရည်လက်ရုံး ဘုန်းမီးပြည့်လျှံ
အမျိုးဘာသာ သာသနာချစ်
ရာဇာဓိရာဇ် မည်တွင်ကျန်။

စဉ်းစားကာ တွေးခေါ်
မြင်မြော်ကာပြည့်လျှမ်း
လမ်းမှန်သူညွှန်လို့
မယုတ်မလွန် လမ်းပြသွားတယ်
အို အရှင့်သား သုခမိန်။

တရားစစ်ကို နိုင်အောင်တိုက်လို့
မှောင်မိုက်သူ ဆွေတသင်းကို
အလင်းဉာဏ်ပညာနဲ့
ဆင်ခြင်ကာ နိုင်အောင်တိုက်ခဲ့
အတုမဲ့တဲ့အမတ်ဒိန်။

အချစ်နဲ့စစ်မှာ မတရားတာမရှိ
ဒီနီတိ သူရိုက်ချိုး၊ အမျိုးမြတ်တဲ့မောင်။
ဒီဇမ္ဗူမှာ တလူရှားလိမ့်
အံမယ် စစ်သူကြီး လဂွန်းအိမ်တဲ့
ကလိမ်ကကျစ် သူပယ်ခွာ
နောင်လာမွန်မျိုးဂုဏ် မြတ်စေဖို့လေး။

တိုင်းတပါးသား ကျူးကျော်သူကို
ရန်သူရယ် ကြီးငယ်မမှုစတမ်း
မိုးကြိုးသွား ဓါးကိုဝင့်ကာ
ဂါမဏိခေါင်း သူတိဖြတ်
မြတ်တဲ့သမိန်ဗရမ်း။

မိစောဗု ဗညားထော
ကျော်စောတဲ့ဧကရီ
ကမ္ဘာချီ မွန်ပြည်ကြွယ်စေကြောင်း
တရားကောင်းကို သူစောင့်လို့
ဖြိုးမောက်ခဲ့ပြီ။

ဗုဒ္ဓတရား ကမ္ဘာတည်ဖို့
ရည်သန်ကာ သာသနာသန့်
ဖြန့်ကျက်ခဲ့ပြီ။
မင်းဓမ္မစေတီ၊ ဘာမထီတဲ့နှလုံး
ဘုရားကျောင်းကန် ဇရပ်ရယ်နဲ့
ရပ်ရွာသူဖြိုး ကြွယ်ပေါစေဖို့
ဆည်ဖို့ကာ တံတားဆောက်လှူလို့
တို့တိုင်းပြည် ရွေငွေမောက်တယ်
ပြောလောက် အံ့မခန်း။

သည်ပုဂ္ဂိုလ် သည်လူမြတ်တွေနဲ့
သည်မြေမြတ် ပထဝီမှာ
လူမည်ကာ ဖြစ်လာရခဲ့
ကြမ္မာထူးတဲ့ဒီမင်းမောင်။

ဒီအချိန်ဆို မွန်ပျိုမေလှ
နတ်မယ်မျှတို့ ချယ်သမြန်းဆင်
သဘင်ပွဲလမ်း မွန်ပြည်ဝှန်းလုံး
ကြိတ်ကြိတ်အုံးလျှံ မြူးကြဟန်ကို
တရံတကျေး ရပ်မြေဝေးက
မင်းမောင်ကလည်း သည်းအူပြတ်မျှ
ရာမညသူ လှပျိုဖြူကို
လွမ်းလိုငြားလဲ မဘုရားသည်းအူ
ချစ်တဲ့သူက တူညီလက်တွဲ
နွှဲချင်မနှေး မြင်ယောင်သေး၍
ဖေးမချော့မြူ ရအုံးမယ်။

အိုဘယ့် ချစ်သူ မိသည်းဖြူ
ဒီမင်းမောင် လောကသားပေမို့
တဖဝါးမကွာ ချစ်သူအနားသာပ
ပြုံးတမြမြ နေချင်တာ။

ဒီရေမြေ ဒီလူသား
မြင့်မားတဲ့ဂုဏ်ရောင်။
ဒီမင်းမောင် စွန့်ခဲ့ငြား
ရှိရိုးလား မပြန်ချင်ပေါင်။

သာသနာရောင်ဝါညှိုး
ခိုးဆိုးတဲ့မင်းညစ်တွေ
ကောက်ကျစ်တဲ့ကလိမ်ဉာဏ်နဲ့
ဟန်ဆောင်သလေ မင်းသားရူးရယ်
သားစားဘီလူး။

ထီးကျိုးကာ စည်ပေါက်
မျိုးပျောက်ကာ ကျက်သရေတုံးသမို့
တုံးပြစ်ချင် ဒီဘဝကို
မက်မောလှဘူး။

အမျိုးယုတ်တွေ အမျိုးဖြုတ်ပြီးခါမှ
သည်မင်းမောင် အိမ်အရောက်ပြန်လိမ့်
စောင့်ချိမ့်မငြီး။

မင်းတလပွန်

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views