အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
“အိပ်နေသောကြယ်စများ”
ကဗျာ
Share |

အိပ်နေသောကြယ်စများ

ဗညားနှောင်း

တခူးလဆန်း ၄ရက်။ဧပြီ ၇၊၂၀၁၁။
 

 

  • ရိုးမတလျှောက်

ကြွေပျောက်သွားတဲ့
ကြယ်စများစွာ
မဟူရာညကို
လှုပ်နှိုး
သရုပ်ဆိုးစေခဲ့တာ။

  • သောင်ကမ်းဆိုက်ဆဲ

အမှောင်မကွဲခင်
ဝဲထလေပြင်း
မြူငွေ့နှင်းကြား
ခရီးသွားလှေ
ရေလှိုင်းရိုက်ခတ်
ရွက်ပြတ်နိုင်တဲ့အခြေ ...
ဒါ.. မုန်တိုင်းသဲမဲ့
အဖြေပေါ့။

  • အသပြာနဲ့အာဏာ

အေအိုင်ဒီအက်စ် ရောဂါထက်
အသက်ပိုပြင်းတယ်။

  • ကိုယ်မွေးတဲ့နဂါးကို

ပြန်ကြောက်
စိတ်ဖေါက်သွားသူ
ဘုရင့်အကြောင်း
ပြန်ပြောင်းလို့ ..
သတိမရသူတွေ
ဝေဒနာ ..
ကုထုံးအတွက်
တွက်ချက်အဖြေရှာနေရဲ့။

  • မိဘမဲ့ ခလေး

ကျည်ယနံ့..
သွေး၊
မီးဘေးခ ရွာ
ပေါ်တာ အချုပ်
ပုပ်သိုး အလောင်း
သွေးချောင်း စီးဆင်း
စစ်တလင်း ကြီးမှာ
ရင်းနှီး ကုန်ထုတ်
ကောင်းစားသူ ဗိုလ်ချုပ်တွေ
အလုပ်သိပ် လုပ်ကြောင်း
သတင်းကောင်း လွှင့်လိုက်တာ။

  • အပေါ်ယံ ဟန်လုပ်

ဆေးသုတ် သွပ်မိုး
ဖွံ့ဖြိုး သဏ္တွာန်
အစိမ်းရောင် မျက်မှန်နဲ့
မြက်ကြွေးခိုင်းတဲ့
မြင်းရိုင်းရှင်တွေက
ဒီဇိုင်း ဖေါ်မြူလာ
ထွင်နေရှာရဲ့။

  • အိပ်နေတဲ့ ကြယ်စများစွာ

မဟူရာညကို နှိုးလှုပ်
ရုပ်ဆိုးသူကို တွန်းထုတ်
ဇာတ်လမ်းတပုဒ်
ဆက်လိမ့်အုံးမယ်။

ဗညားနှောင်း

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views