အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

သမိုင်းအမွေ

ဥက္ကာမွန်

အောက်တိုဘာ၂၂၊ ၂၀၀၈
 

ငါ့သမိုင်းတော့ အဟောင်း
မင်းသမိုင်းက အကောင်း
ပြောင်ပြောတဲ့သတ္တိ
မင်းမှာ ရှိတယ်နော်။

ငါ့သမိုင်းက ညို့နွမ်း
မင်းသမိုင်းမှ ချီးမွမ်း
လွန်လွန်းတဲ့အတွေးအခေါ်
မင်းသာ ဖော်ရပ်တယ်နော်။

ငါ့သမိုင်းတော့ မထူးခြား
မင်းသမိုင်းကား အထင်ရှား
မှားယွင်းတဲ့အပြုအမူ
မင်းက ချီးကျူးသေးတယ်နော်။

ငါ့သမိုင်းကျတော့ ခေတ်လွန်
မင်းသမိုင်းကျတော့ အသစ်ထွင်
ဖွန်ကြောင်တဲ့အတွေးမျိုး
မင်းက ပျိုးရက်တယ်နော်။

ငါ့သမိုင်းကျတော့ တရားမဝင်
မင်းသမိုင်းကျတော့ အဟုတ်ထင်
ဤသို့ သင်ခန်းစာ
မင်းသာ ဖာရက်တယ်နော်။

ငါ့သမိုင်းကျတော့ မဖေါ်စေချင်
မင်းသမိုင်းကျတော့ ရှေ့တန်းတင်
အမြင်မှန်ရှိသူ ဟု
မင်းက ဂုဏ်ပြု(ယူ)သေးတယ်နော်။

ရက်စက်သူကို အဖေခေါ်
လူတော်ကို အရူးလုပ်
သွေးဆုပ်သောစနစ်
ကျင့်သုံးခြင်းဟာ
မင်းတို့ရဲ့မဟာဗျူဟာလား။

သမိုင်းဆိုတာ ဥပမာသင်ခန်းစာတစ်ခုပါ
မင်းကသာ မေ့ချင်မေ့ပါ
ငါ လူမျိုးတစ်ယောက်အနေနဲ့
မမေ့ကောင်းတဲ့အရာတစ်ခုဟာ
သမိုင်းလည်းပါတယ် ဆိုတာ
တစ်သက်မှတ်ထားရမှာက
ငါ့တာဝန်တစ်ခုပါ။
                    

ဥက္ကာမွန်

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views