အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဦးညွတ်ပါ၏ရဲဘော်
ကဗျာ
Share |

အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

မင်းချမ်းထိုက်

နတ်တော်လပြည့် ၁၅ ရက်၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၁။
 

တရံရောအခါ…

ရွာငယ်တရွာသည်၊ စည်ပင်ဝပြော

အလှတောဖြင့်၊ ပြည့်ဝဖူလုံ

စားမကုန်ဘွယ် ဥစ္စာဓနလျှံခဲ့သည်။

အမိမြေလွှာ၊ လယ်ယာခွင်တွင်

တီထွင်စိုက်ပျိုး၊ အထွက်တိုး၍

မိုးမြေအလှ ဆင်ခဲ့သည်။

ဘုရားကျောင်းကန်၊ စေတီယံဝယ်

ဝင့်ကြွားထယ်ဝါ၊ ဂုဏ်ယူစရာဖြင့်

နယ်ခြားအရောက်မွှေးခဲ့သည်။

သာယာငြိမ်းချမ်း ဘဝပန်းတင့်ချိန်၊

ဝေဆာပြည့်ဖြိုး တန်ခိုးထွားချိန်၊

တက်ကြွှနိုးကြား ထိုရွာသားသည်၊

ရွာကာစည်းရိုး မကျိုးပေါက်ရန်၊

တည်ဆောက်မှုကင်း ရိုးသားခြင်းဖြင့်

ဂုဏ်ယူခြင်းမူ ယူခဲ့သည်။

အုပ်ချုပ်ရေးရာ မလိမ်မာဘဲ

ဝင့်ဝါပလွှား မာနထွားခဲ့။

တနေ့သ၌…

ရွာနီးချုပ်နား တနယ်သား၏

လောဘတရား အမှောက်မှားကြောင့်

စည်းရိုးမဲ့ကင်း ထိုရွာတွင်းသို့

ချင်းနင်းဝင်ရောက် လက်အောက်ခံအဖြစ်

သိမ်းခဲ့ရာ…

ဘဝင်စိတ်လွဲ သတိနဲ၍

တပါးလက်ထဲရောက်ခဲ့ရှာ။

စာပေစီးပွား အလှများမှ

ဘဝဆုံးရှုံး အညွှန့်တုံးကာ

အရှုံးသမားဘဝကို ရောက်ခဲ့တယ်။

မင်းချမ်းထိုက်

(ခိုင်ထက်၊ မင်းချမ်းထိုက်တို့၏ “ကျနော်တို့၏လှေကား”ကဗျာများ၊၊ ၁၉၈၄)

မင်းချမ်းထိုက်


Feedback Form
Sun, Dec 11, 2011 at 10:14 AM
Name of sender: မိမွန်ထော
sender: mimonhtaw123@gmail.com
COMMENTS
: ဆရာကြီး မင်းချမ်းထိုက် ရေးထားတာ ထိရောက်မှုရှိတယ်။ချီးကျုးပါတယ်။ဒီထက်ပိုပြီး မွန် ဗမာ အင်္ဂလိပ် ဆောင်းပါးနှင့် ဘာသာပြန်သတင်းတွေ ရေးပေးနိုင်ယင် ပိုကောင်းပါတယ်။ကောင်းဝါသတင်းမှာ အားနည်းချက်ရှိနေတယ်။ လူအင်အား (သို့) ငွေစွမ်းအား နည်းနေတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်။ နေ့စဉ်သတင်း နှင့်အထွေထွေ ပါဝင်နိုင်တဲ့အကြောင်းအရာတွေ သိပ်မရှိသေးဘူး။အသက်မဝင်သေးဘူး ခံစားမိတယ်။ အားပေးနေမှာပါ။
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views