အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

Kaowao
အောက်တိုဘာ ၉၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၉)။     ။ ပြည်တွင်းရှိတိုင်းရင်းသားကိုယ်စားလှယ်များ ၂၀၁၀ ရွေးကောက်ပွဲကို  ဝင်ရောက် ယှဉ်ပြိုင်ပါက ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ပြီးခဲ့သော ENC ဗဟိုအလုပ်အမှုဆောင်မှ ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်တိုင်းရင်းသား နိုင်စွမ်းထုမ်မှ ပြောပါသည်။

“အတွင်းရေးမှူးအနေနဲ့ ဒီလိုမျိုးစာရေးသားမယ်ဆိုရင်တော့ ဗဟိုအလုပ်အမှုဆောင်တွေရဲ့သဘောထားကို ယူသင့်တာပေါ့” ဟု အဆိုပါမွန်ကိုယ်စားလှယ်က ဆက်လက်ပြောကြားပါသည်။

“အမေရိကန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပညာပေးသင်တန်းများကူညီပံ့ပိုးပေးရန်၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရန် စောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်းခြင်းတို့ကို ကူညီပံ့ပိုးရန် စသည်ဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ENC အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောက မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့သည့်စာ၌ ရေးသားတောင်းဆိုခဲ့သည်။

ENC မွန်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ MNDF(LA) ဥက္ကဌ နိုင်သောင်းရှိန်ကလည်း “ENC ကတော့ ခိုင်မာကျစ်လစ်ပြီးကျယ်ပြန့်တဲ့အဖွဲ့မဟုတ်နိုင်တော့ဘူး၊ဘတ်ဂျက်မရှိတဲ့ကိစ္စတွေရော၊အစည်းအဝေးတွေမခေါ်နိုင်တာရော ရုံးသဘောမျိုးလောက်ဘဲရှိတော့တယ်၊ အတွင်းရေးမှူးဆိုသူကလည်း ရွေးကောက်ပွဲကိုထောက်ခံတဲ့ ဟန်ညောင်ဝေတို့နဲ့ ချိတ်မိပြီးတော့ သူ့သဘောနဲ့သူ အခုလိုစာရေးတဲ့အထိ ဖြစ်သွားတာဘဲ” ဟု ထောက်ပြပြောဆိုခဲ့သည်။

ENC အထွေထွေအတွင်းရေးမှူး အဆိုပါပေးပို့စာနှင့် ပတ်သက်၍၄င်းသဘောထားသည် ENC ၏ရပ်တည်ချက် မဟုတ် ကြောင်း ကောင်စီဥက္ကဋ္ဌမှ ကြေညာချက်ထုတ်ပြန်ပါသည်။

ထို့အပြင် ယင်း ENC အတွင်းရေးမှူး၏ပေးစာနှင့် ပတ်သက်၍ ပြည်တွင်းရှိတိုင်းရင်းသား အင်အားစုများအတွင်း အမြင်သဘောထားရှုတ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း KNU နှင့် NDF တို့ကလည်း မကြာမီရက်ပိုင်းများ၌ ကြေညာချက် များထုတ်ပြန်ခဲ့သည်။

Ethnic Nationalities Council(Union of Burma) ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ကို ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်း ၈ ဖွဲ့ဖြင့် ယခင်ဖွဲ့စည်းခဲ့သော Ethnic Nationalities Solidarity and Cooperation Committee” (ENSCC)ကို၂၀၀၄ခုနှစ်၊ဇန်နဝါရီလတွင်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views