အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

သူငယ်ချင်းအတွက် ဆန္ဒမွန်

မင်းတလပွန်

ဇူလိုင် ၂၇၊ ၂၀၀၉
 

သူငယ်ချင်း
"ငါ" နဲ့ "မင်း"
တလှေထဲစီး တခရီးထဲသွားဖို့
ထမင်းတအိုးထဲစားလို့
ပန်းတိုင်တခုသို့
ငါတို့ ချီတက်ခဲ့ကြ။

ခရီးဆုံး ပန်းတိုင်
မရောက်ခင် စပ်ကြား၊
သေမလား ရှင်မလား
ဆံဖျားသက်စွန့် မရွံ့မကြောက်
မထောက်တဲ့ဒူး မညွတ်တဲ့ဦးနဲ့
တဦးကျော တဦးကပ်
မားမားရပ်ပြီး၊
ရပ်ရှစ်တခို
ရန်ထိုထိုကို၊
တာခိုတွန်းလှန်
တော်မှန်တဲ့
ရဲဘက်စိတ်အပြည့်နဲ့။

ခရီးတလျှောက်
လမ်းဆုံးမပေါက်ခင်
ငတ်တလှည့် ပြတ်တလှည့်၊
အငဲ့အစောင်းအငြူအစူ
အကွေ့ကောက် အပူဆူသောကတွေနဲ့
လောဘ ဒေါသ မောဟ
တည်းဟူသော အဝိဇ္ဇာ
ကိလေသာ မီးတွေ ငြိတွယ်ခဲ့။

သူငယ်ချင်း
"ငါ" "မင်း" ဆီက မေတ္တာရပ်ခံ
တောင်းပန် အကူတောင်းချင်တယ်၊
"ငါ" မယ် သတိကင်း ပညာမဲ့
ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ပြုမိမှားခဲ့လို့ရှိရင်၊
"မင်း" တယောက် ဘေးကနေ
မမှိတ်မသုန် မထောက်မညှာ
ထောက်ပြဝေဖန်ပါ သူငယ်ချင်း။

ဝိပဿနာ သတိကင်း
"ရုပ်နာမ်" အလင်းအမှောင်"
မသဲကွဲတဲ့အခါ၊
အနားမှာ လက်ခါးထောက်လို့
လက်ညှိုးငေါက်ငေါက်ထိုးပြီး၊
နိဗ္ဗာန် သဘောကို
"မင်း" စောကြော
မီးမောင်း ထိုးပြစမ်းပါ။
နေရာတကာမှာ
"ငါမှားလဲ ငါမှန်တယ်၊
ငါမှန်လဲ ငါမှန်တယ်နဲ့"
ငါစိတ်ဆိုး ငါငြိုငြင်လို့၊
ငါအမြင်စောင်း ငါစိတ်မကောင်းမှာ
စိုးထိတ်ကာ
မျက်စိမှိတ် ခေါင်းငြိမ့် လည်စင်း၊
ထောက်ခံပြီး "မင်း" မပြောလေနဲ့။

သဘောအတိုင်း အရှိအတိုင်းကို
ကောင်းကျိုးထွက် ချဥ့်နှိုင်းကာ
ဟုတ်တိုင်းမှန်ရာ
မကွယ်မထောက် ပြောပါလေတော့။

"ငါ" မာနတွေ တထောင်ထောင်နဲ့
မာန်စောင်ငြူစူလို ငြူစူ
မနာလို ဝန်တို လိုတိုနဲ့
အတ္တ ကို ဗဟိုပြု
ဒိဌိအဖေါ် စုလို့
လူ့ပြည်က အဝီဇီအရောက်
ဇောက်ထိုးကျ မြုပ်ချီပေါ်ချီနဲ့
ငိုငိုရီရီ၊ ရင်ထုမနာ နောင်တ
မဆုံးအောင်
"မင်း" မြှောက်ထိုးပင့်ထောင်
မပေးပါနဲ့။

အာဏာတွေရစ်မူး
စည်းစိမ်တွေနဲ့ ဂမူးရှူးထိုး ဖြစ်နေအောင်
ဟိုယိမ်းသည်ခို ငါ့အကျိုးလိုသလိုနဲ့၊
ဟိုလိုလို သည်လိုလို
"ငါ" စိတ်ကို ယောင်တောင်ပေါင်တောင်
ဖြစ်အောင် ၊
မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့
အမတ်မိုက် မင်းမြှောင်လုပ်သလို
"မင်း" မလုပ်မိပါစေနဲ့၊

"ငါ" လုပ်ရပ်တိုင်းမှာ
အဆုံးမဲ့တဲ့ မေတ္တာ၊
အနန္တ ကရုဏာ၊
တုနှိုင်းမဲ့ မုဒိတာနဲ့
ခွင့်လွှတ်ခြင်း ဥပေက္ခာတရားတွေ
ရင်ထဲမှာ ဝေဆာနေအောင်ကို
"မင်း" ဆောင်ကျဉ်းပေးပါနော်။

ပြီးတော့
တပါးသူရဲ့ ပြုဖူးတဲ့ကျေးဇူးဂုဏ်
မွှန်းထုံ သင်းစွဲ
ရင်ထဲအမြဲဆင်ခြင်နိုင်အောင်
သတိဆောင်ပေးစမ်းပါ
သူငယ်ချင်း။

မင်းတလပွန်

Untitled Document
ကဗျာ


အရှုံးသမား ဘဝကိုရောက်ခဲ့တယ်

ဦးညွတ်ပါ၏ရဲဘော်

ဘာဆိုဘာမှမရှိ

မီးကိုတိုးတဲ့ ပိုးဖလံ

“အိပ်နေသောကြယ်စများ”

“2010 ညီလေးသို့”

အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views