အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ကဗျာ

သက္ကရာဇ်မဲ့စက်ခေါင်းကြီး

သာထွန်းမွန်

ဒီဇင်ဘာ ၁၈ ၊ ၂၀၀၈
 

နှင်းကျပြီ..နွေ
ဆောင်းဆိုတော့လည်း၊
တချို့သောနှင်းပွင့်တွေက
ငါ့အခန်းပြတင်းပေါက်ကိုရိုက်ခတ်ပြီးဆော့ကစားနေကြလို့
တချို့သောနှင်းပွင့်တွေက
ငါ့အခန်းအပြင်ဘက်ဝရန်တာထက်မှာတည်ငြိမ်စွာခိုနားနေကြလို့
တချို့သောနှင်းပွင့်တွေက
ဆောင်းလေအေးရဲ့
သ၀န်တိုမနာလိုဒဏ်ကိုထင်းရူးပင်ထိပ်မှာ
တည်ငြိမ်စွာကြံ့ကြံ့ခံ အံတုနေကြလို့

ဆောင်းနှင်းဖြူတို့ရယ်...
ငါ့အခန်းကျဉ်းထဲက
ရွက်ဝါကြွေရာသီရဲ့
ကနေဒါရွက်ဝါကြွေတချို့ကတော့
သူတို့လေးတွေရဲ့အတိတ်ကို
ခြောက်သွေ့ညှိုးနွမ်းစွာ
တမ်းတနေကြသော်လည်း
၉၀ မေ ၂၇ ရဲ့
အ၀ါရောင်အခန်းကျဉ်းထဲက
နှင်းဆီတပွင့်ကတော့
နီရဲနေဆဲ
ဧရာလည်းစီးမြဲ
ရှစ်လေးလုံးတဲ့…....
ပြည်သူတို့ရဲ့ အဖိုးတန်ရာတနာ
ရွှေသိုက်ကြားက
တပွင့်သောပတ္တမြားသည်လည်း
ထည်ဝါတောက်ပနီရဲနေဆဲ။
ဟင်္သာငှက်တို့ရဲ့တွန်ကြူးသံသည်လည်း
ချိုသာနေမြဲ။
သြော်….
အသားညှပ်ပေါင်မုန့်တချပ်အတွက်
လျှော့ဈေးပေါင်မုန့်နဲ့ရုန်းကန်နေရတဲ့
ငါဟာ…
…၁၉၉၆ ရဲ့ ဒီဇင်ဘာ ၁၂ ကိုတောင်
မေ့ခဲ့ရတယ်။
ဆောင်းနှင်းဖြူတို့ရယ်
ငါ့မြင်ကွင်းရှေ့က
အတွဲမပါ သက္ကရာဇ်မဲ့ရထားကြီးတစီးသည်လည်း
နှင်းထုကြားမှာ ခုတ်မောင်းနေဆဲ။ ။  

 သာထွန်းမွန်

 

1996 ဒီဇင်ဘာ (ဆန္ဒပြကျောင်းသား)


                    

သာထွန်းမွန်

Untitled Document


ကဗျာ


အတုနိဂုံး

အမေ သို့  တမ်းချင်း

ငါမသိ ငါ၏

အမုန်းရှောင်လမ်း

ဗန်းမော်ညိုနွဲ့ အလွမ်းပြေ

၂၀၀၉ မော်ကွန်း

အတိတ်ဆိုသည်မှာ

တိုက်ပွဲခေါ်သံ

သန်းရွှေဗျူဟာ

နိဂုံချုပ်ရိုးထုံးစံရှိပါသလား


သို့……

သူငယ်ချင်းအတွက် ဆန္ဒမွန်


"ငါ သို့မဟုတ် အတ္တ
"


“မျိုးဆက်လမ်း”


သက္ကရာဇ်မဲ့စက်ခေါင်းကြီး


သမိုင်းအမွေ


အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်


မွန် ဆိုသည်မှာ

အကောင်းဆုံး အနိုင်(သို့မဟုတ်) အမှန်

ဟင်္သာငှက်၏ တွန်ကြူးချက်

ဥပါယ်တမျဉ်းလောကသား

စနစ်ဆိုးရဲ့မြေခွေးများ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

မဟာလူမျိုးကြီးဝါဒ

ဒွိဟရွာလည်နေသူများသို့

ဗညားနွဲ့သို့

ည၏နိဂုံး

အနာဂတ်လှိုင်းအတွက် စိတ်ဖြေလွမ်းချင်း

ရာမည ၉၆ ပြည်

လှရုံသာ

ရာတနာ(သို့) မင်းဇေယျာ

အတောင်ပံတစ်စုံရဲ့အင်အား

စပျစ်ရည်ချိုနိုင်ငံရေးသမား

မေ

ဟင်္သာတို့ရဲ့…..နေ့

ကျေးဇူးပါ မေမေ

သူ

ရာမညသူ တမ်းချင်း

ဂုဏ်သိက္ခာ

သစ္စာ

ပိတောက်အလွမ်း


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views